အိမ်ထဲမှာထားရင် ကံဆိုးစေနိုင်တဲ့ ပစ္စည်း (၆) မျိုး

“ဈေးသုံးလည်း မကြွယ်နဲ့၊ ရှေးထုံးလည်း မပယ်နဲ့” ဆိုသလိုပဲ တစ်ခါတစ်ရံမှာ ရှေးလူကြီးတွေရဲ့ ဆိုရိုးစကားတွေက ဒီနေ့ခေတ် လူနေမှု ဘဝနဲ့ တိုက်ဆိုင်နေတာ မျိုးတွေ ရှိတက်ပါတယ်။ ဒါကြောင့် တစ်ချို့ရှေးအစဉ်အဆက်ကတည်းက ယနေ့တိုင် အကျုံးဝင်နေသေးတဲ့ ဓလေ့ထုံးစံတွေကို မေ့ထားလို့ မရတာအမှန်ပဲဖြစ်ပါတယ်။ ဒါကြောင့်အခုတစ်ခေါက်မှာတော့ တစ်ချို့လူတွေအဖို့ တိုက်ဆိုင်စွာ မှန်ကန်လွန်းတဲ့ အယူအဆလေးတွေကိုပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၁။ လှုပ်ကုလားထိုင် (Rocking Chair)

ဒီလို ကုလားထိုင်မျိုးဟာ များသောအားဖြင့် သဘာဝလွန်ရုပ်ရှင်ဇာတ်ကားတွေနဲ့ ထိတ်လန့်​တုန်လှုပ်ဖွယ်ဇာတ်ကား တွေမှာ အသုံးများပါတယ်။ နောက်ပြီး ဒီထိုင်ခုံတွေအနေနဲ့ ဘယ်သူမှမရှိပါပဲ တစ်ခါတစ်လေ ကျရင်လှုပ်တာမျိုး ကြုံဖူးကြမလားမသိပါဘူး။ ဒါဟာ တစ်ခါတစ်ရံဆို ပြဿနာမရှိပေမယ့် များလာရင်တော့ စိတ်ထဲတော့ စနိုးစနှောင့် ဖြစ်လာမှာ အမှန်ပါပဲ။ အိုင်းရစ်ရှ် သမိုင်း​တွေထဲမှာတော့ ဘယ်သူမှမထိုင်တဲ့ လှုပ်ကုလားထိုင်ဟာ မကောင်းတဲ့ ဝိညာဉ်တွေ လာထိုင်ဖို့ ဖိတ်ခေါ်နေတက်တယ်လို့ဆိုထားပါတယ်။ shwekhitonlinetv.com

၂။ ပျက်နေ၊ ရပ်တန့်နေတဲ့နာရီ

ပျက်စီးကျိုးပဲ့နေတဲ့ ပစ္စည်းတွေကို အိမ်ထဲမှာ မထားကောင်းဘူးဆိုတာတော့ အတော်များများလက်ခံကျမယ်ထင်ပါတယ်။ တစ်ချို့လူမျိုးတွေကတော့ ပျက်စီးရပ်တန့်နေတဲ့ နာရီက မကောင်းတဲ့နိမိတ်တွေ ဖြစ်စေတယ်လို့ အခိုင်အမာ ယုံကြည်ကြပါတယ်။ သူတို့ရဲပ အယူအဆကတော့ အချိန်ကို ညွှန်ပြတဲ့ အရာတွေဟာ အမြဲတမ်း အလုပ်လုပ်နေရပါမယ်။ ဒီလိုမဟုတ်ဘဲ ရပ်တန့်နေမယ်ဆိုရင်တော့ အသုံးပြုတဲ့သူတွေရဲ့ ဘဝတိုးတက်မှုလည်း ပိတ်ဆို့ရပ်တန့်သွားနိုင်ပါသတဲ့။ shwekhitonlinetv.com

၃။ အဆူးရှိသောအပင်များ

ဒီနေ့ခေတ်မှာတော့ ကန္တာရဆူးပင် (Cactus) လေးတွေကို အိမ်တွေ ဆိုင်တွေမှာ အလှစိုက်ပျိုးထားတတ်တဲ့သူတွေအများအပြားရှိပါတယ်။ သူတို့တွေအတွက်တော့ ဒီအချက်က သတင်းဆိုးဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ရှေးလူကြီးတွေရဲ့ ယုံကြည်မှုအရ အဆူးပါတဲ့ အပင်တွေဟာ မကောင်းတဲ့ နိမိတ်တွေကို ဆွဲဆောင်တယ်လို့ ဆိုပါတယ်။ ကန္တာရ ဆူးပင်မှမဟုတ်ပါဘူး။ နှင်းဆီအပါအဝင် အဆူးရှိတဲ့ ဘယ်အပင်မဆို အိမ်ထဲမှာ ထားရင် အိမ်ကိုရော၊ အချစ်ရေး၊ လူမှုရေးတွေကိုပါ အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ shwekhitonlinetv.com

၄။ ဖွင့်ထားတဲ့ထီး

မိုးတွင်းဘက်တွေမှာ တစ်ခါတစ်ရံ အပြင်ကပြန်လာပြီး စိုနေတဲ့ထီးကိုခြောက်အောင်လို့ အိမ်ထဲမှာ ဖွင့်ပြီးလှန်းတာမျိုးကိုတော့ လူအတော်များများ လုပ်ဖူးကြမယ်ထင်ပါတယ်။ ရှေးလူကြီးတွေရဲ့ အယူ​အရတော့ ရာသီဥတုဒဏ်ကို ကာကွယ်ဖို့လုပ်ထားတဲ့ ဘယ်ပစ္စည်းကိုမဆို အိမ်ထဲ ယူဆောင်လာခြင်းက အိမ်ကိုစောင့်ရှောက်နေတဲ့ အိမ်စောင့်နတ်ကို မရိုသေရာကျပါတယ်တဲ့။ ဘာကြောင့်လဲဆိုတော့ အိမ်စောင့်နတ်တွေက အိမ်ကို စောင့်ရှောက်တာ မလုံလောက်ဘူးဆိုတဲ့သဘောမျိုး သက်ရောက်စေလို့ဖြစ်ပါတယ်။ အိမ်စောင့်နတ်က စိတ်ဆိုးပြီး အိမ်ကိုမစောင့်ရှောက်တော့ရင် အိမ်ထဲကို ကံဆိုးခြင်းတွေ ရောက်ရှိလာနိုင်ပါသတဲ့။ shwekhitonlinetv.com

၅။ ခြောက်သွေ့ပြီးသေနေသောအပင်

အိမ်မှာ ကံကောင်းခြင်းတွေနဲ့ လှုပ်ရှားသက်ဝင်နေစေချင်တယ်ဆိုရင် အိမ်ထဲမှာ သေဆုံးနေတဲ့အပင်တွေ၊ ခြောက်သွေ့နေတဲ့အပင်တွေကို ဒီတိုင်းမထားပါနဲ့။ သေနေတဲ့ အရာတွေအိမ်ထဲထားတာက မကောင်းတဲ့ စွမ်းအင်တွေကို စုပ်ယူနေသလိုဖြစ်တက်ပါတယ်။ နောက်ပြီး အမြင်မှာလည်း စိတ်ကို ညစ်ညူးစေနိုင်ပါသတဲ့။ shwekhitonlinetv.com

၆။ ပြက္ခဒိန်အဟောင်းများ

နှစ်ကုန်ပြီး ဒိတ်အောက်သွားပြီဖြစ်တဲ့ ပြက္ခဒိန်အဟောင်းတွေကို မစွန့်ပစ်ဘဲ အိမ်မှာ ဆက်လက်ချိတ်ဆွဲ ထားတာကတော့ ဒီအချက်တွေထဲမှာ အဆိုးဆုံးလို့တောင်ပြောလို့ ရမယ်ထင်ပါတယ်။ ဒီလိုထားရှိတာဟာ အိမ်တစ်အိမ်ကို ကံကောင်းခြင်းတွေဝင်လာဖို့ အဟန့်အတား ဖြစ်စေနိုင်ပါသတဲ့။ ဒါတင်မကသေးပါဘူး ပြက္ခဒိန်အဟောင်းတွေဟာ အိမ်လာဘ်တိတ်စေပြီး အခန့်မသင့်ရင်အသက်တောင် တိုနိုင်တယ်လို့ရှေးလူကြီးတွေက ဆိုကြပါတယ်။ shwekhitonlinetv.com

အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကိုဖတ်ရှုပြီး အားလုံးကျေနပ်နှစ်သိမ့်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။ နောက်ထပ်လည်း ဘယ်လိုစိတ်ဝင်စားဖွယ် အကြောင်းအရာတွေတင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်အားပေးကြပါဦးနော် …. shwekhitonlinetv.com