မယုံနိုင်လောက်စရာ ကြီးမားတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ ကြောင်အမျိုးအစားများ

ကြောင်လေးတွေဟာ သေးကွေးပြီး ချစ်စရာကောင်းတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေအဖြစ် အားလုံးသိပြီး ဖြစ်ကြမှာပါ။ ဒါပေမယ့် ကြောင်အမျိုးအစားတိုင်း သေးငယ်နေတာမဟုတ်ပဲ မြေခွေးပေါက်တကောင်နဲ့ တိုက်ခိုက်နိုင်လောက်တဲ့အထိ ကြီးမားကြံ့ခိုင်တဲ့ ကြောင်တွေလည်း ရှိပါသေးတယ်။ shwekhitonlinetv.com

ရွှေခေတ်ပရိတ်သတ်ကြီးအတွက် ချစ်စရာကောင်းပြီး ကြီးမားကြံ့ခိုင်တဲ့ ကြောင်အမျိုးအစားတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။ ဒီဆောင်းပါးကို ဖတ်ရှုပြီးပြီဆိုရင်တော့ ဘယ်လိုကြောင်အမျိုးအစားကို မွေးချင်လဲဆိုတာ ပြောခဲ့ပါဦးနော်။ shwekhitonlinetv.com

၁။ Savannah cat

Savannah cat ကတော့ အကြီးမားဆုံးနဲ့ စျေးအကြီးဆုံးကြောင် ဖြစ်ပါတယ်။ အိမ်မွေးကြောင်နဲ့ တောကြောင် စပ်ထားတဲ့ မျိုးရိုးဗီဇကို ပိုင်ဆိုင်ထားပြီး အရွယ်ရောက်ကြောင်တကောင်ရဲ့ အလေးချိန်ဟာ ပေါင် ၂၀ ထိ ရှိပါတယ်။ မျိုးရိုးဗီဇအရ အရိုင်းမျိုးနွယ်ဆိုပေမယ့် ဥာဏ်ကောင်းပြီး လူတွေနဲ့ တရင်းတနှီးနေကြတဲ့ ကြောင်လေးတွေ ဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ Norwegian Forest ​​​​​​​cat

အမဲလိုက်ရတာကို ကြိုက်တဲ့ ကြောင်အမျိုးအစားပဲ ဖြစ်ပါတယ်။ ကြောင်အထီးဆိုရင် ၁၅ ပေါင်အထိ လေးလံပြီး ကြောင်မလေးတွေကတော့ ကြောင်ထီးတွေထက် ကိုယ်အလေးချိန်လျော့နည်းပါတယ်။ တိုက်ခန်းနဲ့ နေထိုင်သူတွေအတွက် သင့်တော်တဲ့ အမျိုးအစားဖြစ်ပြီး သူတို့လေးတွေဟာ ကြင်နာပြီး ချစ်စရာကောင်းကြပါတယ်။ ဒီကြောင်လေးတွေဟာ အမဲလိုက်တဲ့ အလေ့အကျင့်ရှိတာကြောင့် သူတို့ကို မွေးမယ်ဆိုရင်တော့ လွတ်လွတ်လပ်လပ် ပြေးလွှားဆော့ကစားပေးသင့်ပါတယ်။ shwekhitonlinetv.com

၃။ Maine Coon

အမေရိကန်မျိုးရိုးဖြစ်ပြီး ကြီးမားတဲ့ ကြောင်မျိုးနွယ်ဝင် အကောင်လေးတွေ ဖြစ်ပါတယ်။ ကြောင်ထီးတွေဟာ ၁၀ ပေါင်ကနေ ၁၆ ပေါင်အထိ လေးလံပြီး ကြောင်မလေးတွေကတော့ ၇ ပေါင်ကနေ ၁၁ ပေါင်အထိ လေးလံပါတယ်။ ၃.၂ ပေအထိ ရှည်လျားပြီး နှင်းတောထဲမှာနေထိုင်တဲ့ အမွှေးထူကြောင်မျိုးနွယ်နဲ့ ဆင်တူပါတယ်။ တခြားကြောင်တွေနဲ့ မတူတဲ့ အချက်ကတော့ Maine Coon တွေဟာ ရေကူးရတာကို ကြိုက်နှစ်သက်ကြပါတယ်။ shwekhitonlinetv.com

၄။ Siberian cat

ဒီကြောင်အမျိုးအစားကတော့ ရုရှားနိုင်ငံကပဲ ဖြစ်ပါတယ်။ သူတို့လေးတွေရဲ့ ထူးခြားတဲ့အချက်ကတော့ ကြောင်နဲ့မတူပဲ ခွေးနဲ့ဆင်တူတဲ့ အမူအကျင့်တွေ ပိုင်ဆိုင်ထားကြတာပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ သခင်ကို တွယ်တာတတ်ပြီး သခင်နဲ့ ခွဲခွာရတဲ့အခါတွေမှာလည်း လွမ်းကြောင်းကို ခွေးလေးတွေလို ပြသတတ်တဲ့အကောင်လေးတွေပါ။ Siberian ကြောင်လေးတွေရဲ့ အမွေးနဲ့ တံတွေးမှာ လူတွေကို ဓာတ်မတည့်မှုဖြစ်စေတဲ့ အရာတွေ မပါရှိဘူးလို့ ဆိုပါတယ်။ ဒါ့ကြောင့် ကြောင်လေးတွေနဲ့ ဓာတ်မတည့်တဲ့လူတွေတောင်မှ Siberian ကြောင်လေးတွေကိုတော့ မွေးလို့ရပါတယ်။ shwekhitonlinetv.com

၅။ Van cat

အိမ်မွေးကြောင်တွေထဲမှာ ရှေးအကျဆုံးမျိုးရိုးတွေထဲက မျိုးစိတ်တခုပဲ ဖြစ်ပါတယ်။ ကြောင်လေးတွေကို ချစ်တတ်သူဆိုရင်တော့ Van အမျိုးအစား ကြောင်လေးတွေကို မွေးကြည့်ဖို့ တိုက်တွန်းလိုပါတယ်။ ဒီကြောင်လေးတွေဟာ လူတွေနဲ့ ယဥ်ပါးရုံသာမက အခြားတိရစ္ဆာန်ဖြစ်တဲ့ ခွေးလေးတွေ ကြောင်လေးတွေနဲ့လည်း ရင်းနှီးလွယ်တဲ့ အမျိုးအစားဖြစ်ပါတယ်။ သူတို့လေးတွေဟာ အာရုံစိုက်ခံရတာကို သဘောကျပြီး ကလေးလေးတွေကိုလည်း ချစ်တတ်ကြတယ်လို့ ဆိုပါတယ်။ shwekhitonlinetv.com

၆။ Rag doll

မှတ်ဥာဏ်ကောင်းပြီး ထက်မြက်တဲ့ ကြောင်အမျိုးအစားပဲ ဖြစ်ပါတယ်။ လူတွေနဲ့ အရမ်းကို ရင်းနှီးလွယ်တဲ့ ကြောင်ကို ရှာဖွေနေတယ်ဆိုရင်တော့ Rag doll ကြောင်အမျိုးအစားဟာ အကောင်းဆုံးရွေးချယ်မှုပါပဲ။ လူတွေရဲ့ လက်ထဲမှာ ပွေ့ဖက်ခံထားရတဲ့အချိန်ဆိုရင်တော့ သူတို့လေးတွေအတွက် အရမ်းကို သက်တောင့်သက်သာ ရှိတဲ့အချိန်ဖြစ်တယ်လို့ ဆိုပါတယ်။ အရွယ်ရောက်ကြောင်ထီးတကောင်ရဲ့ အလေးချိန်ဟာ ၂၄ ပေါင်အထိ ရှိပြီး ၃ ပေထိ ရှည်လျားပါတယ်။ shwekhitonlinetv.com

နယူးယောက်မြို့ရဲ့ အကြီးမားဆုံးကြောင်ကြီး

Samson လို့ခေါ်တဲ့ Maine Coon မျိုးနွယ် ကြောင်ကြီးပဲ ဖြစ်ပါတယ်။ သာမန်ကြောင်တကောင်ရဲ့ ကိုယ်အလေးချိန်ဟာ ၈ ပေါင်သာ ရှိပေမဲ့ Samson ကတော့ ၂၈ ပေါင်ထိ လေးလံပြီး ၈ပေ ရှည်လျားပါတယ်။ သာမန်ကြောင်တွေထက်လည်း ပိုပြီးစားနိုင်တယ်လို့ဆိုပါတယ်။ ဒီကြောင်အမျိုးအစားတွေထဲက ဘယ်ကြောင်လေးကို မွေးချင်လည်းဆိုတာ ပြောခဲ့ပါဦးနော်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။ 

Be the first to comment

Leave a Reply