ထူးဆန်းတဲ့အဖြစ်အပျက်နဲ့ကြုံတွေ့ခဲ့ရတဲ့ သတို့သမီးလေးရဲ့ ကြေကွဲဖွယ်ဇာတ်လမ်း

ဒီကြေကွဲစရာကောင်းလှတဲ့ အဖြစ်အပျက်လေးကတော့ အပြင်မှာတစ်ကယ်ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးတစ်ခုဖြစ်ပြီး ငယ်ရွယ်တဲ့စုံတွဲတစ်တွဲရဲ့ မင်္ဂလာအခမ်းအနားတစ်ခုမှာ ဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။ ဒီစုံတွဲရဲ့မင်္ဂလာပွဲမှာတော့ သောက်စားထားတဲ့သူငယ်ချင်းတွေရဲ့ တောင်းဆိုမှုနဲ့အတူ သတို့သားနဲ့ သတို့သမီးတို့ဟာ တူတူပုန်းတမ်းကစားခဲ့ကြပါတယ်။ shwekhitonlinetv.com

ဒီလိုနဲ့ သတို့သမီးကိုပုန်းခိုင်းစေပြီး သတို့သားကတော့လိုက်တဲ့သူအဖြစ်နဲ့ ဂိမ်းကိုဆော့ကစားခဲ့ကြပါတယ်။ နာရီအနည်းငယ်ကြာတဲ့အထိ သတို့သားဟာ သတို့သမီးကိုရှာပေမယ့် လုံးဝမတွေ့တာကြောင့် အရှုံးပေးကြောင်း သတို့သမီးကို အသိပေးခဲ့ပါတယ်။ shwekhitonlinetv.com

ဒါပေမယ့်လည်း သတို့သမီးကတော့ ပုန်းအောင်းနေရာကနေထွက်လာခြင်းမရှိခဲ့ပါဘူး။ သတို့သားရော ပွဲလာတဲ့မိတ်ဆွေတွေကပါ သတို့သမီးကို ထွက်လာခဲ့တော့ဖို့တောင်းဆိုပေမယ့်လည်း သတို့သမီးကတော့ လုံးဝကိုအသံမပေး ကိုယ်ထင်မပြဘဲရှိနေခဲ့ပါတယ်။ shwekhitonlinetv.com

ဒါကြောင့်သတို့သားဟာလည်း ဒေါသထွက်ပြီး သတို့သမီးပြန်ထွက်အလာကို မစောင့်တော့ဘဲ မင်္ဂလာဧည့်ခံပွဲ အခမ်းအနားကို အဆုံးသတ်လိုက်ပါတယ်။ shwekhitonlinetv.com

နောက်ဆုံးမှာတော့ ရက်သတ္တပတ်တွေကြာတဲ့အထိ သတို့သမီးဟာပြန်လည်ထွက်ပေါ်လာခြင်း မရှိတာကြောင့် သတို့သားအနေနဲ့ သတို့သမီးဟာသူ့ကို စွန့်ပစ်သွားပြီလို့ယုံကြည်ခဲ့ပြီး သူမကိုရော သူမနဲ့ပတ်သက်တဲ့အရာတွေကိုပါ ဘဝထဲကနေအပြီးပိုင်ထုတ်ပစ်ခဲ့ပါတယ်။ shwekhitonlinetv.com

နှစ်အနည်းငယ်ကြာတဲ့အခါမှာတော့ သန့်ရှင်းရေးလုပ်တဲ့အမျိုးသမီးတစ်ဦးဟာ သူတို့မင်္ဂလာဆောင်ပွဲကျင်းပခဲ့တဲ့ အဆောက်အအုံကို သန့်ရှင်းရေးပြုလုပ်ရင်း သေတ္တာကြီးတစ်လုံးကိုတွေ့ခဲ့ပါတယ်။ shwekhitonlinetv.com

သူမလည်း ဒီသေတ္တာကြီးကို စပ်စုချင်စိတ်နဲ့ ဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ ပုပ်ပွနေတဲ့သတို့သမီးရဲ့ အလောင်းကိုတွေ့ရှိခဲ့ရပါတော့တယ်။ တစ်ကယ်တော့ သတို့သမီးဟာဒီသေတ္တာထဲကိုဝင်ရောက်ပုန်းအောင်းတဲ့အချိန်မှာ အပြင်ကနေ သေတ္တာရဲ့ ပတ္တာဟာပိတ်သွားခဲ့တာကြောင့် ပြန်ထွက်မရဘဲပိတ်မိနေခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

နောက်ဆက်တွဲအနေနဲ့ သတို့သမီးဟာ ဒီထဲမှာ အသက်ရှုကြပ်တာ ဒါမှမဟုတ်ရင်လည်း အစာရေစာငတ်ပြီးသေဆုံးသွားခဲ့ရတာဖြစ်မယ်လို့ တာဝန်ရှိသူတွေကကောက်ချက်ချခဲ့ပါတယ်။ ဒါပေမယ့် အားလုံးအတွက် ပဟေဠိဖြစ်နေတာက ဒီသေတ္တာကို အပြင်ကနေဘယ်သူကပိတ်ခဲ့တာလဲ ? ဒါမှမဟုတ် သေတ္တာကပဲ သူ့အလိုလိုပိတ်သွားခဲ့တာလား ? ဆိုတာပါပဲ။ ရွှေခေတ်ပရိသတ်တွေရော ဒီအဖြစ်အပျက်နဲ့ ပတ်သတ်ပြီး မိမိတို့ရဲ့ ထင်မြင်ယူဆချက်လေးတွေကို ပြောပြပေးခဲ့ကြပါဦးနော် … shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။