အာကာသ တွင်းနက်ကြီး Black hole နဲ့ ပတ်သတ်၍ လူသိနည်းတဲ့ ဗဟုသုတ အချို့

တွင်းနက် (Black Hole) တွေဆိုတာကတော့ အာကာသထဲက စွမ်းအားကြီးမားပြီး လျှို့ဝှက်ချက်တွေနဲ့ ပြည့်နှက်နေတဲ့ အရာတွေလို့ လူသားတွေအနေနဲ့သိထားကြပါတယ်။ သိပ္ပံပညာရှင်တွေအနေနဲ့လည်း တွင်းနက်တွေနဲ့ ပက်သတ်လို့ ရှိတယ်ဆိုတာသာသိထားကြပြီး လက်ဆုပ်လက်ကိုင်ပြနိုင်ဖို့ကိုတော့ ဆက်လက်ကြိုးစားလေ့လာ နေကြဆဲပဲဖြစ်ပါတယ်။ shwekhitonlinetv.com

အခုတစ်ခေါက်မှာတော့ တွင်းနက်တွေနဲ့ပတ်သက်လို့ စိတ်ဝင်စားဖွယ်ကောင်းတဲ့ အချက်အလက်တစ်ချို့ကို ရွှေခေတ်ပရိသတ်တွေအတွက် ဗဟုသုတအဖြစ် ပြန်လည်ဝေမျှပေးလိုက်ရပါတယ်။ shwekhitonlinetv.com

၁။ တွင်းနက် (Blackhole) တွေကို မမြင်တွေ့နိုင်ပါဘူး

တွင်းနက်တွေဟာအလွန်အမင်းဆွဲအားကြီးလွန်းတာကြောင့် အလင်းတောင်မှသူ့ရဲ့ ဆွဲအားကနေလွတ်မြောက်နိုင်ခြင်းမရှိပါဘူး။ ဒါကြောင့် တွင်းနက် (Blackhole) တွေကိုသင့်အနေနဲ့မျက်စိနဲ့မြင်တွေ့နိုင်မှာမဟုတ်ပါဘူး။ သူ့ရဲ့အနီးအနားမှာရှိနေတဲ့ အာကာသရုပ်ဝတ္ထု (ကြယ်များ၊ ဂြိုဟ်များ စသဖြင့်) တွေရဲ့လှုပ်ရှားမှုအရသာ တွင်းနက်တွေတည်ရှိတာကို သိရှိနိုင်တာဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ တွင်းနက်တွေရှိကြောင်း ပထမဆုံးဖော်ထုတ်ခဲ့သူ

စကြဝဠာထဲမှာ ဆွဲငင်အားပြင်းထန်လွန်းတဲ့အရာတွေရှိကြောင်းကို (၁၈) ရာစုလောက်ကတည်းက ခန့်မှန်းပြောဆိုမှုတွေရှိခဲ့ပေမယ့် ခိုင်မာတဲ့ အချက်အလက်တွေတော့မပြနိုင်ခဲ့ကြပါဘူး။ ၁၉၁၆ ခုနှစ်မှာတော့ ဂျာမန်လူမျိုး ရူပဗေဒနဲ့နက္ခတဗေဒပညာရှင် Karl Schwarzchild ကခေတ်နဲ့လျော်ညီတဲ့ ရှင်းလင်းချက်တွေနဲ့ တွင်းနက်တွေရှိကြောင်း ချပြနိုင်ခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ အလွှာ (၃) ခု

တွင်းနက်မှာ အလွှာ (၃) မျိုးရှိပါတယ်။ အဲ့ဒီအလွှာတွေကတော့ Singularity , Outer Event Horizon နဲ့ Inner Event Horizon တို့ဖြစ်ပါတယ်။ shwekhitonlinetv.com

Singularity

Singularity ဆိုတာကတော့ တွင်းနက်ရဲ့အလယ်ဗဟိုဖြစ်ပြီး ဒြပ်ထုအားလုံးကို သုညထုထည်ဖြစ်အောင်ချုံ့လိုက်တဲ့နေရာဖြစ်ပါတယ်။ ဒါကောင့်ဒီနေရာက အဆုံးစမရှိတဲ့သိပ်သည်းဆနဲ့ ပြင်းထန်လွန်းတဲ့ဆွဲအားတွေဖြစ်ပေါ်နေတာဖြစ်ပါတယ်။ shwekhitonlinetv.com

Outer Event Horizon

Outer Event Horizon ကတော့ တွင်းနက်ရဲ့အပြင်ဘက်မိုးကုတ်စက်ဝိုင်းဖြစ်ပါတယ်။ ဒီနေရာကတော့ အလယ်ဗဟိုလောက်ဆွဲအားမပြင်းထန်တာကြောင့် အရာဝတ္ထုတွေအနေနဲ့ ရုန်းထွက်နိုင်စွမ်းရှိနေသေးတဲ့နေရာလို့ သိရပါတယ်။ shwekhitonlinetv.com

Inner Event Horizon

Inner Event Horizon ကတော့ တွင်းနက်ရဲ့ အလယ်ကျတဲ့နေရာဖြစ်ပြီး Singularity နဲ့ Outer Event Horizon တို့ရဲ့ကြားမှာရှိပါတယ်။ ဒီနေရာမှာတော့ ဒြပ်ဝတ္ထုတွေအနေနဲ့ လွတ်မြောက်အောင်ရုန်းထွက်နိုင်စွမ်း မရှိတော့ဘဲ ဗဟိုချက်ဖြစ်တဲ့ Singularity ထံကိုတွန်းပို့ခံရမှာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ တွင်းနက်ပုံစံ (၄) မျိုးရှိပါတယ်

တွင်းနက်ကိုတော့ အရွယ်အစားပေါ်မူတည်ပြီး ယေဘူယျအားဖြင့်အမျိုးအစား (၄) မျိုးခွဲနိုင်ပါတယ်။ Stellar Black Holes , Supermassive Black Holes နဲ့ Intermediate Black Holes တို့ကတော့ အမှန်တစ်ကယ်ရှိတဲ့ တွင်းနက်အမျိုးအစားတွေဖြစ်ကြပြီး Primordial Black Holes ကတော့ စိတ်ကူးနဲ့ခန့်မှန်းပြောဆိုကြတဲ့ တွင်းနက်ဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ အသံလှိုင်းတွေထုတ်လွှင့်နိုင်ပါတယ်

၂၀၀၃ ခုနှစ်တုန်းက NASA ရဲ့ Chandra X-ray Observatory ကို အသုံးပြုပြီး နက္ခတ္တဗေဒပညာရှင်တွေဟာ ကမ္ဘာကနေ အလင်းနှစ် သန်း (၂၅၀) အကွာမှာရှိတဲ့ အလွန်ကြီးမားတဲ့ Black hole တစ်ခုဆီက အသံလှိုင်းတွေကို ထောက်လှမ်းနိုင်ခဲ့ဖူးပါတယ်။ shwekhitonlinetv.com

၆။ မစ်ကီဝေးဂလက်ဆီမှာတွင်းနက်ရှိနိုင်တယ်

ပညာရှင်တွေရဲ့ခန့်မှန်းတွက်ချက်မှုတွေအရ မစ်ကီဝေးဂလက်ဆီမှာလည်း တွင်းနက်တွေရှိနေနိုင်တယ်လို့ သိရပါတယ်။ ဒါပေမယ့် မစိုးရိမ်ပါနဲ့။ အမှန်တစ်ကယ်ရှိခဲ့ရင်တောင်မှ ကျွန်တော်တို့ကမ္ဘာကြီးနဲ့ အလင်းနှစ်ပေါင်းများစွာဝေးတဲ့ နေရာမှာရှိမှာမို့လို့ပါ။ shwekhitonlinetv.com

၇။ သေဆုံးသွားတဲ့ကြယ်တွေ ဘယ်ဘဝရောက်သွားလဲ

ကြယ်တွေသေဆုံးတဲ့အခါ ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်အမျိုးမျိုးရှိကြပေမယ့် အလွန်ကြီးမားလွန်းတဲ့ ကြယ်ဘီလူးကြီးတွေသေဆုံးသွားတဲ့ အခါမှာတော့ များသောအားဖြင့် တွင်းနက်ဘဝကိုရောက်သွားကြပါတယ်။ Stellar Black Holes ဆိုတဲ့တွင်းနက်အဖြစ်ပေါ့။ shwekhitonlinetv.com

၈။ Supermassive Black Hole များရဲ့တည်နေရာ

လေ့လာတွေ့ရှိမှုတွေနဲ့ စပ်ဆက်ပြီးခန့်မှန်းတွက်ချက်မှုတွေအရဆိုရင် ဂလက်ဆီတွေရဲ့ အလယ်ဗဟိုမှာ အလွန်ကြီးမားပြီး ဆွဲအားပြင်းထန်လှတဲ့ Supermassive Black Hole ကြီးတွေရှိနေတယ်လို့ သိရပါတယ်။ shwekhitonlinetv.com

၉။ တွင်းနက်တွေက စကြဝဠာအသစ်တွေဖန်တီးနေတာလား ?

ဒီအယူအဆကိုတော့ သိပ္ပံပညာရှင်အတော်များများကခန့်မှန်းပြီး ပြောဆိုမှုတွေရှိခဲ့ပါတယ်။ ဒီသီအိုရီကတော့ တွင်းနက်တွေဟာ အာကာသရုပ်ဝတ္တုတွေကို စုပ်ယူဆွဲငင်ပြီး အခြားတစ်ဖက်ကို ပြန်လည်မှုတ်ထုတ်ခြင်းနဲ့ စကြဝဠာအသစ်တွေကို မွေးဖွားနေတယ်ဆိုတာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

အခု ဖော်ပြပေးခဲ့တာကတော့ စကြဝဠာထဲက တွင်းနက် (Black Hole) ကြီးတွေနဲ့ပက်သတ်တဲ့ ဗဟုသုတအနည်းငယ်သာဖြစ်ပါတယ်။ တစ်ကယ်တမ်းမှာတော့ တွင်းနက်တွေနဲ့ ပတ်သက်တဲ့ လျှို့ဝှက်ချက်တွေက များစွာကျန်ရှိနေသေးပါတာကြောင့် နောက်နောင်အခါတွေမှာလည်း အလျဉ်းသင့်သလို ထပ်မံဖော်ပြပေးသွားပါဦးမယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။