တော်ရုံလူတွေ လိုက်လံတုပထိုးရဲမှာမဟုတ်တဲ့ မျက်နှာပေါ်ကတက်တူး ဒီဇိုင်းများ

လူတစ်ယောက်ရဲ့မျက်နှာလိုနေရာမျိုးမှာတက်တူးထိုးတယ်ဆိုတာ ဒီဘက်ခေတ်မှာတော့ သိပ်ပြီးထူးဆန်းလှတဲ့ ကိစ္စတစ်ခုမဟုတ်ပါဘူး။ ဒါပေမယ့်လည်း အခုဖော်ပြပေးမယ့် ပုဂ္ဂိုလ်တွေကတော့ထဲမှာတော့ သူတို့ရဲ့မျက်နှာမှာ သူများနဲ့မတူတဲ့ထူးထူးခြားခြား တက်တူးမျိုးတွေကို ထိုးထားကြတာပါ။ ဘယ်လိုတက်တူးတွေဖြစ်မလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါဦးနော် …… shwekhitonlinetv.com

၁။ ဒီလူကတော့ သူ့ကိုယ်သူ စပါတန်စစ်သားတစ်ယောက်လို့ခံယူထားပုံရပါတယ်။ ဒါကြောင့်လည်းသူ့ရဲ့မျက်နှာကို စပါတန်စစ်သည်တော်တွေရဲ့ သံခေါင်းစွပ်ပုံစံတက်တူးထိုးထားတာဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ ဒီတစ်ယောက်ကတော့ နာမည်ကျော်ရက်ပါတစ်ဦးဖြစ်တဲ့ Drake ကိုအရူးအမူးအားပေးတဲ့သူတစ်ယောက်ဆိုတာ နဖူးကတက်တူးကြည့်ရုံနဲ့ သိနိုင်ပါတယ်။ shwekhitonlinetv.com

၃။ ဒီအဖွားအိုကတော့ မျက်နှာသာမကတစ်ကိုယ်လုံးမှာပါ ဘာအဓိပ္ပါယ်မှန်းမသိရဘဲ ရှုပ်ယှက်ခက်နေတဲ့ တက်တူးတွေကိုထိုးထားပါတယ်။ shwekhitonlinetv.com

၄။ တက်တူးထိုးရင်တော့ အများအားဖြင့်လူရှိန်တယ်လို့ဆိုကြပါတယ်။ ဒါပေမယ့် ဒီလူရဲ့မျက်နှာက တက်တူးတွေကိုမြင်ရင်တော့ အူတက်အောင်ရယ်မိမှာသေချာပါတယ်။ shwekhitonlinetv.com

၅။ ဒီလူရဲ့ ဒီဇိုင်းကာလာဘာညာ အနေအထားကတော့ ခန့်မှန်းရခက်ပါတယ်။ နဖူးမှာလည်း Hello Kitty ကြောင်ရုပ်လေးနဲ့ဆိုတော့လေ။ shwekhitonlinetv.com

၆။ ဒီအမျိုးသမီးကတော့ ဂျပန် Anime ဇာတ်ကောင်နဲ့တူအောင်လို့ မျက်နှာကိုတက်တူးထိုးထားတာ့ဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ အားလုံးထဲမှာတော့ ဒီအမျိုးသားရဲ့မျက်နှာကတက်တူးက အထာကျကျနဲ့ ဂေါ်လွန်းတယ်လို့ဆိုရမှာဖြစ်ပါတယ်။ shwekhitonlinetv.com

၈။ ဒီလူကတော့ Ronin 47 ဇာတ်ကားထဲက Zombie Boy လိုမျိုးမျက်နှာတစ်ခုလုံးကို တက်တူးထိုးမယ့်သူလို့ ထင်ပါတယ်။ သူ့ပုံစံကြည့်ရသလောက်တော့ တက်တူးတွေက လက်စမသတ်ရသေးသလိုပါပဲ။ shwekhitonlinetv.com

၉။ ဒီအမျိုးသမီးရဲ့ မျက်နှာကတက်တူးတွေကတော့ အရောင်အသွေးစုံလင်လို့ အတော်လေးကြည့်ကောင်းတယ်လို့ဆိုရမှာဖြစ်ပါတယ်။ shwekhitonlinetv.com

၁၀။ သူကတော့ Pete’s Dragon ဇာတ်ကားထဲက အစိမ်းရောင်နဂါးနဲ့တူအောင်လို့ ဖန်တီးထားတယ်လို့ထင်ရပါတယ်။ shwekhitonlinetv.com

၁၁။ ဒီဘဲကြီးကတော့ မျက်နှာကတက်တူးတွေကြည့်ရသလောက် လုံးဝမိခင်နိုင်ငံကိုချစ်မြတ်နိုးတဲ့ ဝံသာနုပုဂ္ဂိုလ်ကြီးဖြစ်လောက်ပါတယ်။ shwekhitonlinetv.com

၁၂။ မိမိရဲ့ ရင်သွေးလေးတွေကိုတက်တူးအနေနဲ့ အမြတ်တနိုးထိုးတာက ဒီဘက်ခေတ်မှာသိပ်ထူးဆန်းတဲ့ ကိစ္စတစ်ခုမဟုတ်ပါဘူး။ ဒါပေမယ့်မျက်နှာတစ်ခြမ်းလုံးအပြည့် ထိုးထားတာမျိုးကတော့ ….. shwekhitonlinetv.com

၁၃။ သူမကတော့ မျက်နှာပေါ်က တက်တူးအဟောင်းတစ်ခုကို Cover လုပ်တဲ့အနေနဲ့ ခုလိုပုံထိုးထားတာလို့ သိရပါတယ်။ shwekhitonlinetv.com

၁၄။ ဒီလူရဲ့ တက်တူးကတော့ ဘာအဓိပ္ပါယ်မှန်းမသိပေမယ့် အတော်လေးစိတ်ဝင်စားဖို့ကောင်းပြီး ရယ်စရာလည်းကောင်းတာတော့ အမှန်ပါပဲ။ shwekhitonlinetv.com

၁၅။ ဒီတစ်ယောက်ကတော့ မျက်နှာနဲ့ ဦးခေါင်းကတက်တူးတွေကြည့်တာနဲ့ အင်္ဂလန်လက်ရွေးစင်အသင်းနဲ့ လိဒ်ယူနိုက်တက်ဘောလုံးကလပ်အသင်းတွေရဲ့ အမာခံပရိသတ်မှန်း တပ်အပ်ပြောနိုင်ပါတယ်။ shwekhitonlinetv.com

ရွှေခေတ်ပရိသတ်ကြီးထဲမှာရော အခုလိုမျိုးမျက်နှာမှာ တက်တူးအလန်းစားတွေထိုးထားကြတဲ့သူများ ရှိမလားရှင့် …. shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။