ဆောက်လုပ်ရေးပိုင်းမှာ မှားယွင်းသွားတဲ့ ရယ်စရာ တလွဲဓာတ်ပုံများ

Shwe Khit ပရိသတ်ကြီးရေ အခုတစ်ခါမှာတော့ ဆောက်လုပ်ရေးပိုင်းက အလွဲအချော် ဖြစ်သွားခဲ့တာတွေကို မှတ်တမ်းတင်ထားတဲ့ ဓာတ်ပုံလေးတွေ အကြောင်းဖော်ပြပေးချင်ပါတယ် ။ ဘယ်လိုတွေ မှားယွင်းသွားလဲဆိုတာကတော့ အောက်က ပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် ။ shwekhitonlinetv.com

၁။ ပလပ်ခုံ မတူသောအခါ

ဒီပုံကတော့ ပလက်ခုံ တပ်ပေးသွားတဲ့ သူက ခေါင်းပြားတဲ့ ပလက်ပြား သာ တပ်လို့ရအောင် ဆင်ပေး သွားတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အသုံးပြုတဲ့သူက ခေါင်း အဝိုင်း ပလတ်ခေါင်း အသုံးပြုချင်တဲ့အခါ ပုံမှာ မြင်ရတဲ့ အတိုင်း လက်သည်းညှပ် ( ၂ ) ခုကို တစ်ဆင့်ခံပြီး အသုံးပြုနေတာပဲ ဖြစ်ပါတယ် ။ ဒီနည်းလမ်းကတော့ အတော်လေး အန္တရာယ်များလို့ မလုပ်ကြည့်တာ အကောင်းဆုံးပါပဲ ။ shwekhitonlinetv.com

၂။ အကြောင်းပြချက် မရှိပဲ ဆောက်ထားတဲ့ လှေကား

အခုပုံမှာ မြင်နေရတဲ့ လှေကားကို ဆောက်သွားတဲ့ ပညာရှင်ကတော့ ဘယ်လို စိတ်ကူးနဲ့ လုပ်ပေးသွားဆိုတာ မစဉ်းတတ်လောက်အောင်ပါပဲ ။ လှေကား အဆင့်သေးသေးလေးတွေကို ထည့်ပေးထားပြီး ဘေးဘက်မှာ ဆင်ခြေလျှော အသေးစားလေးတစ်ခု ပါဝင်နေပါသေးတယ်  ။ shwekhitonlinetv.com

၃။ အဆင်ပြေသလို ဆောက်ထားရတဲ့ ဘက်စကတ်ဘောကွင်း

ဒါလေးကတော့ လွတ်နေတဲ့ အဆောက်အဦး အမြင့်ပေါ်မှာ ဆောက်ထားတဲ့ ဘက်စကတ်ဘော ကွင်းတစ်ခုပဲ ဖြစ်ပါတယ် ။ ဒါပေမယ့်လည်း ဘေးဘက် တိုက်တစ်ခုချင်းစီဟာ မျက်နှာစာ မညီတာကြောင့် ကွင်းတစ်ဖက်ခြမ်းစီကို မျက်နှာချင်းဆိုင် မထားနိုင်ပဲ အဆင်ပြေသလို ထားထားရတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၄။ ဂန်းစတား Bike

 အခုမြင်နေရတဲ့ စက်ဘီးလေးကို တော့ ဂန်းစတား စက်ဘီးလို့ ခေါ်ကြပါတယ်။ ပုံစံလေးက သဘောကျချင်စရာ ကောင်းလောက်ပေမယ့်လည်း တစ်ကယ့် လက်တွေ့မှာ နင်းကြည့်ရင်တော့ မချောင်လောက်ပါဘူး ။ shwekhitonlinetv.com

၅။ ပလတ်စတစ် ရေပိုက်ခေါင်း

တစ်ခါတစ်လေ အသုံးပြုနေကျ ဘေစင်က ရေပိုက်ခေါင်း ပျက်သွားတာကို ကြုံဖူးကြမှာပါ ။ ဒီပုံလေးထဲက လူကတော့ ရေပိုက်ခေါင်း မဝယ်ခင်လေးမှာ အစားထိုးတဲ့ အနေနဲ့ ပလတ်စတစ် ပိုက်ကလေးကို တပ်ထားတာပဲ ဖြစ်ပါတယ် ။ ရေစီအားကောင်းတာနဲ့ ကြုံသွားရင်တော့ ရေတွေ ပန်းထွက်သွားနိုင်မှာ အသေအချာပါပဲ ။ shwekhitonlinetv.com

၆။ နံရံကပ် ပန်ကာမရှိသောအခါ

ဒီပုံထဲက အိမ်ရှင်ကတော့ နံရံကပ် ပန်ကာ အတော်လိုချင်နေပုံပါပဲ ။ အကြောင်းကတော့ ရိုးရိုးပန်ကာကို နံရံမှာ တိပ်တွေ အထပ်ထပ် ကပ်ပြီး တပ်ထားတာပဲ ဖြစ်ပါတယ် ။ သူ့လုပ်ပုံက အခက်မသင့်ရင် တိပ်တွေကွာသွားတဲ့အခါ ပန်ကာ ပြုတ်ကျနိုင်တဲ့ ကိန်းဆိုက်နေပါတယ် ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ ဆောက်လုပ်ရေးပိုင်းမှာ အလွဲအချော်တွေ ဖြစ်သွားရတဲ့ ပုံတွေကို စုစည်းဖော်ပြပေးထားတာပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း ထူးထူးဆန်းဆန်း အကြောင်းအရာလေးတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကိုစောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် ။ shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။

ရွှေခေတ်အွန်လိုင်းတီဗီ၏ Content များကို လစဥ် အခကြေးငွေ သောင်းဂဏန်း ပေးသွင်း၍ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပါသည်။ ဝယ်ယူလိုပါက Shwe Khit Online TV Page ကို မက်ဆေ့ချ်ပို့၍ စုံစမ်းမေးမြန်းနိုင်ပါသည်။

ဝယ်ယူထားခြင်း မရှိဘဲ ဆက်လက် ကူးတင်နေသော ဝက်ဆိုက်နှင့် ပေ့ချ်များကို ဖေ့ဘုတ်ထံသို့ Copyright Claim တင်၍ IA ပျက်သည်အထိ Report လုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။