စားသောက်ဆိုင်မှာ ပင်လယ်စာသွားစားရင်းနဲ့ ချမ်းသာသွားတဲ့ လင်မယားနှစ်ဦးရဲ့အဖြစ်

Tenafly မှာနေထိုင်တဲ့ အသက် (၅၂) နှစ်အရွယ် Anton Schermer ဟာ Staples ကုမ္ပဏီရဲ့ အရောင်းအမှုဆောင်တစ်ဦးဖြစ်ပါတယ်။ သူနဲ့ သူ့ရဲ့ ဇနီးဖြစ်သူတို့ဟာ New Jersey ပြည်နယ် Closer မှာ မကြာသေးမီက ဖွင့်လှစ်လိုက်တဲ့ Stern & Bow စားသောက်ဆိုင်မှာ ညစာစားခဲ့ပါတယ်။ shwekhitonlinetv.com

ဒီလို ညစာစားနေရင်းနဲ့ Schermer ဟာသူ့ရဲ့သွားကြားမှာတစ်စုံတစ်ခု ညပ်နေသလိုခံစားရပြီး လက်နဲ့ဆွဲထုတ်ခဲ့ပါတယ်။ သူ့ရဲ့စိတ်ထဲမှာတော့ သူစားနေတဲ့ ကမာကောင်ရဲ့ ခန္ဓာကိုယ်အပိုင်းအစတစ်ခုဆိုတဲ့ အထင်နဲ့သာဆွဲထုတ်လိုက်တာဖြစ်ပါတယ်။ shwekhitonlinetv.com

ဒါပေမယ့် အဲ့ဒီအရာကိုကြည့်လိုက်တဲ့ အခါမှာတော့သူရော သူ့ဇနီးပါ အံ့သြသွားခဲ့ရပါတယ်။ ဘာလို့လဲဆိုတော့ ဒီထူးဆန်းတဲ့အရာလေးက ပုလဲနဲ့ဆင်တူပြီး အတော်လေးကိုရှားပါးတဲ့အရာလေး ဖြစ်နေတာကြောင့်ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

ကမာကောင်ထဲက ပုလဲတွေ့ရှိတယ်ဆိုတာကတော့ သိပ်ပြီးထူးဆန်းတဲ့အရာမျိုးမဟုတ်ဘူးလို့ ထင်ရပေမယ့် သူတို့စားသုံးနေတဲ့ ရေအေးပိုင်းနေ Taylor Kumamoto အမျိုးအစားကမာကောင်တွေကတော့ ခန္ဓာကိုယ်ထဲမှာ ပုလဲဖြစ်တည်လေ့ရှိတဲ့ ကမာကောင်တွေမဟုတ်ပါဘူး။ shwekhitonlinetv.com

Stern & Bow စားသောက်ဆိုင်က ကမာကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ Kevin Joseph ရဲ့ပြောကြားချက်အရတော့ “ဒီအဖြစ်အပျက်ကတော်တော်လေးကို ရှားတယ်ဗျ။ ကျွန်တော် ကမာကောင်ပေါင်း ထောင်သောင်းမကကို ကိုင်ဖူးပါတယ်။ ဒါပေမယ့် Kumo ကမာကောင်ဆီကနေ ပုလဲရှာတွေ့တယ်ဆိုတာကို တစ်သက်နဲ့တစ်ကိုယ်တစ်ခါမှ မကြားဖူးခဲ့ပါဘူး” လို့ဆိုပါတယ်။ shwekhitonlinetv.com

ဒီပုလဲလေးဟာ သေးငယ်လှပေမယ့်လည်း ကြုံတောင့်ကြုံခဲဖြစ်စဉ်ကနေ ရရှိလာတဲ့ ရှားပါးတဲ့ ပုလဲလေးဖြစ်တာကြောင့် တန်ဖိုးကတော့ မနည်းလှတာကျိန်းသေပါတယ်။ shwekhitonlinetv.com

Anton Schermer ဟာအလွန်ကံကောင်းတဲ့သူတစ်ဦးလို့ ဆိုနိုင်ပြီးအခုလို စားသောက်နေရင်းကမာကောင်ထဲက ပုလဲတွေ့ရှိတာဟာ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ အရင်ကလည်းစားသောက်ဆိုင်တစ်ခုမှာ ကမာကောင်စားရင်း ပုလဲနက် (၂) လုံးတွေ့ရှိဖူးတယ်လို့ သိရပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။