ကမ္ဘာကျော်များရဲ့တန်ဖိုးကြီးမားလွန်းတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း အာမခံများ

အခုတစ်ခေါက်မှာတော့ ကမ္ဘာကျော်ပုဂ္ဂိုလ်တွေရဲ့ သူ့တို့ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို အာမခံထားရှိတဲ့ တန်ဖိုးတွေကိုဖော်ပြပေးချင်ပါတယ်။ ဒီအာမခံကြေးတွေရဲ့ တန်ဖိုးက အမေရိကန်ဒေါ်လာ သန်းရာ၊ထောင် ချီနေတာမို့လို့ ပေါ့သေးသေးတော့မထင်မှတ်လိုက်ပါနဲ့နော် …..shwekhitonlinetv.com

၁။ မာရီယာကာရေး

ဂရမ်မီဆု (၅) ကြိမ်၊ ကမ္ဘာလုံးဆိုင်ရာဂီတဆု (၁၉) ကြိမ်၊ အမေရိကန်ဂီတဆိုင်ရာဆု (၁၀) ကြိမ်၊ ဘီလ်ဘုတ်ဂီတဆု (၁၅) ကြိမ်ရရှိထားတဲ့ အမေရိကန်အဆိုတော် မာရီယာကာရေး ကိုတော့ပရိသတ်တွေရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ သူမဟာ သူမရဲ့ခြေထောက်တွေကို အာမခံထားရှိထားပြီး တန်ဖိုးပမာဏကတော့ အမေရိကန်ဒေါ်လာ (၁) ဘီလီယံဖြစ်ပါတယ်။shwekhitonlinetv.com

၂။ လီယွန်နယ်မက်ဆီ

အာဂျင်တီးနားအသင်းကို ပူပူနွေးနွေးကမ္ဘာ့ဖလားရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့တဲ့ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမား လီယွန်နယ်မက်ဆီကတော့ သူ့ရဲ့ခြေချောင်းတွေအတွက် အာမခံထားရှိထားပါတယ်။ သတင်းတွေအရ မက်ဆီရဲ့ခြေချောင်းတွေအတွက် အာမခံကြေးတန်ဖိုးက အမေရိကန်ဒေါ်လာသန်း (၉၀၀) အထိရှိတယ်လို့သိရပါတယ်။shwekhitonlinetv.com

၃။ ဒေးဗစ်ဘက်ခမ်း

နာမည်ကျော်ဘောလုံးသမားဟောင်း ဒေးဗစ်ဘက်ခမ်းကလည်း ပရိသတ်တွေနဲ့ အထူးတလည်မိတ်ဆက်စရာမလိုတဲ့ ကမ္ဘာကျော်ပုဂ္ဂိုလ်တစ်ဦးဖြစ်မယ်ထင်ပါတယ်။ ဘောလုံးလောကအပြင် အခြားနယ်ပယ်တွေမှာလည်းအတော်လေး သြဇာရှိပြီးပုံရိပ်ကြီးမားတဲ့ ဒေးဗစ်ဟာ သူ့ရဲ့ ခြေထောက်တွေကို အမေရိကန်ဒေါ်လာ (၁၉၅) သန်းနဲ့ အာမခံထားရှိထားတဲ့သူဖြစ်ပါတယ်။shwekhitonlinetv.com

၄။ ခရစ္စတီယာနိုရော်နယ်ဒို

ပေါ်တူဂီဘောလုံးမင်းသားဖြစ်တဲ့ ခရစ္စတီယာနိုရော်နယ်ဒိုကလည်း လက်ရှိဘောလုံးလောကရဲ့ အိုင်ကွန်တစ်ဦးဖြစ်ပါတယ်။ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု (၅) ကြိမ်ရရှိထားတဲ့ ရော်နယ်ဒိုကတော့ သူ့ရဲ့ခြေထောက်တွေကို အမေရိကန်ဒေါ်လာ (၁၄၄) သန်းနဲ့ အာမခံထားရှိထားပါတယ်။shwekhitonlinetv.com

၅။ တေလာဆွစ်ဖ်

လက်ရှိဂီတနယ်ပယ်ရဲ့ အတောက်ပဆုံးကြယ်ပွင့်တစ်ပွင့်လို့ ဆိုရမယ့်အဆိုတော်မလေး တေလာဆွစ်ဖ်ကတော့ သူမရဲ့ ရှည်လျားပြီးသွယ်လှတဲ့ ခြေချောင်းတွေအတွက် အာမခံတစ်ခုထားရှိထားပါတယ်။ တေလာဆွစ်ဖ်ရဲ့ ခြေချောင်းတွေအတွက် အာမခံကြေးကတော့ အမေရိကန်ဒေါ်လာ သန်း (၄၀) ဖြစ်ပါတယ်။shwekhitonlinetv.com

၆။ ဂျနီဖာလိုပက်ဇ်

ဂျေလို လို့ ပရိသတ်တွေချစ်စနိုးခေါ်ကြတဲ့ ပေါ့ဘုရင်မ ဂျနီဖာလိုပက်ဇ်ကလည်း ဂီတနယ်ပယ်မှာ နှစ်ပေါင်းများစွာအောင်မြင်မှုကို ထိန်းထားနိုင်တဲ့သူတစ်ဦးဖြစ်ပါတယ်။ သူမရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေထဲမှာ လူစိတ်ဝင်စားမှုအများဆုံးဖြစ်တဲ့ တင်ပါးတွေကိုတော့ ဂျေလိုက အမေရိကန်ဒေါ်လာ (၂၇) သန်းနဲ့အာမခံထားရှိထားပါတယ်။shwekhitonlinetv.com

၇။ ဒန်နီယယ်ခရိတ်

ဂျိမ်းစ်ဘွန်းမင်းသားအဖြစ်လူသိများတဲ့ ဗြိတိန်သရုပ်ဆောင် ဒန်နီယယ်ခရိတ်ကလည်း အန္တရာယ်ရှိတဲ့ စတန့်တွေပြုလုပ်ရတဲ့ ဇာတ်ဝင်ခန်းတွေကြောင့်သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို အာမခံထားရှိထားတဲ့သူဖြစ်ပါတယ်။ ခရိတ်ဟာ သူ့တစ်ကိုယ်လုံးကို အမေရိကန်ဒေါ်လာ (၉.၅) သန်းနဲ့အာမခံထားရှိထားတာပဲဖြစ်ပါတယ်။shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။