နေထိုင်ရာ အိမ်နဲ့ ခြံဝန်းထဲမှာ မမျှော်လင့်ဘဲ တွေ့ရှိရတဲ့ ထူးထူးဆန်းဆန်း အရာများ

သင့်အနေနဲ့ သင့်ရဲ့နေအိမ်ခြံဝန်း ဒါမှမဟုတ် နေအိမ်ပတ်ဝန်းကျင်အနီးအနားကနေ မမျှော်လင့်ဘဲနဲ့ ထူးဆန်းတဲ့အရာတွေရှာဖွေတွေ့ရှိတာမျိုး ကြုံဖူးပါသလား။ လူတိုင်းတော့ဒီလိုအဖြစ်မျိုးမကြုံတွေ့နိုင်ပေမယ့် ကြုံဖူးတဲ့လူတွေကလည်း အများအပြားရှိနေပါတယ်။ အခုဖော်ပြပေးမှာကတော့ ဒီလိုလူတွေထဲက အထူးဆန်းဆုံးအရာတွေကို တွေ့ရှိခဲ့တဲ့ လူတစ်ချို့ရဲ့ ရှာဖွေတွေ့ရှိခဲ့မှုတွေပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၁။ ကမ္ဘာဦးအစက အမွှေးပွဆင်ကြီးတစ်ကောင်ရဲ့အရိုး

လူသားတွေအနေနဲ့ သမိုင်းမတင်မီခေတ်က ကမ္ဘာမြေပေါ်မှာနေထိုင်ခဲ့တဲ့ သက်ရှိတွေအကြောင်းကိုသိရှိဖို့အတွက် ကျောက်ဖြစ်ရုပ်ကြွင်းရှာဖွေမှုတွေအပေါ်မှာ များစွာအားကိုးနေရပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီအချိန်က သက်ရှိတွေဟာဘယ်လိုပုံစံရှိပြီး ဘယ်လိုရှင်သန်ကျက်စားကြတယ်ဆိုတာကို ပြန်ပြောပြနိုင်မယ့်သူမရှိသလို မှတ်သားထားတဲ့ မှတ်တမ်းမှတ်ရာတွေလည်း မရှိလို့ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

အိုင်အိုဝါပြည်နယ်မှာနေထိုင်တဲ့ လူတစ်ဦးဟာ တစ်နေ့မှာတော့သူတို့ခြံဝန်းအနောက်ဖက်မှာ သူ့ရဲ့သားဖြစ်သူနှစ်ဦးနဲ့အတူ ဘယ်ရီသီးတွေကောက်နေတုန်းမှာထူးခြားတဲ့အရာတစ်ခုကို တွေ့ခဲ့ရပါတယ်။ ဒီအရာကမြေကြီးထဲကနေ တစ်ပိုင်းတစ်စထွက်နေတာဖြစ်ပြီး တူးဖော်ကြည့်လိုက်တဲ့အခါမှာတော့ အလွန်ကြီးမားတဲ့ အရိုးတစ်ချောင်းဖြစ်နေခဲ့ပါတယ်။ ဒါဟာ ကမ္ဘာဦးအစတုန်းကရှင်သန်ခဲ့တဲ့ အမွေးပွဧရာမဆင်ကြီးတစ်ကောင်ရဲ့ ပေါင်ရိုးဖြစ်တယ်ဆိုတာကို နောက်ပိုင်းမှာသိရှိခဲ့ရပြီး လက်ရှိအချိန်မှာတော့ ပြတိုက်ထဲမှာပြသထားပါတယ်။ shwekhitonlinetv.com

၂။ ခြံဝန်းထဲမှ သင်္ချိုင်းတစ်ခု

သင့်ခြံဝန်းထဲမှာကြောက်မက်ဖွယ်ကောင်းတဲ့ အရာတစ်ခုခုကိုတွေ့ရှိခဲ့မယ် ဆိုရင်သင့်အနေနဲ့ဘယ်လိုခံစားမှုမျိုးဖြစ်ပေါ်မလဲ ? သင်္ချိုင်းကုန်းတစ်ခုကို တွေ့ခဲ့မယ်ဆိုရင်ရော ….. အတော်လေးကိုစိတ်အနှောက်အယှက်ဖြစ်မှာကျိန်းသေပါတယ်။ shwekhitonlinetv.com

ဒါပေမယ့် လူဝီစီယားနားပြည်နယ် နယူအော်လင်းမှာနေထိုင်တဲ့အမျိုးသားတစ်ဦးကတော့ သူ့အိမ်ထဲမှာသင်္ချိုင်းတစ်ခုတွေ့ရှိခဲ့တာတောင်မှ လုံးဝထိတ်လန့်အံ့သြခြင်းမရှိခဲ့ပါဘူး။ သူက “ဒါဟာ နယူးအော်လင်းရဲ့ ယဉ်ကျေးမှုအမွေအနှစ်တစ်ခုလို့ကျွန်တော်ကယူဆပါတယ်။ သူတို့ (အိမ်နီးနားချင်း) တွေလည်း ဒီကိစ္စအတွက် ပျော်တောင်ပျောနေမယ်ထင်ပါတယ်” လို့ပြောဆိုခဲ့ပါတယ်။ သူ့အနေနဲ့ ခြံဝန်းထဲကနေ ခေါင်းတလားစုစုပေါင်း (၁၃) ခုတောင်မှတူးဖော်တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဒါဟာယခင်တုန်းက သင်္ချိုင်းငယ်တစ်ခုရဲ့နေရာများဖြစ်နေမလားတော့မပြောတက်ပါဘူး။ shwekhitonlinetv.com

၃။ ရှေးခေတ် ဝေလငါးရဲ့ဦးခေါင်းရုပ်ကြွင်း

တစ်ချို့သောအရာတွေက ဘဝမှာမျှော်လင့်မထားဘဲနဲ့ရှာဖွေတွေ့ရှိတက်ပါတယ်။ ဥပမာ ရှေးခေတ်ကျောက်ဖြစ်ရုပ်ကြွင်းလိုအရာမျိုးတွေပေါ့ … တစ်ချို့လူတွေအတွက် ဒီအရာတွေဟာတစ်ကူးတစ်က ခဲရာခဲဆစ်ရှာဖွေတာတောင်မှ တွေ့ဖို့မလွယ်ပေမယ့် တစ်ချို့လူတွေကတော့ ကိုယ့်ရဲ့နေအိမ်ခြံဝန်းထဲမှာတင်ပဲ ထူးထူးဆန်းဆန်းကျောက်ဖြစ်ရုပ်ကြွင်းတွေကို တွေ့ရှိခဲ့ကြပါတယ်။ shwekhitonlinetv.com

ဂယ်ရီဂျွန်ဆင် လို့အမည်ရသူတစ်ဦးဟာ ၁၉၇၈ ခုနှစ်တုန်းကသူ့ရဲ့အိမ်အနောက်ဖက်ကနေ ကြီးမားတဲ့ကျောက်တုံးကြီးတစ်တုံးကိုတွေ့ရှိခဲ့ပါတယ်။ ဒီအရာဟာ ဝေလငါးတစ်ကောင်ရဲ့ ဦးခေါင်းခွံရုပ်ကြွင်းတစ်ခုဖြစ်ပါတယ်။ ကျွမ်းကျင်သူတွေရဲ့ အဆိုအရတော့ ဒါဟာ လွန်ခဲ့တဲ့နှစ် (၁၄) သန်းကနေ (၁၆) သန်းကြားကာလက ရှင်သန်ခဲ့တဲ့ ရှားပါး Baleen ဝေလငါးမျိုးစိတ်ရဲ့ ရုပ်ကြွင်းဖြစ်တယ်လို့ သိရပါတယ်။ shwekhitonlinetv.com

၄။ ခိုးယူပြီးဖွက်ထားတဲ့ မြေအောက်ထဲမှတန်ဖိုးကြီးကား

၁၉၇၈ ခုနှစ်မှာပဲ ပန်းခြံထဲမှာတွင်းတူးပြီး ဆော့ကစားနေတဲ့ကလေးတစ်စုဟာ အလွန်တန်ဖိုးကြီးတဲ့ Dino 246 GTS ကားကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ သူတို့ဟာ သူတို့တူးဖော်တွေ့ရှိတဲ့အပိုင်းအစတစ်ခုကိုဘာမှန်းမသိခဲ့လို့ အနီးနားမှာရှိတဲ့ ရဲအရာရှိတစ်ဦးကိုခေါ်ပြခဲ့ပါတယ်။ အစပိုင်းတော့ ရဲအရာရှိလည်းဒီအရာကိုဘာမှန်းမသိလို့ ဆက်လက်တူးဖော်ကြည့်ရမှာတော့ တန်ဖိုးကြီးကားတစ်စီးဖြစ်နေမှန်းသိခဲ့ရပါတယ်။ shwekhitonlinetv.com

ဒီကားရဲ့နံပါတ်ပြားအရစုံစမ်းမှုတွေလုပ်ခဲ့ရာမှာတေ့ ၁၉၇၄ ခုနှစ်ကဝယ်ယူထားတဲ့ကားတစ်စီးဖြစ်ပြီး အခိုးခံခဲ့ရတယ်လို့သိရပါတယ်။ ခိုးသွားတဲ့သူက ဒီကားကို ဒီနေရာမှာပလက်စတစ်နဲ့ ဖုံးအုပ်ကာ မြေမြုပ်ပြီးဝှက်ထားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်သူဘယ်ဝါကခိုးယူထားတာလဲဆိုတာကိုတော့ ရှာဖွေဖော်ထုတ်နိုင်ခြင်းမရှိခဲ့ပါဘူး။ shwekhitonlinetv.com

၅။ စိုက်ခင်းထဲမှာ ဒေါ်လာ (၁၅၀,၀၀၀)

သင့်အနေနဲ့ သင့်ရဲ့ခြံထဲမှာ ဟင်းသီးဟင်းရွက်တွေကို စိုက်ပျိုးရောင်းချမယ်ဆိုရင် ဟင်းသီးဟင်းရွက်တွေကိုရောင်းရတဲ့ဝင်ငွေကလွဲပြီး တစ်ခြားအရာတွေကိုမျှော်လင့်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ဒီအဖြစ်အပျက်လေးကိုသိရှိပြီးရင်တော့ သင့်ခြံဝန်းထဲက မြေနေရာအချို့ကိုစစ်ဆေးကြည့်သင့်ပါတယ်။ shwekhitonlinetv.com

အီလီနွိုက်ပြည်နယ်မှာနေထိုင်တဲ့ အမျိုးသားတစ်ဦးဟာ ဟင်းသီးဟင်းရွက်တွေစိုက်ပျိုးဖို့အတွက် မြေကြီးတွေကိုတူးဆွရင်းနဲ့ မြေကြီးထဲမှာမြုပ်ထားတဲ့ နိုင်လွန်အိတ်တစ်လုံးကို တွေ့ရှိခဲ့ပါတယ်။ ဒီအိတ်ကို ဆွဲဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ ငွေစက္ကူဒေါ်လာ (၁၅၀,၀၀၀) တိတိကိုအသေအချာထည့်သွင်းထားတာကို တွေ့ရှိခဲ့ရပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။ 

Be the first to comment

Leave a Reply