ကမ္ဘာကျော်ဆယ်လီအနုပညာရှင်များနဲ့ပက်သက်တဲ့ လူသိနည်းပြီး ထူးဆန်းသော အကြောင်းအရာများ

လူတိုင်းလူတိုင်းမှာ အားပေးချစ်ခင်ရတဲ့ အနုပညာရှင်တွေ ရှိကြမယ်ထင်ပါတယ်။ အခုတခေါက်မှာတော့ ရွှေခေတ်ပရိတ်သတ်ကြီးအတွက် ကမ္ဘာကျော်အနုပညာရှင်တွေရဲ့ လူသိနည်းပြီး ထူးဆန်းလှတဲ့ အကြောင်းအရာများကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ စူပါမန်းဇာတ်ကားအတွက် ရိုက်ကူးလုနီးပါးဖြစ်ခဲ့တဲ့ Nicolas Cage

မင်းသားကြီး Nicolas Cage ကတော့ စူပါမန်းဇာတ်ကားရိုက်ကူးဖို့အတွက် ဒေါ်လာ ၂၀ မီလီယမ် နဲ့ ကမ်းလှမ်းခြင်း ခံခဲ့ရပါတယ်။ အဆိုပါ ဇာတ်လမ်းထဲမှာတော့ စူပါမန်းဟာ မပျံသန်းနိုင်ပဲ လူတွေကို လိုက်လံကူညီတဲ့ဇာတ်ကောင်ဖြစ်ပြီး ကြီးမားတဲ့ ပင့်ကူနဲ့ တိုက်ခိုက်ရမှာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ အမည်ကိုတော့ Superman Lives ဆိုပြီး ပေးခဲ့ကြပါတယ်။ ဒါပေမယ့် နောက်ဆုံးအချိန်မှာတော့ ဇာတ်ကားဟာ မရိုက်ကူးဖြစ်ခဲ့ပါဘူး။ shwekhitonlinetv.com

၂။ လိပ်ပြာတွေကို ကြောက်ရွံ့တဲ့ Nicole Kidman

စွယ်စုံရမင်းသမီးကြီး Nicole Kidman ကတော့ လေယာဥ်ပေါ်ကနေ ခုန်ချရတဲ့ ဇာတ်ဝင်ခန်းတွေကို ရိုက်ကူးနိုင်ပေမယ့် လိပ်ပြာတွေကိုတော့ ကြောက်ရွံ့တယ်လို့ ဆိုပါတယ်။ လူတိုင်းနီးပါးကြောက်ရွံ့တဲ့ ပင့်ကူတွေကိုတောင် ခန္ဓာကိုယ်ပေါ်တင်ပြီး နေနိုင်ပေမယ့်လည်း လိပ်ပြာတွေနဲ့ moth လို့ခေါ်တဲ့ အင်းစက်တွေကိုတော့ သည်းမခံနိုင်ပါဘူးတဲ့ ။ လိပ်ပြာတွေကို ကြောက်ရွံ့တဲ့ရောဂါကို lepidopterophobia လို့ခေါ်ပါတယ်။ မင်းသမီးကြီး Nicole Kidman ကတော့ အဆိုပါ လိပ်ပြာကြောက်ရွံ့တဲ့ရောဂါဟာ ငယ်ဘဝ သြစတေးလျားနိုင်ငံမှာ နေစဥ်ကတည်းက စတင်ခဲ့တာလို့ ဝန်ခံခဲ့ပါတယ်။ shwekhitonlinetv.com

၃။ ချွေးနံ့ပျောက်ဆေးကို ဘယ်တော့မှမသုံးတဲ့ Matthew McConaughey

မင်းသား Matthew McConaughey ကတော့ ချွေးနံ့ပျောက်ဆေးတွေကို ဘယ်တော့မှ အသုံးမပြုဘူးလို့ ဆိုပါတယ်။ ယောကျ်ားတယောက်ဟာ ယောက်ျားဆန်တဲ့ချွေးနံ့ကို ပျောက်ကွယ်အောင်မလုပ်သင့်ဘူးလို့ ယူဆတာကြောင့် ဖြစ်ပါတယ်။ တွဲဖက်သရုပ်ဆောင်ဖူးသူ မင်းသမီး Yvette Nicole Brown ကတော့ မင်းသား Matthew ရဲ့ အနံ့ဟာ ကောင်းမွန်တယ်လို့ဆိုပါတယ်။ shwekhitonlinetv.com

၄။ ရေသောက်ဖို့ သတိပေးနေတဲ့ တက်တူးကိုထိုးခဲ့တဲ့ Jennifer Lawrence

မင်းသမီး Jennifer Lawrence ကတော့ ရေသောက်ဖို့ အမြဲမေ့နေတဲ့သူတယောက် ဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ မင်းသမီးဟာ ရေရဲ့ ဓာတုနာမည်ဖြစ်တဲ့ H2O ဆိုတဲ့ စကားလုံးကို သူမရဲ့ လက်မှာ တက်တူးထိုးခဲ့တာကြောင့် ဖြစ်ပါတယ်။ မင်းသမီးကတော့ အင်တာဗျူးတခုမှာ ဒီတက်တူးဟာ သူမကို အမြဲတမ်းရေသောက်ဖို့အတွက် သတိရနေစေဖို့ ထိုးခဲ့တာလို့ ဖြေဆိုခဲ့ပါတယ်။ ဒါပေမယ့် ရယ်စရာကောင်းတဲ့အချက်တခုကတော့ H2O ဆိုတဲ့ စကားလုံးမှာ 2 ဟာ အထက်ကို ရောက်နေခဲ့တာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ မိုနာလီဇာပန်းချီကားနဲ့ ဆက်စပ်နေတဲ့ Leonardo DiCaprio

မိုနာလီဇာပန်းချီကားရေးဆွဲသူ Leonardo da Vinci နဲ့ နာမည်ဆင်တူနေရတဲ့ နောက်ကွယ်ကအကြောင်းကို မင်းသား Leonardo DiCaprio က အခုလို ပြောပြခဲ့ပါတယ်။ မင်းသားရဲ့ မိဘနှစ်ပါးဟာ ဟန်းနီးမွန်းခရီးစဥ်အဖြစ် အနုပညာပြတိုက်တခုကို သွားရောက်လည်ပတ်ခဲ့ကြပါတယ်။ ခရီးထွက်နေတဲ့အချိန်မှာ မင်းသားရဲ့ မိခင်ဟာ မင်းသားကို ကိုယ်ဝန်ဆောင်ထားချိန်လည်း ဖြစ်ပါတယ်။ သူတို့လင်မယားနှစ်ဦးဟာ ပြတိုက်မှာလည်ပတ်ရင်း မိုနာလီဇာပန်းချီကားကိုကြည့်နေတဲ့အချိန်မှာ ဗိုက်ထဲကကလေးလေးက ခြေနဲ့ကန်တာကို ပထမဆုံးခံစားမိတယ်လို့ ဆိုပါတယ်။ မိုနာလီဇာပန်းချီကားကြည့်နေချိန်မှာ ပထမဆုံးလှုပ်ရှားခဲ့တာကြောင့် မွေးဖွားလာတဲ့ကလေးကို Leonardo DiCaprio လို့ အမည်ပေးခဲ့ကြတာ ဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ မင်းသား Rami Malek ရဲ့ အမြွှာညီအကို Sami

သရုပ်ဆောင်ကောင်းလှတဲ့ မင်းသား Rami Malek မှာ သူနဲ့ ခွဲမရအောင်ဆင်တူလှတဲ့ အမြွှာညီအကို Sami ရှိတယ်ဆိုတာကိုတော့ သိရှိသူ နည်းပါးပါတယ်။ ခွဲမရအောင် ရုပ်ခြင်းဆင်တူလွန်းလှပေမယ့် အသက်ရှင်နေထိုင်မှုတွေကတော့ မတူညီပါဘူး။ Sami ဟာ အမေရိကန်စာပေနှင့် ယဥ်ကျေးမှုမေဂျာသာမက အာဖရိကန်-အမေရိကန်လေ့လာရေးတွေကိုလည်း ပြုလုပ်နေတဲ့ ပညာရေးလောကက လူတယောက်ဖြစ်ပါတယ်။ တခါတရံမှာတော့ မင်းသား Rami Malek က သူ့အမြွှာကို အခမ်းအနားတွေမှာ အတူတွဲတက်ရောက်ရင်း မိတ်ဆက်လေ့ရှိပါတယ်။ shwekhitonlinetv.com

၇။ အဆိုတော် Ed Sheeran ရဲ့ ရင်ဘတ်က ကြီးမားတဲ့ ခြင်္သေ့တက်တူး

လူကြိုက်များ ကျော်ကြားလှတဲ့ Ed Sheeran ရဲ့ လူသိနည်းတဲ့ အချက်တခုကတော့ သူ့ရဲ့ ရင်ဘတ်မှာရှိတဲ့ အရောင်အသွေးစုံလင်လှတဲ့ ခြင်္သေ့ပုံတက်တူးကြီးပဲ ဖြစ်ပါတယ်။ ဒီတက်တူးကို ထိုးရခြင်းရဲ့နောက်ကွယ်က အကြောင်းကတော့ အရမ်းကို လှပလွန်းပါတယ်။ Ed Sheeranရဲ့နာမည်ကြီး ရှိုးတခုဖြစ်တဲ့ Sheeran’s 3-night show ဟာ လန်ဒန်မြို့ Wembley Stadium မှာကျင်းပခဲ့စဥ်က လက်မှတ်အားလုံးရောင်းထွက်ခဲ့ပါတယ်။ ဒါ့ကြောင့် သူ့ရဲ့ အောင်မြင်မှုအထိမ်းအမှတ်အဖြစ် အင်္ဂလန်ရဲ့ အမျိုးသားအမှတ်တံဆိပ်ဖြစ်တဲ့ ခြင်္သေ့ပုံကို ထိုးခဲ့တာ ဖြစ်ပါတယ်။ shwekhitonlinetv.com

၈။ နေရောင်ခြည်ရှိရုံနဲ့ရှင်သန်နိုင်တယ်လို့ ထင်ခဲ့ဖူးတဲ့ မင်းသမီး Michelle Pfeiffer

မင်းသမီး Michelle Pfeiffer ဟာ ရုပ်ရှင်လောကထဲ စတင်ရောက်ခဲ့စဥ်အချိန်က လမ်းမှားတခုကို ရောက်ရှိခဲ့ဖူးပါတယ်။ ဒါကတော့ breatharians လို့ခေါ်တဲ့ အဖွဲ့ထဲကို ဝင်ရောက်ခဲ့ခြင်းပါ။ breatharians အဖွဲ့ဝင်များဟာ ရေနဲ့ အစာအာဟာရမရှိပဲ နေရောင်ခြည်ရှိနေရုံနဲ့ လူတွေဟာ ရှင်သန်နိုင်တယ်လို့ ယူဆထားကြပါတယ်။ ဒါ့ကြောင့် မင်းသမီးကလည်း အဆိုပါမှားယွင်းတဲ့အယူအဆကို ယုံကြည်ခဲ့ပါတယ်။ ဒါပေမယ့် ကံကောင်းစွာပဲ သူမဟာ သူမရဲ့ ပထမဆုံးခင်ပွန်းကြောင့် ၄င်းအယူအဆ မှားယွင်းနေကြောင်းကို သိရှိခဲ့ပါတယ်။ shwekhitonlinetv.com

၉။ သီလရှင်ဖြစ်ချင်ခဲ့တဲ့ Eva Mendes

မင်းသမီး Eva Mendes ဟာ ငယ်စဥ်က သီလရှင်ဖြစ်ချင်ခဲ့ပါတယ်လို့ ဖွင့်ဟခဲ့ပါတယ်။ ဒါပေမယ့် သီလရှင်ဟာ ဘယ်လိုဝင်ငွေမျိုးမှ မရရှိကြောင်းကို သူမရဲ့ အမဆီကနေသိရှိခဲ့ပြီးနောက်မှာတော့ သီလရှင်ဖြစ်ချင်တဲ့ သူမရဲ့ အိမ်မက်ကို စွန့်လွှတ်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မင်းသမီး Eva Mendes ဟာ သူမရဲ့ အမေကို အိမ်တလုံးဝယ်ပေးချင်ခဲ့တာဖြစ်ပြီး သူမသာ သီလရှင်ဖြစ်မယ်ဆိုရင် အိမ်ဝယ်မယ့်စိတ်ကူးကို အကောင်အထည်မဖော်နိုင်တော့တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ shwekhitonlinetv.com

၁၀။ ကွယ်လွန်သွားတဲ့အဖိုးဟာ အနီးနားမှာရှိနေတယ်လို့ ယုံကြည်တဲ့ Emma Stone

မင်းသမီး Emma Stone ကတော့ နာမ်လောကဆိုင်ရာ အရာများကို ယုံကြည်သူအဖြစ် ရှိုးတခုမှာ ပြောပြခဲ့ဖူးပါတယ်။ နာမ်လောကကို ယုံကြည်ပြီး သဘာဝလွန်ကိစ္စရပ်များကိုလည်း ကြုံတွေ့ဖူးတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ကွယ်လွန်သွားတဲ့အဖိုးဟာ သူမရဲ့ အနီးနားမှာရှိတယ်လို့ ယုံကြည်နေပါတယ်။ shwekhitonlinetv.com

၁၁။ သရုပ်ဆောင်ခ ၃ ဒေါ်လာတည်းနဲ့ သရုပ်ဆောင်ခဲ့ဖူးတဲ့ George Clooney

မင်းသားကြီး George Clooney ဟာ ဖြစ်မြောက်အောင်လုပ်နိုင်မယ်လို့ သူကိုယ်တိုင်ယုံကြည်ထားတဲ့ ဇာတ်ကားတခုအတွက် ၃ ဒေါ်လာတည်းသာယူပြီး ရိုက်ကူးခဲ့ဖူးပါတယ်။ ဇာတ်လမ်းရဲ့နာမည်ကတော့ Good Night and Good Luck ဖြစ်ပြီး အဆိုပါ ဇာတ်ကားအတွက် ဇာတ်ညွှန်းရေးခြင်း ၊ ဒါရိုက်တာလုပ်ခြင်း နဲ့ သရုပ်ဆောင်ခြင်း တခုဆီအတွက် ၃ ဒေါ်လာသာ ယူခဲ့တာ ဖြစ်ပါတယ်။ ထိုဇာတ်ကားဟာ အော်စကာဆုစာရင်းအတွက် လျာထားခြင်းခံခဲ့ရပါတယ်။ ဒီလိုအဖြစ်အပျက်ကို ကြည့်ခြင်းအားဖြင့် မင်းသားကြီးဟာ ပိုက်ဆံအတွက်မဟုတ်ပဲ စိတ်အားထက်သန်မှုအတွက်​ ရုပ်ရှင်တွေရိုက်ကူးနေတယ်ဆိုတာ သိနိုင်ပါတယ်။ shwekhitonlinetv.com

၁၂။ မင်းသမီး Drew Barrymore ကိုကြိတ်ပြီးသဘောကျခဲ့ဖူးတဲ့ Daniel Radcliffe

ဟယ်ရီပေါ်တာမင်းသား Daniel Radcliffe ဟာ အချိန်ကာလကြာမြင့်စွာ မင်းသမီး Drew Barrymore နဲ့ သူမရဲ့အချစ်ဆုံးသူငယ်ချင်း Cameron Diaz တို့အပေါ်မှာ တိတ်တဆိတ်သဘောကျခဲ့ဖူးတယ်လို့ ဝန်ခံခဲ့ပါတယ်။ မင်းသားဟာ သူ့အခန်းနံရံမှာ မင်းသမီးရဲ့ ဓာတ်ပုံတွေကို ကပ်ထားခဲ့ပါတယ်လို့ ဆိုပါတယ်။ မင်းသမီး Drew Barrymore ကတော့ အခုလိုကြားသိရတာကို အံ့သြဝမ်းသာပါတယ်လို့ ပြန်လည်ပြောဆိုခဲ့ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။