ယခုအချိန်အထိ ပျက်စီးခြင်းမရှိတဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ က ဓားတစ်လက်

သမိုင်းတစ်လျှောက်မှာ ထူးခြားတဲ့ ဓားတွေ အများအပြားရှိခဲ့ပေမယ့် အခုဖော်ပြပေးမယ့် Sword of Goujian ဓားကတော့ အနည်းငယ်ပိုပြီး ထူးခြားနေမယ်လို့ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီဓားရဲ့သက်တမ်းက နှစ်ပေါင်း (၂၅၀၀) ကျော်ပြီဖြစ်ပေမယ့် လုံးဝကို ဓားအသစ်တစ်ချောင်းအတိုင်း ထက်မြတ်နေတာကြောင့်ပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

Goujian ဓားလိုမျိုးအချိန်ရဲ့ စမ်းသပ်မှုကို ကောင်းကောင်းကြီးအံတုနိုင်တဲ့ ဓားမျိုးက သမိုင်းရာဇဝင်ထဲမှာ များများစားစားမရှိပါဘူး။ ရှိတဲ့ဓားတွေဆိုတာကလည်း Sword of Goujian လောက် သက်တမ်းရှည်ကြာခြင်းမရှိပါဘူး။ shwekhitonlinetv.com

ဒီ ဓားကိုရှာဖွေတွေ့ရှိခဲ့တာကတော့ ၁၉၆၅ ခုနှစ်ကဖြစ်ပါတယ်။ တူးဖော်ရေးအဖွဲ့တစ်ဖွဲ့ဟာ ဟျူဘေးပြည်နယ်က သင်္ချိုင်းဟောင်းတစ်ခုမှာ ခေါင်းတလားတစ်ခုကိုတူးဖော်တွေ့ရှိခဲ့ပြီး ခေါင်းတလားကို ဖွင့်ကြည့်ရာမှာတော့ အရိုးစုဘေးမျာ လေလုံတဲ့သေသားသေတ္တာလေးနဲ့ ထည့်ထားတဲ့ Goujian ဓားကိုတွေ့ရှိခဲ့ရတာဖြစ်ပါတယ်။ shwekhitonlinetv.com

ရှေးဟောင်းသုတေသနပညာရှင်တွေရဲ့ လေ့လာစမ်းသပ်ချက်တွေအရတော့ ဘီစီ (၇၇၁) ကနေ (၄၀၃) ခုနှစ်အတွင်း ပြုလုပ်ခဲ့တဲ့ လူ့အသုံးအဆောင်ပစ္စည်းလို့ ယူဆရပါတယ်။ ဒါပေမယ့် နှစ်ပေါင်းထောင်ကျော်ကြာတဲ့ အထိမြေကြီးအောက်မှာ မြုပ်နှံထားတာတောင် အညစ်အကြေးလုံးဝမရှိတာက အံ့သြဖို့ကောင်းလှပါတယ်။ shwekhitonlinetv.com

ဒီလို ပုံမှန်မဟုတ်ဘဲ ယိုယွင်းပျက်စီးမှုဒဏ်ကိုခံနိုင်ရည်ရှိတဲ့အပြင် ဓားသွားတွေကလဲ ဓားအသစ်တစ်ချောင်းလို ထက်မြက်နေဆဲဖြစ်ကြောင်းကို စမ်းသပ်ချက်တွေအရသိရှိခဲ့ရပါတယ်။ ဒီဓားနဲ့ စက္ကူတွေကို အပိုင်းပိုင်းအစစ ဖြစ်အောင် တိကနဲဖြတ်တောက်လို့ရပါတယ်။ shwekhitonlinetv.com

ဒီဓားရဲ့အရှည်က (၂၂) လက်မရှိပြီး ဓားရဲ့တစ်ဖက်တစ်ချက်မှာတော့ Rhombi လို့ခေါ်တဲ့ အဆင်ဒီဇိုင်း (Pattern) တွေကိုရေးဆွဲအလှဆင်ထားပါတယ်။ ဒီဓားကိုကြေးနီ၊ သံဖြူစတာတွေနဲ့ သွန်းလုပ်ထားပြီး ဓားရဲ့လက်ကိုင်အရင်းမှာတော့ အပြာရောင်သလင်းကျောက် နဲ့ စိမ်းပြာရောင်သလင်းကျောက်တို့ကို ထည့်သွင်းစီချယ်ထားပါတယ်။ shwekhitonlinetv.com

နောက်ပြီးဓားရဲ့မျက်နှာပြင်မှာ ရှေးတရုတ်စာပေနဲ့ထွင်းပြီးရေးသားထားတဲ့ စာလုံးရှစ်လုံးပါရှိပါတယ်။ ဒီ စာလုံးတွေရဲ့ဖော်ပြချက်အရတော့ ဒီဓားဟာ ယွီ (Yue) မင်းဆက်က ယွီဘုရင်ကိုယ်တိုင် အသုံးပြုဖို့အတွက် သွန်းလုပ်ခဲ့တဲ့ ဓားဖြစ်ကြောင်း အကြမ်းဖျင်းကောက်ချက်ချနိုင်ပါတယ်။ shwekhitonlinetv.com

နှစ်ပေါင်း (၂၅၀၀) ကျော်သက်တမ်းရှိတဲ့ (Sword of Goujian) ဆိုတဲ့ဒီဓားကိုတော့လက်ရှိအချိန်မှာ ဟျူဘေးပြည်နယ်က ရှေးဟောင်းပြတိုက်တစ်ခုမှာ ပြသထားတယ်လို့သိရပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။