ဈေးနှုန်းကြည့်လိုက်တာနဲ့ ပါးစပ်အဟောင်းသား ဖြစ်သွားစေမယ့် ကမ္ဘာ့ဈေးအကြီးဆုံး သရက်သီး

အိန္ဒိယနိုင်ငံ Madhya Pradesh မှာရှိတဲ့ စုံတွဲတစ်တွဲဟာ သရက်ပင်နှစ်ပင်ရှိတဲ့ သူတို့ရဲ့ ခြံဝန်းကို ကာကွယ်စောင့်ရှောက်ဖို့အတွက် အစောင့်တစ်ဒါဇင်နီးပါးကိုငှားရမ်းခန့်အပ်ခဲ့ပြီး ခွေးများကိုလည်း မွေးမြူထားခဲ့တယ်လို့ငိရပါတယ်။ shwekhitonlinetv.com

အကြောင်းကတော့ ဒီသရက်ပင်တွေဟာ သာမန်သရက်ပင်တွေမဟုတ်ဘဲ နိုင်ငံတကာဈေးကွက်မှာ တစ်ကီလိုကို အိန္ဒိယရူပီး ၂.၇ သိန်း (အမေရိကန်ဒေါ်လာ ၃၅၀၀) ဝန်းကျင်နဲ့ ရောင်းချနိုင်တဲ့ ကမ္ဘာ့ဈေးအကြီးဆုံး ဂျပန်မီယာဇာကီ သရက်သီးမျိုးဖြစ်နေတာကြောင့်ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

Sankalp Singh Parihar လို့ခေါ်တဲ့ ဒီအမျိုးသားဟာ မျိုးစပ်အုန်းပင်တွေကို လိုက်လံရှာဖွေဝယ်ယူရင်းကနေ
အဆိုပါ မီယာဇာကီ သရက်ပင်မျိုးစိတ်ကို မိတ်ဆွေတစ်ဦးက (၃၃) ဒေါ်လာနဲ့ရောင်းချဖို့ကမ်းလှမ်းခဲ့လို့ ဝယ်ယူစိုက်ပျိုးခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

မီယာဇာကီ သရက်သီးတွေဟာ ကမ္ဘာပေါ်တွင် ဈေးအကြီးဆုံးအသီးအနှံများတွေထဲက တစ်ခုဖြစ် ပြီး ဂျပန်၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်အပါအဝင် အာရှနိုင်ငံအချို့မှာ စိုက်ပျိုးဖြစ်ထွန်းတာကို တွေ့ရှိရပါတယ်။ နိုင်ငံတကာ ဈေးကွက်မှာတော့ ဒီသရက်သီးတွေကို “Egg of the Sun” လို့လည်းခေါ်ကြပါသေးတယ်။ shwekhitonlinetv.com

ဒီသရက်သီးပျိုးပင်တွေဟာ အသီးသီးနိုင်တဲ့ အပင်အရွယ်အစားရောက်ဖို့ အတွက်အတော်လေးကို ဂရုတစိုက်ထိန်းသိမ်းရပြီး နွေးထွေးတဲ့ရာသီဥတုနှင့် နေရောင်ခြည်နာရီပေါင်းများစွာ ရရှိဖို့လိုအပ်ပါတယ်။ shwekhitonlinetv.com

သရက်သီးရဲ့အရောင်က ဥတစ်လုံးကဲ့သို့ ထူးထူးခြားခြားတောက်ပနေတာကြောင့် အချို့က “Egg of the Sun” လို့ခေါ်ဆိုကြတာဖြစ်ပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေမှာ စိုက်ပျိုးတဲ့ မီယာဇာကီမျိုးတွေကတော့ ပျမ်းမျှတစ်လုံးကို (၃၅၀) ဂရမ်လောက်အလေးချိန်ရှိပြီး အဝါရောင်ဘက်အနည်းငယ်သန်းပါတတယ်။ shwekhitonlinetv.com

မီယာဇာကီ သရက်သီးတွေဟာ အခြားသရက်သီးတွေထက် သကြားပါဝင်မှု (၁၅) ရာခိုင်နှုန်းပိုမိုမြင့်မားတာကြောင့် ချီအီနေတဲ့အရသာရှိပါတယ်။ ဒါ့အပြင် အခွံကလည်းအခြားသရက်သီးတွေလိုမျိုးမဟုတ်ဘဲ စားလို့ကောင်းတယ်လို့သိရပါတယ်။ shwekhitonlinetv.com

ဒီသရက်သီးတွေရဲ့ဈေးနှုန်းက တစ်ကီလိုကို အိန္ဒိယရူပီး (၂.၇) သိန်းအထိပေးရတာကြောင့် မြန်မာငွေနဲ့တွက်ကြည့်မယ်ဆိုရင်တော့ တစ်ကီလိုကို (၆၅) သိန်းကျော်ကျသင့်မှာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။