ပုံမှန်မြင်တွေ့နေကြ အရောင်အဆင်းမျိုးမဟုတ်တဲ့ ရှားရှားပါးပါး အသီးအနှံများ

သင့်အနေနဲ့ ခရမ်းရောင်ပန်းဂေါ်ဖီ၊ အနက်ရောင်ခရမ်းချဉ်သီး၊ အပြာရောင်ရွှေဖရုံသီး အစရှိတဲ့ဟင်းသီးဟင်းရွက် သစ်သီးဝလံတွေကိုမြင်တွေ့ဖူးပါသလား ? တစ်ကယ်လို့မမြင်တွေ့ဖူးသေးဘူး ဆိုရင်တော့ ဗဟုသုတအဖြစ်ဖတ်ရှုလေ့လာကြည့်ဖိုးတိုက်တွန်းပါရစေနော် ….. shwekhitonlinetv.com

၁။ အနက်ရောင်ကြက်သွန်ဖြူ

သူ့ရဲ့အရောင်ဆင်းကိုကြည့်ပြီး ကြက်သွန်နက်လို့ခေါ်မလား အနက်ရောင်ကြက်သွန်ဖြူလို့ပဲခေါ်ရမလားဆိုတာ ဝေခွဲမရဖြစ်စေပါတယ်။ တစ်ကယ်တော့ဒါဟာသာမန် ကြက်သွန်ဖြူကိုပဲ ကစော်ဖောက်သလိုမျိုးပြုလုပ်ထားတာဖြစ်ပါတယ်။ ကိုရီးယားမှာဆိုရင်တော့ ကျန်းမာရေးထုတ်ကုန်တွေနဲ့ အားဖြည့်အချိုရည်တွေမှာ ဒီလိုအနက်ရောင်ကြက်သွန်ုဖြူတွေကို ထည့်သွင်းအသုံးပြုပါတယ်။ shwekhitonlinetv.com

၂။ အပြာရောင်စတော်ဘယ်ရီသီး

အပြာရောင်စတော်ဘယ်ရီသီးတွေကတော့ အာတိတ်ဒေသမှာနေထိုင်ကျက်စားတဲ့ Arctic Flounder Fish ဆိုတဲ့ငါးတစ်မျိုးရဲ့မျိုးဗီဇကို ပုံမှန်စတော်ဘယ်ရီးသီးထဲကို ဆေးထိုးသွင်းပြီးစိုက်ပျိုးထားတာဖြစ်ပါတယ်။ ဒီငါးတွေဟာ ရေခဲမတက်အေးလွန်းလှတဲ့ရေထဲမှာတောင် အေးခဲမသွားနိုင်တဲ့အစွမ်းသတ္တိရှိပါတယ်။ ဒီငါးရဲ့မျိုးဗီဇကို စတော်ဘယ်ရီသီးထဲမှာထိုးသွင်းပြီးစိုက်ပျိုးပြီးရရှိလာတဲ့ ရလဒ်ကတော့ ရေခဲသေတ္တာထဲမှာ ရေရှည်အထားခံပြီး အေးခဲလွန်းသွားခြင်း၊ ပျော့သွားခြင်းမရှိတာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ အပြာရောင်ရွှေဖရုံသီး

ရွှေဖရုံသီးတွေကိုတော့ သာမန်မြင်နေတွေ့နေကြမဟုတ်တဲ့အရောင်တွေနဲ့တွေ့ရတက်တာဟာ အထူးအဆန်းတော့မဟုတ်ပါဘူး။ ဒါပေမယ့် အပြာရောင်ရွှေဖရုံသီးတွေကိုတော့ သင့်ဘဝမှာမြင်တွေ့ဖူးမယ်လို့ မထင်ပါဘူးနော်။ ဒါက Australian Blue Pumpkin လို့ခေါ်တဲ့မျိုးစိတ်ဖြစ်ပါတယ်။ သြစတြေးလျနိုင်ငံကမျိုးစေ့ အရောင်းဆိုင်တွေမှာတော့ Blue Max Pumpkin ဆိုပြီးရောင်းချလျက်ရှိပါတယ်။ shwekhitonlinetv.com

၄။ အနက်ရောင်ခရမ်းချဉ်သီး

အနက်ရောင်ခရမ်းချဉ်သီးတွေကတော့ ဈေးကွက်ထဲမှာသိပ်ပြီးတွေ့ရလေ့မရှိတဲ့ စားဖိုချောင်သီးနှံတွေဖြစ်ပါတယ်။ ဒီခရမ်းချဉ်သီးတွေဟာ ပုံမှန်ခရမ်းချဉ်သီးတွေထက် အရသာပိုမိုပြင်းရှပြီး အနည်းငန် အငန်ဓာတ်ပါဝင်တယ်လို့မှတ်သားရပါတယ်။ ရုရှားနိုင်ငံဟာ အနက်ရောင်ခရမ်းချဉ်သီးတွေရဲ့ မူလစတည်ဖြစ်ထွန်းရာ ဒေသဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ ရွှေရောင်ရက်စ်ဘယ်ရီသီး

ရွှေရောင်ရက်စ်ဘယ်ရီသီး (Golden Raspberries) တွေကတော့ ပုံမှန်မဟုတ်တဲ့ဘယ်ရီသီးမျိုးကွဲတစ်မျိုး ဖြစ်ပါတယ်။ အတွေ့ရများတဲ့ ရွှေရောင်ရက်စ်ဘယ်ရီသီးမျိုးစိတ်တွေကတော့ Honey Queen နဲ့ Fall Gold အမျိုးအစားပဲဖြစ်ပါတယ်။ ဒီဘယ်ရီသီးတွေက သမရိုးကျ အနီရောင်ဘယ်ရီသီးတွေလိုပဲ စိုက်ပျိုးနိုင်ပေမယ့် ပိုးမွှားကျရောက်တဲ့ ဒဏ်ကိုခံနိုင်ရည်နည်းလွန်းတာကြောင့် များများစားစားဈေးကွက်ထဲကို တင်ပို့နိုင်ခြင်းမရှိတာလည်းဖြစ်ပါတယ်။ ဥရောပမှာအများဆုံးစိုက်ပျိုးပြီး အာရှမှာလည်းအနည်းငယ် စိုက်ပျိုးပါတယ်။ shwekhitonlinetv.com

၆။ ခရမ်းရောင်အာလူး

ခရမ်းရောင်အာလူးကတော့ မျိုးကွဲပေါင်းများစွာရှိပြီး အများအားဖြင့်တွေ့မြင်ရတာက All Blue or Adirondack Blue လို့ခေါ်တဲ့မျိုးတွေဖြစ်ပါတယ်။ ဒီအာလူးတွေမှာ ခရမ်းရောင်အခွံနဲ့ ခရမ်းရောင်အတွင်းသားမျိုးရှိတက်ကြသလိူ အချို့မျိုးစိတ်တွေကတော့ ခရမ်းရောင်အခွံနဲ့ သာမန်အာလူးတွေလိုမျိုး အဖြူရောင်အတွင်းသားတွေရှိကြပါတယ်။ (၁၆) ရာစုလောက်က စပိန်သင်္ဘောသားတွေဟာ တောင်အမေရိကတိုက်ကိုရွက်လွှင့်ကုန်သွယ်ကြရင်း ပီရူးနဲ့ ဘိုလီးဗီးယားနိုင်ငံတွေမှာ ဒီခရမ်းရောင်အာလူးတွေကိုစတင် တွေ့ရှိခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ အနီရောင်နာနတ်သီး

အနီရောင်နာနတ်သီးတွေကတော့ သာမန်အဝါရောင်နာနတ်သီးတွေထက်အရွယ်အစားသေးငယ်လှပြီး အသားလည်းနည်းပါတယ်။ ဒါပေမယ့်သူတို့ရဲ့ အသွင်အပြင်ကလှပတာကြောင့် တစ်ချို့ကတော့အလှတောင်စိုက်ပျိုးကြပါတယ်။ အနီရောင်နာနတ်သီးတွေရဲ့အတွင်းသားကတော့ ပန်းရောင်နဲ့အဝါရောင်ရှိပြီး ချိမြိန်တဲ့အရသာရှိပါတယ်။ အနီရောင်နာနတ်သီးတွေကိုတော့ ဘရာဇီး၊ ဘိုလီးဗီးယား၊ အာဂျင်တီးနား၊ ပါရာဂွေး၊ အီကွေဒေါ စတဲ့တောင်အမေရိကနိုင်ငံတွေမှာ အများအပြားစိုက်ပျိုးကြပါတယ်။ shwekhitonlinetv.com

၈။ ခရမ်းရောင်ပန်းဂေါ်ဖီ

ခရမ်းရောင်ပန်းဂေါ်ဖီကတော့ သာမန်ပန်းဂေါ်ဖီတွေကြားမှာ ထင်သာမြင်သာရှိလွန်းတဲ့ မျိုးစိတ်တစ်မျိုးဖြစ်ပါတယ်။ သူ့မှာ Anthocyanin (အနီရောင်၊ ခရမ်းရောင်နှင့် အပြာရောင်အသီးအနှံ ဟင်းသီးဟင်းရွက်များတွင်တွေ့ရသည့် Antioxidants ခေါ် ဓာတ်တိုးဆန့်ကျင်ပစ္စည်း) တွေအများအပြားပါဝင်ခြင်းက လူအများရွေးချယ်စားသုံးဖို့အကြောင်းအရင်းတစ်ရပ်ဖြစ်လာစေခဲ့ပါတယ်။ shwekhitonlinetv.com

၉။ ခရမ်းရောင်မုန်လာဥ

မုန်လာဥကတော့ အရောင်အသွေးမျိုးစုံရှိတဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးပါ။ ပုံမှာပြထားတာကတော့ ခရမ်းရောင်မုန်လာဥ မျိုးစိတ်ဖြစ်ပါတယ်။ သူ့မှာ Antioxidant အများအပြားပါဝင်သလို သာမန်မုန်လာဥနီတွေထက်လည်း စားရတာပိုအရသာရှိတယ်လို့ သိရပါတယ်။ အာဖဂန်နစ္စတန်မှာအများဆုံး စိုက်ပျိုးထွက်ရှိတယ်လို့သိရပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။