ဖရဲသီးဝယ်တဲ့အခါ ခွဲမကြည့်ဘဲ ချို၊ မချို သိနိုင်မယ့်နည်းလမ်းများ

ဖရဲသီးဟာ ရေဓာတ်များစွာပါဝင်ပြီးတော့ ပူပြင်းတဲ့ရာသီမှာစားသုံးဖို့သင့်တော်လွန်းတဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ အခုတစ်ခေါက်ဖော်ပြပေးချင်တဲ့အကြောင်းအရာလေးကတော့ ဖရဲသီးဝယ်တဲ့ အခါ ချို၊ မချိုဆိုတာကို ခွဲမကြည့်ဘဲ ပုံပန်းသဏ္ဍာန်ကိုကြည့်ရုံနဲ့ သိရှိနိုင်မယ့်နည်းလမ်းအချို့ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၁။ အညိုရောင်အစင်းကြောင်းများကိုရှာပါ။

တစ်ချို့ဖရဲသီးတွေရဲ့အခွံမှာဆိုရင် အသားမာတက်သလိုမျိုး အညိုရောင်အစင်းတွေ အက်ကွဲကြောင်းတွေပါရှိတာကိုတွေ့ရတက်ပါတယ်။ ဒီလိုဖရဲသီးတွေကရွေးချယ်ဖု့ိသင့်တော်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအညိုရောင်အသားမာတက်သလို အစင်းတွေဖြစ်နေရခြင်းက ဒီဖရဲသီးဖြစ်လာမယ့် အပွင့်ပေါ်ကိုပျားတွေက ကြိမ်ဖန်များစွာဝတ်မှုန်ကူးထာလို့ပဲဖြစ်ပါတယ်။ များများဝတ်မှုန်ကူးလေး အသီးကပိုချိုလေဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ အဝါရောင်အကွက်များကိုရှာပါ။

တစ်ချို့ဖရဲသီးတွေရဲ့ အခွံမှာတော့ အခုလိုမျိုးအဝါရောင်အကွက်တွေဖြစ်ပေါ်နေတာကိုမြင်ဖူးကြမယ်လို့ထင်ပါတယ်။ ဒီနေရာတွေက ဖရဲသီးနဲ့မြေပြင်နဲ့ထိစပ်နေတဲ့ နေရာဖြစ်ပြီး မှည့်ရင်တော့အဝါရောင်၊ လိမ္မော်ရောင်စသဖြင့် ဖြစ်နေတက်ပါတယ်။ မမှည့်သေးဘူးဆိုရင်တော့ ဒီနေရာကအဖြူရောင်ဖြစ်နေမှာပါ။ shwekhitonlinetv.com

၃။ အရွယ်အစားကိုကြည့်ပါ။

ဖရဲသီးတွေအများကြီးရှိတဲ့ထဲက သင့်အနေနဲ့ရွေးချယ်ရမယ်ဆိုရင်တော့ အကြီးဆုံး သို့မဟုတ် အငယ်ဆုံးဖရဲသီးကို မရွေးချယ်သင့်ပါဘူး။ တစ်ခြားအသီးတွေနဲ့မတိမ်းမယိမ်း အနေတော်အသီးကိုရွေးချယ်သင့်ပါတယ်။ နောက်ပြီး သင်ရွေးချယ်တဲ့ဖရဲသီးရဲ့ အရွယ်နဲ့ အလေးချိန်ဟာ လိုက်ဖက်မှုမရှိဘဲ အရမ်းကြီးပေါ့နေတယ်ထင်ရင် တစ်ခြားအလုံးကိုရွေးသင့်ပါတယ်။ shwekhitonlinetv.com

၄။ ဖရဲသီး အဖို၊ အမ ကြည့်ပါ။

ဖရဲသီးမှာ အဖို နဲ့ အမ ရှိတာကိုတော့ စိုက်ပျိုးတဲ့တောင်သူတွေကလွဲရင် လူအတော်များများ မသိကြပါဘူး။ အလွယ်ပြောရရင်တော့ ဖရဲသီးအဖိုတွေက က ပိုကြီးပြီး ရှည်လျားတဲ့ပုံသဏ္ဍာန်ရှိပါတယ်။ အရည်ရွှမ်းပြီးတော့ များသောအားဖြင့် အရမ်းကြီးမချိုကြပါဘူး။ ဖရဲသီးအမတွေကတော့ လုံးဝန်းတဲ့ ပုံစံရှိပြီး အလွန်ချိုတဲ့ အရသာရှိကြပါတယ်။ shwekhitonlinetv.com

၅။ ဖရဲသီးအညှာကိုကြည့်ပါ။

ဒီနည်းကတော့ ဖရဲသီးမှည့် မမှည့်ခွဲနိုင်တဲ့ အလွယ်ဆုံးနည်းဖြစ်ပါတယ်။ ဖရဲသီးရဲ့အညှာကို အဓိကကြည့်ရမှာ့ဖစ်ပါတယ်။ အညှာကခြောက်သွေ့နေရင်တော့ ဖရဲသီးမှည့်နေပြီလို့မှတ်ယူနိုင်ပြီး အညှာကစိမ်းနေရင်တော့ မမှည့်သေးတဲ့ဖရဲသီးအဖြစ်အလွယ်သိနိုင်ပါတယ်။ အညှာစိမ်းနေတဲ့ ဖရဲသီးတွေကတော့ မရင့်မှည့်သေးခင်အပင်ကနေ စောစီးစွာခူးဆွတ်ထားတဲ့ အသီးတွေဖြစ်ပါတယ်။ shwekhitonlinetv.com

အခုဖော်ပြပေးတဲ့အကြောင်းအရာလေးက မိမိတို့အတွက်အသုံးဝင်ခဲ့မယ်ဆိုရင်တော့ အခြားသူတွေပါသိရှိအောင်လို့ ဝေမျှပေးကြပါဦးနော် ….. shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။