ကမ္ဘာအနှံ့က ပူလွန်းတဲ့ သဲကန္တာရတွေမှာ တွေ့ရတဲ့ ထူးထူးဆန်းဆန်း အရာများ

ပရိသတ်ကြီးကို အခုတစ်ခါမှာ ပြောပြပေးချင်တဲ့ အကြောင်းအရာလေးကတော့  သဲကန္တာရထဲမှာသာ တွေ့ရနိုင်တဲ့ ထူးထူးဆန်းဆန်း အရာတွေကို ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ် ။ ကမ္ဘာ့ကုန်းမြေရဲ့ သုံးပုံ တစ်ပုံလောက်မှာရှိတဲ့ ကန္တာရတွေထဲမှာ ဘယ်လို ထူးဆန်းတာတွေ ရှိမလဲဆိုတာကတော့ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် ။ shwekhitonlinetv.com

၁။ တက္ကဆက် သဲကန္တာရ

တက္ကဆက် သဲကန္တရာ အလယ်ပိုင်းမှာဆိုရင် ကမ္ဘာကျော် ဖက်ရှင် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Prada က ဖွင့်လှစ်ထားတဲ့ Prada Store တစ်ခုရှိပါတယ် ။ ဒီစတိုးဆိုင် အတွင်းက စင်တွေမှာဆိုရင် စျေးကြီးလွန်းတဲ့ အိတ်တွေ ၊ လက်ဝတ်ရတနာတွေနဲ့ ဒီဇိုင်နာ ဖိနပ်တွေကို ပြသထားပါတယ် ။ တစ်ခါတုန်းက ဖောက်ထွင်းမှု ကြုံခဲ့ရတဲ့ နောက်ပိုင်း သော့ခလောက်တွေကို အဆင့်မြှင့်တင်ခဲ့ပြီး တော်ရုံနဲ့ မကွဲနိုင်တဲ့ ပြတင်းပေါက် မှန်တွေကို တပ်ဆင်ထားပါသေးတယ် ။ shwekhitonlinetv.com

(Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။

ဆက်လက် ကူးတင်နေသော ဝက်ဆိုက်နှင့် ပေ့ချ်များကို ဖေ့ဘုတ်ထံသို့ Copyright Claim တင်၍ IA ပျက်သည်အထိ Report လုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။)

၂။ အရီဇိုးနား သဲကန္တာရ

အရီဇိုးနား သဲကန္တာရထဲကို ရောက်သွားမယ်ဆိုရင် ၂၀ မီတာလောက် ရှည်တဲ့ ကျောက်တုံး မြှားကြီးတစ်ခုကို တွေ့ရမှာပါ ။ နှစ်ပေါင်းများစွာတုန်းက ဒေသခံတွေဟာ သူတို့ရဲ့ မူလဇာစ်မြစ်ကို သိဖို့အတွက် ကြိုးစားလာခဲ့ကြပြီး ဖြစ်နိုင်ချေရှိတဲ့ သီအိုရီတွေကို ထုတ်နိုင်ခဲ့ပါတယ်။ shwekhitonlinetv.com

အချက်အလက်တွေအရတော့ ဒီ ကျောက်မြှားကြီးကို ၁၉၁၁ ခုနှစ်က တည်ဆောက်ခဲ့တာဖြစ်ပြီး GPS တွေ ၊ Google Map တွေ မပေါ်ခင်တုန်းက ကာလမို့လို့ စာပို့လေယာဉ်တွေ အတွက် အနောက်ဖက်ကို ကမ်းရိုးတန်းကို သွားတဲ့အခါ လမ်းပြနိုင်ဖို့အတွက် လုပ်ပေးခဲ့တာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၃။ အီဂျစ်အရှေ့ပိုင်း သဲကန္တာရ

အခုမြင်နေရတဲ့ ပုံကတော့ အီဂျစ် အရှေ့ပိုင်း သဲကန္တာရထဲမှာ တည်ရှိတာဖြစ်ပြီး ၁၉၉၇ ခုနှစ်တုန်းက ဂရိအနုပညာရှင် ဖန်တီးထားတဲ့ လက်ရာ ဖြစ်ကာ UFO အခြေစိုက်စခန်းနဲ့တောင် ဆင်တူနေပါတယ် ။ အကျယ်အဝန်းကတော့ စတုရန်းမိုင် တစ်သိန်း ရှိပြီး သဲကန္တာရရဲ့ အသက်ရှုသံလို့ နာမည် ပေးထားပါတယ် ။ shwekhitonlinetv.com

၄။ Atacama သဲကန္တာရ

ချီလီနိုင်ငံ မြောက်ပိုင်းမှာရှိတဲ့ Atacama သဲကန္တာရမှာဆိုရင် မြေကြီးထဲကနေ ထိုးထွက်နေတဲ့ ပုံစံဖန်တီးထားတဲ့ ကျောက် လက်ကြီး တစ်ခုရှိပါတယ် ။ သူ့ရဲ့ အမြင့်ကတော့ ၁၁ မီတာ အမြင့်ရှိပြီး ( ၁၉၉၂ ) ခုနှစ်မှာ စတင်တည်ဆောက်ခဲ့တာ ဖြစ်ကာ သဲထဲမှာ နစ်မြုပ်နေတဲ့ လူတစ်ဦးရဲ့ အားနည်းချက်နဲ့ အကူညီမဲ့နေတဲ့ အဓိပ္ပါယ်မျိုးနဲ့ ဖန်တီးထားတာပဲ ဖြစ်ပါတယ် ။ ဒီလက်ကြီးက ဘယ်လောက်တောင်ကြီးလဲဆိုရင် Google Map ကနေတောင် အလွယ်တကူ မြင်နိုင်ပါတယ်တဲ့ ။ shwekhitonlinetv.com

၅။ Mojave သဲကန္တာရ

Mojave သဲကန္တာရ ထဲမှာဆိုရင် ဩစတေးလျ နိုင်ငံသား ပညာရှင်တစ်ဦး ဖန်တီးထားတဲ့ ရေကူးကန် တစ်ခုရှိပါတယ် ။ သဘောကျတဲ့အချက်က ပူပြင်းလှတဲ့ သဲကန္တာရထဲမှာ ရေအေးအေးလေးနဲ့ ဘယ်သူမဆို ရေကူးခွင့်ပေးထားလို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီရေကူးကန်ကို အလွယ်ရှာမတွေ့နိုင်ပါဘူးတဲ့ ။ အနီးအနားမှာ ဘာအမှတ်မသားမှ မရှိပဲ Google Map ကနေတောင် ရှာလို့မရပါဘူးတဲ့ ။ shwekhitonlinetv.com

၆။ Libyan ဖန်တုံး

Libyan ဖန်တုံးဆိုတာ ကမ္ဘာပေါ်မှာ တွေ့ရခဲလှတဲ့ သတ္ထုတစ်မျိုး ဖြစ်ပြီး အီဂျစ်နိုင်ငံရဲ့ သဲကန္တာရတွေထဲမှာသာ ရှာတွေ့နိုင်မှာပဲ ဖြစ်ပါတယ် ။ အထင်ရှားဆုံး Libyan ဖန်တုံးလေးကိုတော့ တူတန်ခမန်ဘုရင်ရဲ့ အုတ်ဂူထဲကနေ ရှာတွေ့ခဲ့တာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

သိပ္ပံပညာရှင်တွေဟာဆိုရင် ဒီဖန်တုံးရဲ့ ဖွဲ့စည်းပုံကို သေချာ မရှင်းပြနိုင်သေးသော်လည်း လွန်ခဲ့တဲ့ နှစ်ပေါင်း ( ၂၈ ) သန်းလောက်တုန်းက ကမ္ဘာမြေပေါ်ကျခဲ့တဲ့ ဥက္ကာခဲတစ်ခုရဲ့ အစိတ်အပိုင်းဖြစ်နိုင်တယ်လို့ ပြောကြားခဲ့ကြပါတယ် ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ ကမ္ဘာအနှံ့က သဲကန္တာရတွေမှာသာ မြင်တွေ့နိုင်တဲ့ ထူးထူးဆန်းဆန်း အရာတွေကို ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာတွေကို ဖော်ပြပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် ။ shwekhitonlinetv.com