ဂင်းနစ် စံချိန်တင်သွားခဲ့တဲ့ ဒူဘိုင်းမြို့က ကမ္ဘာ့စျေးအကြီးဆုံး သတို့သမီးကိတ်မုန့်

ပရိသတ်ကြီးကို အခုတစ်ခေါက်မှာ ပြောပြပေးချင်တဲ့ ထူးထူးဆန်းဆန်း အကြောင်းအရာကတော့ ဒူဘိုင်းမြို့မှာ ဖန်တီးထားတဲ့ ကမ္ဘာ့စျေးအကြီးဆုံး ကိတ်မုန့် အကြောင်းပဲ ဖြစ်ပါတယ် ။ ဘယ်လို တန်ဖိုးကြီးတဲ့ အရာတွေ ထည့်ပြီးဖန်တီးထားလို့ အခုလို စျေးကြီးနေရလဲဆိုတာကို အောက်မှာဖော်ပြပေးထားတာမို့လို့ ဖတ်ကြည့်လိုက်ပါဦးနော် ။ shwekhitonlinetv.com

ဒူဘိုင်းမြို့မှာ ကျင်းကကြတဲ့ တစ်ချို့သော မင်္ဂလာပွဲတွေမှာဆိုရင် ဒေါ်လာ ၁ မီလျံတန်တဲ့ သတို့သမီးပုံစံ ကိတ်မုန့်နဲ့ ဧည့်ခံကြပါတယ် ။ ဒီလို စျေးကြီးလှတဲ့ ကိတ်မုန့်ကို ဖန်တီးထားတဲ့ သူကတော့ Debbie Wingham ဆိုသူဖြစ်ပြီး နာမည်ကြီး ဒီဇိုင်နာတစ်ယောက်ဖြစ်တဲ့အပြင်  ဒေါ်လာ မီလျံ ၅၀ တန်ဖိုးရှိတဲ့ လက်ရာတွေကို ဖန်တီးထားသူ တစ်ယောက်လည်း ဖြစ်ပါတယ် ။shwekhitonlinetv.com

ဒေါ်လာ ၁ မီလျံ တန်ကြေးရှိတဲ့ သတို့သမီး ကိတ်မုန့်ရဲ့ အရွယ်အစားဟာ ( ၁၈၂ ) စင်တီမီတာရှည်ပြီး အလေးချိန်ကတော့ ( ၁၂၀ ) ကီလိုဂရမ် ရှိပါတယ် ။ ဒီအလေးချိန်ဟာဆိုရင် နမူနာပုံစံထက် အလေးချိန် အနည်းငယ် ပိုများတယ်လို့လည်း သိရပါတယ် ။ shwekhitonlinetv.com

ဒီကိတ်မုန့်ကို ဖန်တီးတဲ့ နေရာမှာ ကြက်ဥပေါင်း အလုံး ( ၁၀၀၀ ) နဲ့ ချောကလက် ( ၄၄ ) ပေါင်ခန့်ကို အသုံးပြုထားပါတယ်။ ကိတ်တစ်ခုလုံးကို အလွယ်တကူစားနိုင်မှာ ဖြစ်ပြီး မုန့်အချိုမျိုးစုံ ကီလိုဂရမ် ( ၅၀ ) လောက်ကို ဇာပုံစံမျိုး ဖန်တီးကာ ဖုံးအုပ်ပေးထားတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

သတို့သမီး ဝတ်စုံတစ်ခုလုံးကို ပန်းပွင့် သေးသေးလေးတွေ အပြင် ပုလဲလုံးတွေပါ ထည့်သွင်းပေးထားပြီး ဒါတွေ အားလုံးကို လက်နဲ့ အနုစိတ်ပုံဖော်ထားတာလို့ သိရပါတယ် ။ ဝတ်စုံမှာ ထည့်သွင်းပေးထားတဲ့ ပန်းပွင့်ပေါင်း ( ၅၀၀၀ ) ကျော်ရှိပြီး အပြီးအစီး ဖန်တီးဖို့ ကြာချိန်ဟာ ( ၁၀ ) ရက်ခန့် ကြာမြင့်ပါတယ်တဲ့  ။ shwekhitonlinetv.com

ထူးခြာချက်ကတော့ ဒီသတို့သမီးကိတ် တစ်ခုလုံးကို စားနိုင်တယ်ဆိုပေမယ့်လည်း တစ်ချို့နေရာတွေမှာတော့ ပုလဲလုံး အစစ်တွေ ၊ စိန်အစစ်တွေ နဲ့ တန်ဆာဆင်ထားပါတယ် ။ တန်ဆာဆင်ထားတဲ့ နေရာကတော့ သတို့သမီးရဲ့ ခေါင်းပေါ်က ခြုံလွှာမှာ ထည့်သွင်းပေးထားတာဖြစ်ပြီး ဒီကျောက်မျက်ရတနာ အစစ်တွေရဲ့ တန်ဖိုးကတော့  စုစုပေါင်း တန်ဖိုးကတော့ ဒေါ်လာ ၂၀၀ မီလျံတောင် ရှိပါတယ် ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ ကမ္ဘာ့စျေးအကြီးဆုံး သတို့ သမီး ပုံစံ ကိတ်မုန့်အကြောင်းပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး ထူးထူးဆန်းဆန်း အကြောင်းအရာလေးတွေကို ရှာဖွေ တင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် ။ shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။

ရွှေခေတ်အွန်လိုင်းတီဗီ၏ Content များကို လစဥ် အခကြေးငွေ သောင်းဂဏန်း ပေးသွင်း၍ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပါသည်။ ဝယ်ယူလိုပါက Shwe Khit Online TV Page ကို မက်ဆေ့ချ်ပို့၍ စုံစမ်းမေးမြန်းနိုင်ပါသည်။

ဝယ်ယူထားခြင်း မရှိဘဲ ဆက်လက် ကူးတင်နေသော ဝက်ဆိုက်နှင့် ပေ့ချ်များကို ဖေ့ဘုတ်ထံသို့ Copyright Claim တင်၍ IA ပျက်သည်အထိ Report လုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။