ရေမရှိဘဲ ၂၄ နာရီအထိ အသက်ရှင်နိုင်တဲ့ ဧရာမ ငါးမျိုးစိတ်ကြီးတွေ အကြောင်း

ဒီငါးတွေကိုတော့ Arapaima လို့ခေါ်ပါတယ်။ တောင်အမေရိကတိုက်က အမေဇုန် (Amazon) နဲ့ အက်စ္စကွီဘို (Essequibo) မြစ်ဝှမ်းတွေမှာသာတွေ့ရတက်တဲ့ အရွယ်အစားကြီးမားလွန်းတဲ့ ရေချိုငါးတွေလည်းဖြစ်ပါတယ်။ ဒေသတွင်းမှာဆိုရင်တော့ ဒီငါးကို Pirarucu လို့ခေါ်ကြပြီး ငါးနီ (Red Fish) လို့ အဓိပ္ပါယ်ရပါတယ်။ shwekhitonlinetv.com

ဒီငါးတစ်ကောင်ရဲ့ အလေးချိန်ကတော့ ပေါင် (၅၀၀) နီးပါးအထိတောင်ရှိတက်ပါတယ်။ နောက်ပြီး အရှည်အနေနဲ့ (၁၀) ပေလောက်အထိ ကြီးထွားနိုင်ကြပြီး တစ်ခါတစ်ရံမှာဆိုရင် (၁၅) ပေနီးပါးလောက်ရှိတဲ့အကောင်တွေကိုလည်း တွေ့ရတက်တယ်လို့ ဒေသခံတံငါသည်တွေကဆိုကြပါတယ်။ shwekhitonlinetv.com

ဒါဟာ သာမန်အရွယ်ရောက်ပြီး မိချောင်းတစ်ကောင်ထက်တောင်မှ ပိုပြီးရှည်လျားတဲ့ ပမာဏဖြစ်ပါတယ်။ ဒါကြောင့်လည်း ရှေးရိုးစွဲ ဒေသခံတွေက ဒီငါးတွေကို မြစ်ဘီလူူးလို့တင်စားခေါ်ဝေါ်ကြတာဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီငါးတွေနဲ့ပတ်သတ်ပြီး ထူးဆန်းတဲ့အချက်တစ်ခုကတော့ ရေမရှိဘဲ (၂၄) နာရီလောက်ထိ အသက်ရှင်သန်နိုင်ကြတာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့မှာ အောက်ဆီဂျင်ကိုရှုသွင်းနိုင်တဲ့ ဆီးအိမ်ပါရှိလို့ဖြစ်ပါတယ်။ shwekhitonlinetv.com

အရွယ်အရောက်သေးတဲ့ ငါးလေးတွေကတော့ ဒီလိုမျိုးရှင်သန်နိုင်ခြင်းမရှိကြပါဘူး။ အကြောင်းကတော့ သူတို့မှာ သေးငယ်တဲ့ပါးဟပ်လေးတွေသာပါရှိလို့ဖြစ်ပါတယ်။ ဒီ ပါးဟပ်လေးတွေဟာ အတော်လေးကိုသေးလွန်းတာကြောင့် အရွယ်မရောက်သေးတဲ့ ငါးလေးတွေအနေနဲ့ (၁၀) မိနစ်တစ်ခါလောက် ရေပေါ်ကိုတက်ပြီး လေကိုရှူရှိုက်ကြရပါတယ်။ shwekhitonlinetv.com

နောက်ထပ်ထူးခြားတာတစ်ခုကတော့ ဒီငါးတွေရဲ့အကြေးခွံတွေပဲဖြစ်ပါတယ်။ သူတို့ရဲ့ အကြေးခွံတွေဟာ အခြားငါးတွေထက်သိသိသာသာ ပိုကြီးမားပြီး တစ်ခုကို (၆) စင်တီမီတာလောက်ထိရှိပါတယ်။ ဒီအကြေးခွံတွေကို သူတို့ကို မိုးသစ်တောထဲက အခြားသားစား သတ္တဝါတွေရဲ့ ရန်ကနေ ကာကွယ်ပေးနိုင်ပါတယ်။ shwekhitonlinetv.com

ဒီငါးတွေဟာ သူတို့ရဲ့ ကလေးတွေကို အလွန်ဂရုစိုက်တက်တဲ့ ငါးတစ်မျိုးလည်းဖြစ်ပါတယ်။ ငါးထီးတွေဟာ ဥမှပေါက်ပြီးတဲ့ သူတို့ရဲ့ သားလောင်းတွေကို အခြားသတ္တဝါတွေရဲ့ စားသုံးခြင်းကနေလွတ်ကင်းအောင်လို့ ပါးစပ်ထဲမှာ ငုံထားပြီး ပြုစုစောင့်ရှောက်တက်ကြပါတယ်။ shwekhitonlinetv.com

အချုပ်အားဖြင့်ပြောရရင်တော့ ဒီ Arapaima ငါးမျိုးစိတ်တွေဟာ ရေချိုငါးတွေထဲမှာအကြီးမားဆုံးဖြစ်ပြီး အခြားငါးတွေနဲ့မတူတဲ့ ထူးဆန်းတဲ့ငါးတစ်မျိုးဖြစ်ပါတယ်။ နောက်ပြီး အမေဇုန်မိုးသစ်တောနဲ့ အက်စ္စကွီဘိုမြစ်ဝှမ်းတွေကလွဲရင် ကမ္ဘာကြီးရဲ့ တစ်ခြားဘယ်နေရာမှာမှ မတွေ့ရှိရသေးတဲ့ ငါးမျိုးစိတ်တစ်မျိုး ဖြစ်ကြောင် ဖော်ပြလိုက်ရပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။