ပုံမှန်မဟုတ်တဲ့ ခန္ဓာကိုယ်အချိုးအဆစ်တွေပိုင်ဆိုင်ထားတဲ့ ကမ္ဘာကျော်ဆယ်လီများ

ဒီကနေ့ ဆိုရှယ်မီဒီယာလောကမှာ မသိသူမရှိလောက်အောင် အောင်မြင်ကျော်ကြားနေတဲ့ သူတွေဟာလည်း အမှန်တကယ်တမ်းမှာ အပြစ်အနာအဆာကင်းပြီး လှပပြေပြစ်ကြသူတွေ မဟုတ်ပါဘူး။ ဘာကြောင့်အခုပြောရသလဲဆိုတာကိုတော့ အကြောင်းအရာလေးကို ဆက်လက်ဖတ်ရှုမယ်ဆိုရင် အားလုံးသဘောပေါက်သွားလိမ့်မယ်လို့ ထင်ပါတယ်။ ဘယ်ကမ္ဘာကျော်ဆယ်လီတွေက ဘယ်လိုမျိုး ကွဲပြားမှုတွေရှိနေလည်း ဆိုရင်တော့ …. shwekhitonlinetv.com

၁။ Kim Kardashian

ကင်မ်ကာဒက်ရှန် (Kim Kardashian) ကတော့ ခန္ဓာကိုယ် ကောက်ကြောင်းလှပလွန်းတဲ့ နာမည်ကျော်မော်ဒယ်လ်တစ်ဦးဖြစ်ပါတယ်။ တစ်ချို့တွေပြောကြတာကတော့ ကင်မ်ကခြေချောင်း (၆) ချောင်းရှိတဲ့သူပါတဲ့။ အမှန်တော့ ကင်မ် မှာ ခြေချောင်း (၆) ချောင်းမရှိပါဘူး။ ရုတ်တရက်ကြည့်တဲ့အခါမှာ သူမရဲ့ ခြေထောက်ကခြေချောင်းအပိုပါနေတဲ့ ပုံစံမျိုးအရိုးအဆစ်ငေါ နေတာဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ Kylie Jenner

လူငယ်နှင့်လူလတ်ပိုင်း မြန်မာ မိန်းကလေးတွေ ကြားမှာတော့ ခိုင်လီဂျန်နာ (Kylie Jenner) က အထူးမိတ်ဆက်ပေးဖို့ လိုတဲ့သူတစ်ယောက်မဟုတ်ပါဘူး။ သူမက မော်ဒယ်လောကမှာ အောင်မြင်တဲ့သူဖြစ်တဲ့အပြင် ကိုယ်ပိုင် Brand နဲ့ နာမည်ကျော် အလှကုန်တွေ၊ ဖက်ရှင်အသုံးအဆောင်တွေ ကိုလည်း အောင်မြင်စွာ ထုတ်လုပ်ဖြန့်ဖြူးနေတဲ့သူ ဖြစ်ပါတယ်။ လူအတော်များများမသိသေးတာက သူမရဲ့ခြေချောင်းလေးတစ်ချောင်းက တိုဝင်နေတယ်ဆိုတာပါပဲ။ ဒါဟာ သူမအလယ်တန်းကျောင်းတုန်းက အလခြေချောင်းကျိုးခဲ့တာကြောင့်လို့သိရပါတယ်။ shwekhitonlinetv.com

၃။ Harry Styles

One Direction အဖွဲ့သားတစ်ယောက်ဖြစ်တဲ့ ဟဟယ်ရီစတိုင် (Harry Styles) ဟာဆိုရင်လည်း ခန္ဓာကိုယ်မှာ ထူးထူးခြားခြား နို့သီးခေါင်းအပိုနှစ်ခုပုံစံပါရှိနေပါတယ်။ ဒီလို ဖြစ်ပွားခြင်းကိုတော့ ဆေးပညာနယ်ပယ်မှာ Polythelia လို့ခေါ်ဆိုကြပါတယ်။ shwekhitonlinetv.com

၄။ Denzel Washington

နာမည်ကျော်ဟောလိဝုဒ် သရုပ်ဆောင်မင်းသားကြီး ဒန်ဇဲလ်ဝါရှင်တန် (Denzel Washington) ဟာဆိုရင်လည်းကလေးဘဝ တုန်းက ကျောင်းမှာဘောလုံးကန်ရင်း မတော်တဆဖြစ်ခဲ့တာကြောင့် လက်သန်းလေးကျိုးခဲ့ဖူးပါတယ်။ ခုချိန်ထိလည်း ဒီလက်သန်းလေးက ပုံမှန်အနေအထားပြန်မရောက်ဘဲ (၄၅) ဒီဂရီစောင်းနေတဲ့ အနေအထားနဲ့ ရှိနေဆဲဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ Kesha

နာမည်ကျော် ပေါ့ပ် အဆိုတော်တစ်ဦးဖြစ်တံ ကက်ရှာ (Kesha) ကတော့ “ကျွန်မမွေးလာတုန်းက (၁) လက်မလောက်ရှိတဲ့ အမြီးလေးပါလာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ကျွန်မမိဘတွေက အဲ့ဒါကို ဖြတ်ပစ်လိုက်ကြပြီး ဒါကကျွန်မဘဝအတွက် ဝမ်းနည်းစရာပုံပြင်တစ်ပုဒ်အဖြစ် ရှိခဲ့ပါတယ်။” လို့ပြောကြားခဲ့ပါတယ်။ shwekhitonlinetv.com

၆။ Lebron James

အမေရိကန် ဘတ်စကတ်ဘော (NBA) လောကမှာသာမက ကမ္ဘာ့ဘတ်စကတ်ဘောလောကမှာပါ လီဘရွန်ဂျိမ်းဟာ မသိသူမရှိတဲ့ ကြယ်ပွင့်တစ်ဦဖြစ်ပါတယ်။ ဂျိမ်းစ် ဟာလည်းဒီစာရင်းမှာပါတဲ့ တစ်ခြားဆယ်လီတွေလိုပဲ ပုံမှန်မဟုတ်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုကို ပိုင်ဆိုင်ထားပါတယ်။ အဲ့ဒါကတော့ သူ့ရဲ့ ခြေထောက်က ခြေချောင်းတွေပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ Matthew Perry

အမေရိကန်နာမည်ကျော် သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ မက်သရူးပယ်ရီ (Matthew Perry) ဟာလည်း လက်ကိုတံခါးညပ်ခဲ့မိခဲ့တာကြောင့် သူ့ရဲ့ညာဘက်လက်ခလယ်ထိပ်ပိုင်းလေးကို ဆုံးရှုံးခဲ့ရပါတယ်။ shwekhitonlinetv.com

အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကိုဖတ်ရှုပြီး အားလုံးကျေနပ်နှစ်သိမ့်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။ နောက်ထပ်လည်း ဘယ်လိုစိတ်ဝင်စားဖွယ် အကြောင်းအရာတွေတင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်အားပေးကြပါဦးနော် …. shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။

ရွှေခေတ်အွန်လိုင်းတီဗီ၏ Content များကို လစဥ် အခကြေးငွေ သောင်းဂဏန်း ပေးသွင်း၍ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပါသည်။ ဝယ်ယူလိုပါက Shwe Khit Online TV Page ကို မက်ဆေ့ချ်ပို့၍ စုံစမ်းမေးမြန်းနိုင်ပါသည်။

ဝယ်ယူထားခြင်း မရှိဘဲ ဆက်လက် ကူးတင်နေသော ဝက်ဆိုက်နှင့် ပေ့ချ်များကို ဖေ့ဘုတ်ထံသို့ Copyright Claim တင်၍ IA ပျက်သည်အထိ Report လုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Be the first to comment

Leave a Reply