တာဝန်ချိန် ပြင်ပမှာ ပျော်နေကြတဲ့ ရဲဝန်ထမ်းတွေရဲ့ ကြည်နူးစရာ ဓာတ်ပုံများ

ပရိသတ်ကြီးကို အခုတစ်ခါ ပြောပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ တာဝန်ချိန် ပြင်ပမှာ ပျော်တတ်သလို နေကြတဲ့ ကမ္ဘာတစ်ဝှမ်းက ရဲဝန်ထမ်းတွေရဲ့ ပုံလေးတွေကို ဖော်ပြပေးချင်ပါတယ်။ သူတို့ ဘယ်လို ဟာသတွေ လုပ်ကြလဲဆိုတာကိုတော့ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် ။ shwekhitonlinetv.com

၁။ Shoppin Mall ထဲ ကားမောင်းပြိုင်နေကြတဲ့ ရဲအရာရှိများ

ဒီပုံလေးကတော့ တာဝန်ချိန် ပြီးသွားလို့ ခဏတာ အနားရနေတဲ့ အချိန်အတောအတွင်း Shopping Mall ထဲမှာ ကလေးကစားစရာ ကားလေးစီးပြီး ကားမောင်းပြိုင်နေကြတဲ့ ရဲအရာရှိ ( ၂ ) ယောက်ရဲ့ ပုံကို ရိုက်ကူးထားတာလည်း ဖြစ်ပါတယ် ။ shwekhitonlinetv.com

၂။ Hula Hoop အားကစားမှာတော်တဲ့ ရဲအရာရှိ

အခုမြင်နေရတာကတော့ ကျန်းမာရေး အတွက် ဆော့ရတဲ့ Hula Hoop ကွင်းကလေးကို ကျွမ်းကျင်စွာ လှည့်ပြနေတဲ့ ရဲအရာရှိတစ်ယောက်ရဲ့ ပုံကို ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ တစ်ခါတစ်လေ ရဲဝန်ထမ်း အလုပ်အပြင် တစ်ခြားသော နယ်ပယ်တွေမှာလည်း ကျွမ်းကျင်ပါတယ်ဆိုတာကို ဒီရဲအရာရှိကြီးက သက်သေပြနေတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၃။ ပန်းရောင် လက်ထိပ်

ဒါကတော့ ရဲဝန်ထမ်းတွေ အသုံးပြုနေကျမဟုတ်တဲ့ ကစားစရာ အရုပ်လက်ထိပ်လေးကို ဟာသအနေနဲ့ တပ်ပြနေတဲ့ ပုံပဲ ဖြစ်ပါတယ်။ ဒီလက်ထိပ်နဲ့ အဖမ်းခံရမယ့် လူဆိုးကတော့ တော်တော်လေးကို စိတ်ညစ်သွားမှာပါ ။ shwekhitonlinetv.com

၄။ ဘောလုံးဂိမ်းကစားနည်းမှာလည်း ကျွမ်းကျင်ကြသူများ

ဒီပုံကတော့ ပျော်ပွဲရွှင်ပွဲတစ်ခုမှာ အားတဲ့ အချိန်အတွင်း ဂိမ်းလာကစားကြတဲ့ ရဲဝန်ထမ်း ( ၂ ) ယောက်ရဲ့ ပုံပဲ ဖြစ်ပါတယ်။ တာဝန်ချိန်အတွင်းမှာတော့ အလုပ်တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ကြပြီး အားလပ်တဲ့ အချိန်ရောက်ရင်လည်း သာမန်လူတွေလိုမျိုး ပျော်တတ်ကြတဲ့ လူတွေ ဖြစ်မယ်ထင်ပါတယ် ။ shwekhitonlinetv.com

၅။ စကိတ်စီး စွမ်းရည်

အခုပုံထဲက ရဲအရာရှိကတော့ စကိတ်ဘုတ် မစီးတော့တာ အချိန်အတော်ကြာမြင့်ပြီ ဖြစ်ပေမယ့်လည်း ခဏတာ ပြန်စီးကြည့်တဲ့ အခါမှာတော့ အရင်တုန်းက စီးခဲ့တဲ့ မှတ်ဉာဏ်တွေ ရှိနေတုန်းမို့လို့ အထာကျကျ စကေး ပြနိုင်ခဲ့ပါတယ် ။ shwekhitonlinetv.com

၆။ Dj လက်စွမ်းပြနေတဲ့ ရဲမေများ

ဆွီဒင်နိုင်ငံသားတွေဟာဆိုရင် ဂီတ ပွဲတော်တွေကို အတော်လေး သဘောကျတဲ့ လူမျိုးတွေ လို့ ပြောရမှာပါ ။ အခုပုံမှာဆိုရင်လည်း Dj Festival တစ်ခုမှာ  စင်ပေါ်တက်ပြီး လက်စွမ်းပြနေတဲ့ ဆွီဒင်ရဲမေ ( ၂ ) ဦးရဲ့ပုံပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၇။ ကလေးတွေနဲ့ အတူပျော်နေတဲ့ ရဲသားကြီး

ဒီပုံထဲက ရဲသားကြီးကတော့ ကလေးတွေ ဆီကနေ နှင်းလျှောစီးတဲ့ ဘုတ်တစ်ခုကို ငှားပြီး နှင်းလျှောစီးနေတာပဲ ဖြစ်ပါတယ်။ တစ်ခါတစ်လေ စိတ်ဖိစီးမှုများတဲ့ အခြေအနေမှာ ဒီလိုမျိုး လွတ်လပ်စွာ ရယ်မောနိုင်ဖို့လည်း လိုပါတယ်နော် ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ တာဝန်ချိန် ပြင်ပ မှာ ပျော်တတ်သလို နေကြတဲ့ ရဲဝန်ထမ်းတွေရဲ့ ဟာသ ဓာတ်ပုံလေးတွေကို ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းတွေမှာလည်း စိတ်လက်ပေါ့ပါးစွာ ရယ်မောနိင်မယ့် ပုံလေးတွေ ဖော်ပြပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် ။ shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။

ဆက်လက် ကူးတင်နေသော ဝက်ဆိုက်နှင့် ပေ့ချ်များကို ဖေ့ဘုတ်ထံသို့ Copyright Claim တင်၍ IA ပျက်သည်အထိ Report လုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။