အိမ်ကို နေ့တိုင်း ပိုက်ဆံတွေ ယူလာတတ်တဲ့ ကြောင်ကလေး

ကြောင်ကလေးတွေဆိုတာကတော့ လူတိုင်းရဲ့အချစ်ဆုံးသတ္တဝါလေးတွေဖြစ်ပါတယ်။ အမွှေးပွပွနဲ့ ချစ်စရာကောင်းတဲ့ကြောင်လေးတွေဟာ လူသားတွေထံကိုပျော်ရွှင်စရာတွေသယ်ဆောင်လာတက်တဲ့ သတ္တဝါလေးတွေလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

အခုတစ်ခေါက်ဖော်ပြမယ့်ကြောင်ကလေးတစ်ကောင်ကတော့ ပျော်ရွှင်စရာတွေသာမကဘဲ ဘယ်ကမှန်းမသိတဲ့ ပိုက်ဆံတွေကိုပါယူဆောင်လာခဲ့တဲ့ ကြောင်ကလေးပဲဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီကြောင်ကလေးရဲ့နာမည်ကတော့ Cash လို့ခေါ်ပါတယ်။ သူ့ကိုတော့ အိုကလာဟိုးမားပြည်နယ်၊ Tulsa မြို့မှာရှိတဲ့ ဈေးကွက်ရှာဖွေရေး ကုမ္ပဏီတစ်ခုက Stewart ဆိုတဲ့သူကမွေးမြူထားတာဖြစ်တယ်လို့သိရပါတယ်။ ဒီကြောင်ကလေးက တစ်ချိန်က လမ်းဘေးမှာလေလွင့်နေတဲ့ ကြောင်လေးတစ်ကောင်လည်းဖြစ်ပါတယ်။ shwekhitonlinetv.com

“သူဟာ ရုံးမှာပဲအချိန်ဖြုန်းပြီး ကီးဘုတ်တွေပေါ်မှာ နေ့တိုင်း လမ်းလျှောက်ရတာကို နှစ်သက်တဲ့ကောင်လေးဖြစ်ပါတယ်။ တစ်ခါတစ်လေမှာဆိုရင်တော့ မပြီးဆုံးသေးတဲ့ အီးမေးလ်တွေကို ကျွန်တော်တို့ရဲ့ ခွင့်ပြုချက်မပါဘဲ သူကပို့တက်တယ်လေ” လို့ Stewart ကဆိုပါတယ်။ ကျန်တဲ့အချိန်အများစုကိုတော့ Cash ဟာ ရုံးကတံခါးနားမှာထိုင်ပြီး လမ်းသွားလမ်းလာတွေကို ငေးနေတက်ပါတယ်။ shwekhitonlinetv.com

လွန်ခဲ့သောနှစ်အနည်းငယ်လောက်က Stewart နဲ့ ကုမ္ပဏီဝန်ထမ်းတွေဟာ တံခါးဝမှာ ငွေစက္ကူများစွာကို တွေ့ရှိခဲ့ပါတယ်။ ဒီပိုက်ဆံတွေဘယ်ကရောက်လာမှန်းမသိပေမယ့် နေ့စဉ်ရက်ဆက်ဆိုသလို တံခါးဝမှာရောက်နေတာဖြစ်ပါတယ်။ ဒါကြောင့် ဒီအဖြစ်မှန်ကိုသိဖို့အတွက် ရုံးတံခါးကို (၂၄) နာရီပတ်လုံး စောင့်ကြည့်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ shwekhitonlinetv.com

Stewart တို့ရဲ့ ကုမ္ပဏီအဆောက်အဦးဟာ Tulsa မြို့ရဲ့ ဗဟိုကစည်ကားတဲ့ လမ်းပေါ်မှာတည်ရှိတာဖြစ်ပါတယ်။ ဒါကြောင့် လူအများအပြားကတံခါးရှေ့ကနေ နေ့စဉ်ဖြတ်သန်းသွားကြရပါတယ်။ ဒီအချိန်မှာ တံခါးပေါက်နားမှာထိုင်ပြီး အပြင်ကိုငေးနေတဲ့ ကြောင်ကလေးကိုမြင်ပြီး တစ်ချို့ကစနောက်သွားတက်ကြပါတယ်။ shwekhitonlinetv.com

ဒီလိုစရာမှာတစ်ချို့က ငွေစက္ကူကို တံခါးပေါက်ကြားထဲထည့်ပြီး ကြောင်လေးနဲ့ဆော့ကစားတာဖြစ်ပါတယ်။ ကြောင်လေးက ငွေစက္ကူကိုဖမ်းမိသွားရင်တော့ တံခါးနဲ့မလှမ်းမကမ်းကို အမြန်ပြေးပြီး သွားပုံထားပါတယ်။ ဒီလိုမျိုး လည်လွန်းတဲ့ကြောင်လေးရဲ့အပြုအမူကို လူတွေကလည်းနှစ်သက်သဘောကျပြီး သူနဲ့ဆော့ကစားပြီး ငွေစက္ကူတွေထားသွားကြတာဖြစ်ပါတယ်။ shwekhitonlinetv.com

အခြေအနေကိုရှင်းရှင်းလင်းလင်းသိရှိသွားတဲ့နောက်မှာတော့ Stewart တို့လူစုဟာကြောင်ကလေးရှာဖွေရရှိထားတဲ့ ငွေတွေကိုအနီးနားက အိမ်ခြေယာမဲ့တွေကို လှူဒါန်းဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ Cash ကလည်းတစ်ချိန်က အိမ်ခြေယာမဲ့ဖြစ်ခဲ့ဖူးတယ်လေ။ shwekhitonlinetv.com

နောက်ပိုင်းမှာတော့ ရုံးခန်းတံခါးနားမှာ “Cash Nip Kitty က ပရဟိတစိတ်ရှိတဲ့သူပါ။ မင်းပိုက်ဆံတွေကို လုယူလိမ့်မယ်” လို့ စာတွေရေးကပ်ထားပါတယ်။ ဒီလိုနဲ့အရင်အတိုင်းပဲ လူတွေက ချစ်စရာကြောင်လေးနဲ့ဆော့ကစားပြီး အလှူငွေသဘောမျိုးနဲ့ ပိုက်ဆံတွေထားသွားကြပါတယ်။ shwekhitonlinetv.com

နောက်ဆုံးမှာတော့ ချစ်ဖို့ကောင်းတဲ့ ကြောင်ကလေး Cash ဟာလမ်းသွားလမ်းလာတွေကိုဖျော်ဖြေရင်း သူ့လိုမျိုး ဘဝတူအိမ်ခြေယာမဲ့တွေအတွက် အလှူငွေရှာပေးနိုင်တဲ့ ကြောင်ကလေးတစ်ကောင် ဖြစ်လာခဲ့ကြောင်း ဖော်ပြရင်းအကြောင်းအရာလေးကို အဆုံးသတ်ပါရစေနော် …. shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။