မိကျောင်း ၆ ကောင်ကို အိမ်မွေးတိရိစ္ဆာန်အဖြစ် နေအိမ်မှာ မွေးထားတဲ့ ကောင်မလေး

မိမိရဲ့နေအိမ်မှာ ခွေးလေးတွေ၊ ကြောင်လေးတွေ၊ ယုန်လေးတွေ စတဲ့သတ္တဝါလေးတွေကို သားသမီးသဖွယ် ရင်ဝယ်ပိုက်ပြီး ယုယစွာမွေးမြူတက်ကြတာဟာ ထူးဆန်းတဲ့ကိစ္စရပ်တစ်ခုတော့မဟုတ်ပါဘူး။ shwekhitonlinetv.com

ဒါပေမယ့် မိချောင်းလိုအသားစားပြီး ကြောက်မက်ဖွယ်ကောင်းတဲ့သတ္တဝါမျိုးကိုတော့ ရင်ဝယ်ပိုက်၊ မိမိနဲ့ အိပ်ယာတစ်ခုတည်းအတူတူထားပြီး အိပ်တယ်ဆိုတာကတော့ အတော်လေးကိုထူးခြားတဲ့ လုပ်ရပ်တစ်ခုပဲဖြစ်ပါလိမ့်မယ်။ shwekhitonlinetv.com

ဒါပေမယ့် ထိုင်ဝမ်ကမိန်းမပျိုလေးတစ်ဦးကတော့ ဒီလိုအန္တရာယ်များလှတဲ့ မိချောင်းတွေကိုအိမ်မွေးတိရိစ္ဆာန် လေးတွေလိုမွေးမြူထားတဲ့အပြင်သူတို့ိကို ကလေးငယ်လေးတွေသဖွယ်ဆက်ဆံကာ လက်ပွန်းတတီးနေထိုင်လျက်ရှိတယ်ဆိုတဲ့ သတင်းက အင်တာနက်ပေါ်မှာအတော်လေးကို ရေပန်းစားနေပါတယ်။ shwekhitonlinetv.com

ဒီအမျိုးအသီးငယ်လေးဟာ အသက် (၂၀) ကျော်အရွယ်သာရှိသေးပြီး မိချောင်းမွေးမြူရေးလုပ်ငန်းရှင်တစ်ဦးထံကနေ မိချောင်းသားပေါက်လေးတွေကိုဝယ်ယူပြီး သူမရဲ့အိမ်မှာ မွေးမြူထားတာဖြစ်ပါတယ်။ shwekhitonlinetv.com

သူမဟာ မိချောင်းလေးတွေကို သာမန်အိမ်မွေးတိရိစ္ဆာန်ဖြစ်တဲ့ ခွေးလေး၊ ကြောင်လေးတွေလိုပဲ သဘောထားနေထိုင်တယ်လို့သိရပါတယ်။ ဒီမိချောင်းလေးတွေကိုလည်း သူမနဲ့အတူမွေ့ယာတစ်ခုတည်းမှာ အိပ်စက်စေတယ်လို့သိရပါတယ်။ shwekhitonlinetv.com

သူမရဲ့ စိတ်ထဲမှာတော့ မိချောင်းလေးတွေကိုသားရဲတိရိစ္ဆာန်တစ်ကောင်အဖြစ်မမြင်ဘဲ သူမရဲ့ကလေးတွေလိုမျိုးသတ်မှတ်ပြီး အတူနေထိုင်လျက်ရှိတာဖြစ်ကြောင်း ပတ်ဝန်းကျင်က အိမ်နီးနားချင်းတွေက ဆိုကြပါတယ်။ shwekhitonlinetv.com

ဒါပေမယ့်လည်း ဒါဟာအလွန်အန္တရာယ်များတဲ့ အပြုအမူဖြစ်တာကြောင့် ဒီမိချောင်းတွေအနေနဲ့ အရွယ်ရောက်ရှိလာချိန်မှာ သူမကိုတစ်စုံတစ်ရာ အန္တရာယ်ပေးမှာကိုတော့ သူမရဲ့အသိမိတ်ဆွေတွေရက စိုးရိမ်ပူပန်လျက်ရှိနေကြပါတယ်။ shwekhitonlinetv.com

ဘာပဲဖြစ်ဖြစ် ဒီအမျိုးသမီးငယ်လေးကတော့ လက်ရှိအချိန်မှာ သူမမွေးမြူထားတဲ့ မိချောင်းလေး (၆) ကောင်နဲ့အတူပျော်ရွှင်စွာအတူယှဉ်တွဲနေထိုင်လျက်ရှိပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။