တိုက်ခန်းငှားခ တစ်နှစ်ကို (၁) ဒေါ်လာ ပဲ ပေးရတဲ့ နေရာတစ်ခု

ဥရောပတိုက်ကနေရာဒေသတစ်ခုမှာ တိုက်ခန်းတစ်ခန်းကို တစ်နှစ်ပတ်လုံးမှ ယူရို ၈၈ ဆင့် (အမေရိကန်ဒေါ်လာ ၁ ဒေါ်လာ) နဲ့ ငှားရမ်းနေထိုင်လို့ရတယ်ဆိုရင် သင့်အနေနဲ့ ယုံနိုင်ပါ့မလား ? မယုံမရှိပါနဲ့နော် အိမ်တစ်အိမ်လုံးကိုမှ ယူရို ၈၈ ဆင့် (အမေရိကန်ဒေါ်လာ ၁ ဒေါ်လာ) နဲ့ တစ်နှစ်ပတ်လုံးငှားရမ်းနေထိုင်လို့ရတဲ့ နေရာရှိပါတယ်။ shwekhitonlinetv.com

ဒီ မြို့ငယ်လေးရဲ့နာမည်ကတော့ Fuggerei လို့ခေါ်ပါတယ်။ ဥရောပတိုက် ဂျာမနီနိုင်ငံ အော့စ်ဘတ်မြို့မှာတည်ရှိတဲ့ ရွာသာသာမြို့ငယ်ကလေးဆိုလည်းမမှားပါဘူး။ ဒီမြို့ကလေးတည်ရှိတာကတော့ နှစ်ပေါင်း (၅၀၀) ကျော်ပြီဖြစ်ပါတယ်။ shwekhitonlinetv.com

အလွန်ချမ်းသာတဲ့ ဘဏ်လုပ်ငန်းရှင် Jakob Fugger the Rich က (၁၅၂၀) ခုနှစ်မှာ အော့စ်ဘတ်မြို့နဲ့ အနီးတစ်ဝိုက်က ဆင်းရဲသားတွေ၊ ချို့တဲ့သူတွေနေထိုင်နိုင်အောင်လို့ ဒီမြို့ကိုသူ့ရဲ့ကိုယ်ပိုင် ငွေကြေးတွေနဲ့ တည်ထောင်ခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

ဒါပေမယ့်လာရောက်နေထိုင်တဲ့ သူတွေအတွက်တော့ စည်းကမ်းအချို့သူကထုတ်ထားပါတယ်။ အဲ့ဒီစည်းကမ်းတွေကတော့ ဒီမြို့မှာနေထိုင်သူတွေအနေနဲ့ တစ်နေ့ကို (၃) ကြိမ်ဆုတောင်းဝတ်ပြုရမှာဖြစ်ပြီး ည (၁၀) နာရီဆိုတာနဲ့ တံခါးတွေအကုန် သော့ခတ်ထားဖို့ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

လက်ရှိအချိန်ထိ ဒီမြို့ကလေးရဲ့ အိမ် (၆၇) လုံး အခန်းပေါင်း (၁၄၇) မှာ နေထိုင်သူ (၁၄၂) ယောက်ရှိတယ်လို့သိရပါတယ်။ သူတို့အနေနဲ့ အိမ်ခန်းငှားရမ်းခအဖြစ် စတည်ထောင်ချိန်တုန်းကအတိုင်းပဲ တစ်နှစ်လုံးကိုမှ ယူရို ၈၈ ဆင့် (အမေရိကန်ဒေါ်လာ ၁ ဒေါ်လာ) ပဲပေးကြရတာဖြစ်ပါတယ်။ shwekhitonlinetv.com

ဘဏ်လုပ်ငန်းရှင် Jakob Fugger ကတော့ကွယ်လွန်သွားပြီဖြစ်ပေမယ့် သူ့ပိုင်ဆိုင်တဲ့ငွေကြေးတွေနဲ့ ယနေ့တိုင် ဒီရွာလေးကို ထောက်ပံ့မှုတွေပြုလုပ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။ 

Be the first to comment

Leave a Reply