ကမ္ဘာ့အကြီးဆုံး Hummer H1 X3 ကားကြီး

ရွှေခေတ်ပရိတ်သတ်ကြီးအနေနဲ့ အမေရိကန်နိုင်ငံအခြေစိုက် AM General ကထုတ်လုပ်တဲ့ Hummer H1 ကားအမျိုးအစားတွေကိုမြင်ဖူးကြမယ်လို့ထင်ပါတယ်။ ဒါပေမယ့်အခုဖော်ပြပေးမယ့် Hummer H1 ကားအမျိုးအစားကတော့ သာမန် Hummer H1 တွေနဲ့မတူဘဲ တစ်မူထူးခြားလှပါတယ်။ shwekhitonlinetv.com

ဒီကားကိုတော့ Hummer H1 X3 လို့အမည်ပေးထားပါတယ်။ သာမန် Hummer H1 ကားတွေရဲ့ အရွယ် အစားထက် (၃) ဆပိုပြီးကြီးမားတာကြောင့်အခုလိုမျိုး အမည်ပေးထားတာလည်းဖြစ်ပါတယ်။ ဒီကားရဲ့အရွယ်အစားဟာဆိုရင်တော့ အမြင့် (၂၂) ပေနီးပါးရှိပြီး အရှည်ကတော့ (၄၆) ပေရှိပါတယ်။ shwekhitonlinetv.com

အကျယ်ကတော့ ပေ (၂၀) နီးပါးရှိပြီး အတွင်းမှာ အိပ်ခန်း၊ ရေချိုးခန်း၊ မီးဖိုချောင်စတာတွေလည်း ပါဝင်တယ်လို့သိရပါတယ်။ ဒါ့အပြင်နောက်ထပ်လည်း တစ်ခြားအချိန်းတွေကိုထပ်မံဖြည့်သွင်းတည် ဆောက်လျှက်ရှိတယ်လို့ သိရပါတယ်။ ဒီကားကိုတော့ ဒီဇယ်အင်ဂျင်အသုံးပြုထားပါတယ်။ shwekhitonlinetv.com

ဒီကားကိုပိုင်ဆိုင်တဲ့သူကတော့ Rainbow Sheikh လို့ လူသိများပြီး ကမ္ဘာပေါ်မှာ အကြီးဆုံးနှင့် အဆန်းကြယ်ဆုံး ကားစုဆောင်းသူများထဲမှ တစ်ဦးဖြစ်တဲ့ Sheikh Hamad bin Hamdan Al Nahyan ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

Sheikh Hamad bin Hamdan Al Nahyan ဟာ ဘီလျံနာတစ်ဦးဖြစ်ပြီး သူပိုင်ဆိုင်တဲ့ ငွေကြေးတွေဟာ များပြားလွန်းလှတာကြောင့် အခုလိုမျိုးထူးထူးဆန်းဆန်းနဲ့ ရှားပါးတဲ့ကားတွေကို စိတ်ကြိုက်ဖန်တီးတည်ဆောက် နေတာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီလိုပြုလုပ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ ဂင်းနစ်စံချိန်မှတ်တမ်းတွေကိုတင်ရှိဖို့အတွက်ဖြစ်တယ်လို့ သိရပါတယ်။ ဒီကားကြီးကတော့ လက်ရှိအချိန်မှာ ဂင်းနစ်စံချိန်မှတ်တမ်းအဖွဲ့ထံကို စာရင်းတင်သွင်းရခြင်းမရှိသေးပေမယ့် ကျိန်းသေပေါက် ဂင်းနစ်စံချိန်မှတ်တမ်းစာအုပ်မှာ ဖော်ပြခံရဖို့ရှိနေပါတယ်။ shwekhitonlinetv.com

လက်ရှိအချိန်မှာတော့ ဒီကြီးမားလွန်းလှတဲ့ ဧရာမ Hummer H1 X3 ကားကြီးကို ယူအေအီးနိုင်ငံ၊ Al Madam မှာရှိတဲ့ OffRoad History Museum မှာ ပြသထားတယ်လို့သိရပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။