(၂၀၂၂) ရဲ့ ဝင်ငွေအကောင်းဆုံး ဖျော်ဖြေရေးသမား (၁၀) ဦး အကြောင်း

အခုတစ်ခေါက်မှာတော့ ရွှေခေတ်ပရိသတ်တွေကို (၂၀၂၂) ရဲ့ ဝင်ငွေအကောင်းဆုံး ဖျော်ဖြေရေးသမား (၁၀) ဦးကိုဖော်ပြပေးချင်ပါတယ်။ ၂၀၂၂ ခုနှစ်လို့ဆိုပေမယ့်အများစုရဲ့ ဝင်ငွေကတော့ (၂၀၂၁) ခုနှစ်အတွင်းရရှိခဲ့တဲ့ ဝင်ငွေတွေကိုအခြေခံတွက်ချက်ထားတာဖြစ်ပါတယ်။ shwekhitonlinetv.com

၁၀။ Bob Dylan – အမေရိကန်ဒေါ်လာ သန်း (၁၃၀)

အသက် (၈၀) အရွယ်ရှိပြီဖြစ်တဲ့ နိုဘယ်ဆုရတေးသံရှင် Bob Dylan ဟာ သူ့ရဲ့အသံသွင်းပြီးသား တေးသီချင်းတွေနဲ့ အနာဂတ်အတွက်အသံသွင်းဖို့ရှိတဲ့ သီချင်းအနည်းငယ်အတွက် မူပိုင်ခွင့်ကို မကြာသေးခင်ကမှ Sony ကို အမေရိကန်ဒေါ်လာသန်း (၁၅၀) နဲ့ရောင်းချထားသူဖြစ်ပါတယ်။ ဒီအတွက် အသားတင်ဝင်ငွေကတော့ အမေရိကန်ဒေါ်လာသန်း (၁၃၀) အထိရရှိခဲ့လို့ ဒီစာရင်းရဲ့အဆင့် (၁၀) မှာပါဝင်လာခြင်းဖြစ်ပါတယ်။ shwekhitonlinetv.com

၉။ Ryan Tedder – အမေရိကန်ဒေါ်လာ သန်း (၁၆၀)

One Republic နဲ့ Bored Brother Band တွေရဲ့ပင်တိုင်အဆိုတော်ဖြစ်သလို တေးရေးဆရာတစ်ဦးလည်းဖြစ်တဲ့ Ryan Tedder ဟာ ပြီးခဲ့တဲ့နှစ်အတောအတွင်းမှာ Beyonce၊ Adele၊ EdSheeran တို့အတွက် သီချင်းသစ်တွေရေးပေးခဲ့ပါတယ်။ နောက်ပြီး သူ့ရဲ့ ကတ်တလောက်တစ်ခုကိုလည်း ရင်းနှီးမြုပ်နှံမှုကုမ္ပဏီတစ်ခုဖြစ်တဲ့ KKR ကိုရောင်းချခဲ့ရာကနေ ဝင်ငွေအများအပြားရရှိခဲ့တဲ့သူဖြစ်ပါတယ်။ shwekhitonlinetv.com

၈။ Tyler Perry – အမေရိကန်ဒေါ်လာ (၁၆၅) သန်း

Madea ဇာတ်ကောင်ဖန်တီးမှုနဲ့အတူ အောင်မြင်ကျော်ကြားပြီးဝင်ငွေကောင်းလာခဲ့တဲ့ အမေရိကန် သရုပ်ဆောင်၊ ဒါရိုက်တာ၊ ထုတ်လုပ်သူ၊ ဇာတ်ညွှန်းရေးဆရာဖြစ်တဲ့ Tyler Perry ကတော့အသားတင်ဝင်ငွေစုစုပေါင်း (၁၆၅) သန်းနဲ့ ဒီစာရင်းရဲ့ အဆင့် (၈) နေရာမှာရပ်တည်လို့နေပါတယ်။ shwekhitonlinetv.com

၇။ Paul Simon – အမေရိကန်ဒေါ်လာ သန်း (၂၀၀)

Folk ဂီတနဲ့ ကျေးလက်ဂီတအမျိုးအစားတွေကို သီဆိုရေးစပ်ပြီး နာမည်ကျော်ခဲ့တဲ့ အမေရိကန် ဂီတပညာရှင်ကြီး Paul Simon ကတော့ သူ့ရဲ့ Trademark သီချင်းအယ်လ်ဘမ်တွေဖြစ်တဲ့ “Mrs.Robinson” “59th Street Bridge Song (Feelin’ Groovy)” “The Sound of Silence” တို့ကို Sony Music Publishing ကို ပြီးခဲ့တဲ့မတ်လက အမေရိကန်ဒေါ်လာ သန်း (၂၅၀) နဲ့ ရောင်းချခဲ့ပါတယ်။ ဒီအတွက် အသားတင်ဝင်ငွေကတော့ အမေရိကန်ဒေါ်လာ သန်း (၂၀၀) အထိတောင်ရရှိခဲ့ပါတယ်။ shwekhitonlinetv.com

၆။ Trey Parker and Matt Stone – အမေရိကန်ဒေါ်လာ သန်း (၂၁၀)

Trey နဲ့ Matt ကတော့ South Park ဆိုတဲ့ Animation ဇာတ်ကားလေးတွေကို ဖန်တီးခဲ့တဲ့သူတွေအဖြစ်လူသိများပါတယ်။ လက်ရှိအချိန်မှာတော့ သူတို့တွေဟာ တစ်နှစ်ကိုဝင်ငွေသန်း (၈၀) လောက်ရရှိနေတဲ့ အိမ်တွင်းစက်မှုလုပ်ငန်းမှာ ကြီးကြပ်နေကြပြီး Paramount+ နဲ့လည်း ဒေါ်လာ သန်း (၉၀၀) တန် စာချုပ်ချုပ်ဆိုထားတာကြောင့် ဒီစာရင်းရဲ့အဆင့် (၆) နေရာမှာရှိနေတာဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ Kanye West – အမေရိကန်ဒေါ်လာ (၂၃၅) သန်း

နာမည်ကျော် ရက်ပါတစ်ဦးဖြစ်တဲ့ Kanye West ကတော့ တေးရေးဆရာ ပရိုဂျူဆာတစ်ဦးအဖြစ်လည်းလူသိများတဲ့သူဖြစ်ပါတယ်။ နောက်ပိုင်းမှာ စီးပွားရေးဘက်ကိုအာရုံပိုစိုက်လာပြီး Adidas နဲ့ပူးပေါင်းကာ Yeezy Sneakers တွေ Hoodie တွေပါ ထုတ်လုပ်လာတဲ့အတွက် သူ့ရဲ့အသားတင်ဝင်ငွေက ပြီးခဲ့တဲ့နှစ်မှာ အမေရိကန်ဒေါ်လာ (၂၃၅) သန်းအထိရှိခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ Dwayne “The Rock” Johnson – အမေရိကန်ဒေါ်လာ သန်း (၂၇၀)

ပရိသတ်အချစ်တော် သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ Dwayne Johnson ဟာပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွက် အသားတင်ဝင်ငွေစုစုပေါင်း အမေရိကန်ဒေါ်လာ သန်း (၂၇၀) အထိရရှိခဲ့တယ်ဆိုပေမယ့် ဒီထဲက လေးပုံတစ်ပုံလောက်ကသာ သူ့ရဲ့အနုပညာလုပ်ငန်းကနေရရှိခဲ့တာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်အတွင်းရိုက်ကူးခဲ့တဲ့ Jungle Cruise၊ Red Notice တို့ိလိုဇာတ်ကားတွေကနေ ဒီဝင်ငွေကိုရရှိခဲ့တာလို့လည်းဆိုနိုင်ပါတယ်။ ကျန်တဲ့ဝင်ငွေတွေကတော့ Buzzy Tequila လိုမျိုးအခြားစီးပွားရေးလုပ်ငန်းတွေကနေရရှိခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ Jay-Z – အမေရိကန်ဒေါ်လာ သန်း (၃၄၀)

နာမည်ကျော်ရက်ပါ Jay-Z ကတော့ ပထမဆုံး ဘီလျံနာအဆိုတော်တစ်ဦးလို့ဆိုနိုင်ပါတယ်။ သူ့ရဲ့ဝင်ငွေတွေကတစ်နှစ်ထက်တစ်နှစ်တိုးပွားလို့နေပါတယ်။ လက်ရှိအချိန်မှာ ကမ္ဘာကျော်အမှတ်တံဆိပ်အတော်များများရဲ့ သံတမန်အဖြစ်ရှိနေပြီး သူ့ရဲ့ကိုယ်ပိုင်လုပ်ငန်းတွေကလည်း အောင်မြင်လွန်းနေတာကြောင့် ဒီစာရင်းရဲ့ အဆင့် (၃) နေရာမှာရပ်တည်နိုင်တာဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ Bruce Springsteen – အမေရိကန်ဒေါ်လာ (၄၃၅) သန်း

ကမ္ဘာကျော်အဆိုတော်ကြီး Bruce Springsteen ကတော့ ပြီးခဲ့တဲ့ဒီဇင်ဘာလထဲမှာ ဆယ်စုနှစ် (၅) ခုလောက်ရှိတဲ့ဂီတသက်တမ်းအတွင်း သီဆိုခဲ့တဲ့ အထင်ကရသီချင်းတွေ တေးအယ်လ်ဘမ်တွေနဲ့ ဆက်စပ်ပစ္စည်းတွေကို Sony Music ကိုရောင်းချခဲ့ပါတယ်။ ဒီအတွက် အမေရိကန်ဒေါ်လာသန်း (၅၀၀) လောက်ရရှိလိမ့်မယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားကြပါတယ်။ ဒါဆိုရင်တော့သူ့ရဲ့ အသားတင်ဝင်ငွေကလည်း အနည်းဆုံး (၄၃၅) သန်းရှိမှာဖြစ်ပါတယ်။ shwekhitonlinetv.com

၁။ Peter Jackson – အမေရိကန်ဒေါ်လာ သန်း (၅၈၀)

Lord of the Ring၊ Hobbit စတဲ့ဇာတ်ကားတွေရဲ့ ဒါရိုက်တာဖြစ်တဲ့ Peter Jackson ကတော့ လက်ရှိမှာဝင်ငွေအကောင်းဆုံး ဖျော်ဖြေရေးသမားလို့ဆိုရမှာပါ။ ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက သူ့ရဲ့ Visual Effects တွေနဲ့ဖန်တီးထားတဲ့ ဇာတ်လမ်းအချို့ကို Unity Software ကို အမေရိကန်ဒေါ်လာ (၁.၆) ဘီလီယံနဲ့ရောင်းချထားတယ်လို့သိရပါတယ်။ ဒါဟာသမိုင်းတစ်လျောက်မှာတော့ တတိယမြောက် (၁) ဘီလီယံကျော်တန်ဖိုးရှိတဲ့ ရုပ်ရှင်ဖန်တီးမှုလည်းဖြစ်ပါတယ်။ သူတစ်ဦးတည်းရရှိခဲ့တဲ့ အသားတင်ဝင်ငွေကတော့ အမေရိကန်ဒေါ်လာသန်း (၅၈၀) ဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။