အာဖဂန်ပြည်သူတွေရဲ့ စပျစ်သီးတွေကို တစ်နှစ်ပတ်လုံးမပုပ်သိုးအောင်ထားတဲ့နည်း

ခေတ်မီတိုးတက်လွန်းတဲ့ ဒီနေ့ခေတ်ကမ္ဘာကြီးမှာ နည်းပညာအသစ်အဆန်းတွေဟာ နေ့စဉ်နဲ့အမျှတိုးပွားနေတာကတော့ ရွှေခေတ်ပရိသတ်တွေလည်း သိပြီးသားအကြောင်းအရာ တစ်ရပ်ဖြစ်ပါတယ်။ shwekhitonlinetv.com

လူသားတွေအနေနဲ့ဒီလိုခေတ်မီတိုးတက်တဲ့ နည်းပညာတွေနောက်ကိုအမှီလိုက်ရင်း ခေတ်နဲ့လိုက်လျောညီထွေဖြစ်အောင်နေထိုင်နေကြရသလိုပဲ တစ်ဖက်မှာလည်း ဒီနေ့ထက်တိုင်အသုံးဝင်နေတဲ့ ရှေးခေတ်နည်းပညာရပ်တွေကိုလည်း ချန်ထားခဲ့လို့မရဘဲ လက်ဆင့်ကမ်းသယ်ဆောင်နေကြရပါတယ်။ shwekhitonlinetv.com

ဒီလိုရှေးဟောင်းနည်းပညာတွေနဲ့ပတ်သတ်ပြီးလတ်တလော Youtube မှာရေပန်းစားနေတဲ့ ဗီဒီယိုဖိုင်လေးတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ ရွှံ့စေးနဲ့ပြုလုပ်ထားတဲ့ မြေအိုးလေးတွေထဲကို သစ်သီးဝလံတွေထည့်သွင်းသိုလှောင်ပြီး နှစ်ရှည်လများအထားခံအောင်ပြုလုပ်တဲ့နည်းကို ပြသထားတဲ့ ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီနည်းကတော့ အလွန်တရာမှရိုးရှင်းလွယ်ကူလှပြီး အာဖဂန်နစ္စတန်မြောက်ပိုင်းမှာနေထိုင်ကြတဲ့သူတွေအနေနဲ့ ရှေးနှစ်ပေါင်းရာချီကတည်းက ပြုလုပ်ခဲ့တဲ့နည်းလည်းဖြစ်တယ်လို့သိရပါတယ်။ shwekhitonlinetv.com

အဲ့ဒီအချိန်ကရေခဲသေတ္တာလိုအရာမျိုး မရှိသေးတာကြောင့် ရှေးအာဖဂန်တွေဟာ သူတို့တွေရဲ့သစ်သီးဝလံတွေကို ကြာရှည်စွာသိုလှောင်သိမ်းဆည်းနိုင်ဖို့အတွက် ဒီနည်းကိုရှာဖွေတွေ့ရှိခဲ့ကြပြီးအသုံးပြုခဲ့ကြတာဖြစ်ပါတယ်။ shwekhitonlinetv.com

သူတို့ဟာရွှံ့စေးမြေတွေကို ခွက်ပုံစံလေးတွေပြုလုပ်ပြီး စပျစ်သီးတွေကိုထည့်သွင်းကာ အပေါ်ကတေနောက်ထပ်ရွှံ့စေးခွက်လေးနဲ့ အလုံပိတ်လိုက်ပြီး ကြာရှည်ခံမခံစမ်းသပ်ခဲ့ကြပါတယ်။ ရလဒ်အနေနဲ့ ဒီလိုထားရှိခြင်းဟာ စပျစ်သီးတွေကို (၆) လကနေ (၁) နှစ်လောက်အထိ မပုပ်မသိုးဘဲ သိုလှောင်ထားနိုင်တာကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီလိုမျိုးကာလကြာရှည်စွာ စပျစ်သီးတွေကို မပုပ်မသိုးသွားစေတဲ့ အဓိကအကြောင်းအရင်းကတော့ ရွံ့စေးမြေတွေဟာအပူဓာတ်ကိုစုပ်ယူပြီး အအေးဓာတ်ကိုပေးစွမ်းနိုင်တာကြောင့်ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီနည်းကို ယနေ့အချိန်တိုင်အာဖဂန်ပြည်သူတွေအနေနဲ့ အသုံးချနေကြဆဲဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ သင့်အနေနဲ့ အာဖဂန်နစ္စတန်နိုင်ငံကို အလည်အပတ်ရောက်ခဲ့ရင် ဒီလိုမျိုး အလုံပိတ်မြေအိုးလေးတွေနဲ့ သစ်သီးတွေရောင်းချနေသူအများအပြားကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။