စတန့်ပြကွက်တွေရိုက်ကူးရင်း အမှားအမှားအယွင်းယွင်းတွေ ကြုံတွေ့ခဲ့ကြတဲ့ ကမ္ဘာကျော်သရုပ်ဆောင်များ

ရုပ်ရှင်ဇာတ်ကားတစ်ကား ရိုက်ကူးတဲ့ရိုက်ကွင်းတစ်ခုမှာ အမှားအယွင်းတွေဆိုတာကတော့ အမြဲရှိနေစမြဲပါ။ ဒါပေမယ့်လည်းတစ်ချို့အမှားအယွင်းတွေကတော့ အသက်အန္တရာယ်ဖြစ်စေလောက်တဲ့အထိ ဆိုးရွားခဲ့ပါတယ်။ အဲ့လိုအမှားအယွင်းတွေထဲက ကမ္ဘာကျော်သရုပ်ဆောင်အချို့ရဲ့ ထိတ်လန့်ဖွယ် ထိခိုက်မှုတွေကိုဖော်ပြပေးချင်ပါတယ်။ shwekhitonlinetv.com

၁။ စတားလုံး – Rocky (IV)

Rocky ဇာတ်ကားများနဲ့ နာမည်ကျော်ခဲ့တဲ့ မင်းသားကြီးစတားလုံး (Stallone) ဟာလည်း လက်ဝှေ့ကြိုးဝိုင်းထဲမှာ ပြင်းထန်တဲ့လက်သီးချက်မိကို အမှန်တယ်ခံစားခဲ့ရဖူးပါတယ်။ Rocky (IV) ဇာတ်ကားရဲ့ လက်ဝှေ့ထိုးသတ်ရတဲ့ ဇာတ်ဝင်ခန်းတစ်ခုမှာ သူနဲ့ပြိုင်ဖက်အဖြစ်သရုပ်ဆောင်ခဲ့တဲ့ ဒေါ့ဖ်လန်ဂရမ် (Dolph Lundgren) ကို သရုပ်ဆောင်တဲ့ အခါတက်နိုင်သမျှသူ့ကို လက်သီးချက်တွေ တရစပ်ထိုးဖို့ စတားလုံးက မှာကြားခဲ့ပါတယ်။ လန်ဂရမ်ကလည်း စတားလုံး မှာကြားတဲ့အတိုင်း လက်သီးချက်တွေ အဆက်မပြတ် စတားလုံးထံပစ်သွင်းခဲ့ရာမှ လက်သီးတစ်ချက်က စတားလုံးရဲ့မျက်နှာကို တည့်မတ်စွာထိုးမိခဲ့တာပဲဖြစ်ပါတယ်။ ဒီလက်သီးချက်ကြောင့် စတားလုံးဟာ ဆေးရုံမှာ တစ်ပတ်လောက် အထူးကြပ်မတ်ကုသမှု ခံယူခဲ့ရပါတယ်။ shwekhitonlinetv.com

၂။ ချားလ်သီရွန် – Aeon Flux

နာမည်ကျော် ဇာတ်ကားကောင်းတစ်ကားဖြစ်တဲ့ အဲရွန်ဖလက်စ် (Aero Flux) ဇာတ်ကားမှာ အမိုက်စား စတန့်တွေနဲ့ သရုပ်ဆောင်ခဲ့တဲ့ ဝါရင့်မင်းသမီးကြီး ချားလိဇ်သီရွန် (Charlize Theron) ကိုမှတ်မိကြဦးမယ်ထင်ပါတယ်။ သူမရဲ့ ပြောင်မြောက်တဲ့ စတန့်ပြကွက်တွေက ကြည့်ရှုသူတွေ အတွက်ရင်သပ်ရှုမောဖွယ် ဖြစ်ခဲ့ပေမယ့် နောက်ကွယ်မှာတော့ သူမဟာအတော်လေးကြိုးစားအားထုတ် ခဲ့ရပြီး ဒဏ်ရာလည်းအပြင်းအထန်ရရှိခဲ့ပါတယ်။ ဒီဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းတစ်ခုမှာ သူမဟာ မြေပြင်ပေါ် ဟန်ချက်ပျက်ပြီး ပြုတ်ကျခဲ့လို့ လည်ပင်းဒဏ်ရာ ဆိုးဆိုဝါးဝါးရရှိခဲ့ပါတယ်။ အဲ့ဒီ ဒဏ်ရာကြောင့် (၂) လလောက်ဆေးရုံမှာ အနားယူပြီးမှ ဇာတ်ကားကို ဆက်လက်ရိုက်ကူးခဲ့တာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ လီယိုနာဒို ဒီ ကာပရီယို – Django Unchained

အော်စကာဆုရ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ လီယိုနာဒို ဒီ ကာပရီယို ကတော့ Django ဇာတ်ကားရိုက်ကူးရင်း လက်မှာမတော်တဆ ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ အခန်းတွင်းကလူတွေကို စကားပြောရင်း ရုတ်တရက်ဒေါသထွက်ကာ စားပွဲပေါ်မှာရှိတဲ့ဖန်ခွက်ကို လက်ဝါးနဲ့ထုရိုက်တဲ့ ဇာတ်ဝင်ခန်းကို မာန်ပါပါနဲ့ သရုပ်ဆောင်ရင်း တစ်ကယ်ဖန်ကွဲစတွေ ရှခဲ့တာဖြစ်ပါတယ်။ လီယိုနာဒိုဟာ ဒီလိုမထင်မှတ်ပဲ ဒဏ်ရာရခဲ့ပေမယ့် ဟန်မပျက် ဇာတ်ဝင်ခန်းကိုဆက်လက်သရုပ်ဆောင်သွားခဲ့တာကတော့ ချီးကျူးဖို့ကောင်းတာအမှန်ပါပဲ။ shwekhitonlinetv.com

၄။ ဟယ်လီဘယ်ရီ – Die Another Day

ဂျိန်းစ်ဘွန်း ဇာတ်ကားတစ်ကားဖြစ်တဲ့ (Die Another Day) ဇာတ်ကားမှာတော့ မင်းသမီးဟယ်လီဘယ်ရီ (Halle Berry) ဟာ ငိုအားထက်ရယ်အားသန်စေမယ့် မတော်တဆမှုဖြစ်ခဲ့ပါတယ်။ သူမဟာ သစ်သီးကို အရသာခံပြီး စားသုံးနေတဲ့ ဇာတ်ဝင်ခန်းကို ရိုက်ကူးရာမှာ အခန့်မသင့်ခဲ့လို့သစ်သီးနင်ပြီး အသက်ရှုမရဖြစ်ခဲ့ရပါသတဲ့ ပရိသတ်ကြီးရေ။ ကံကောင်းချင်တော့ အနီးနားမှာရှိတဲ့ ဂျိမ်းစ်ဘွန်းမင်းသား ပီးယာ့စ်ဘော့စ်နန် (Pierce Bosnan) က ရှေးဦးသူနာပြုစု နည်းနဲ့ သူမအသက်ကို အချိန်မီကယ်ဆယ်နိုင်ခဲ့ပါတယ်။ shwekhitonlinetv.com

၅။ ဂျိုးဆက်ဂေါ်ဒွန်လီဗစ် – Premium Rush

ဒီဇာတ်ကားမှာတော့ ဂျိုး (Joseph Gordon-Levitt) ဟာ နယူးယော့ခ်မြို့တွင်း စက်ဘီးစီးနင်းပြီး စာပို့ရတဲ့ စာပို့သမားတစ်ဦးအဖြစ် သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ဇာတ်ဝင်ခန်းတစ်ခုဖြစ်တဲ့ မြို့လယ်ခေါင်မှာ တက္ကစီနဲ့ဝင်တိုက်မိတဲ့အခန်းကို သရုပ်ဆောင်ရင်း ကားမှန်တွေက ဂျိုး ရဲ့လက်ဖျံကိုအမှန်တကယ် ထိုးခွဲခဲ့တာဖြစ်ပါတယ်။ ဒီ ဒဏ်ရာကြောင့် ဂျိုး ဟာ အချက် (၃၀) လောက်ချုပ်ခဲ့ရတယ်လို့လည်း သိရပါတယ်။ shwekhitonlinetv.com

၆။ ဂျနီဖာလောရင့် – Hunger Game

နာမည်ကျော် မင်းသမီးချော ဂျနီဖာလောရင့်ဟာလည်း (Hunger Game) ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရာမှာ မတော်တဆမှုတစ်ခုနဲ့ ကြုံတွေ့ခဲ့ရဖူးတယ်လို့သိရပါတယ်။ ဒီဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းတစ်ခန်းမှာ မီးခိုးငွေ့ထုတ်တဲ့ စက်ချို့ယွင်းခဲ့မှုကြောင့် ဂျနီဖာဟာ အသက်ရှုကြပ်ပြီး သေမလိုဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။ shwekhitonlinetv.com

၇။ ဂျက်ကီချန်း – (Armour of God II)

စတန့်ဇာတ်လမ်းတွေမှာ မတော်တဆထိလခိုက် ဒဏ်ရာရရှိတယ်ဆိုတာ မင်းသားကြီးဂျက်ကီချန်း အတွက်တော့ဆန်းကြယ်တဲ့ ကိစ္စမဟုတ်ပါဘူး။ ဒါပေမယ့် ဒီဇာတ်ကားမှာရရှိခဲ့တဲ့ ဒဏ်ရာကတော့ သူ့ရဲ့ရုပ်ရှင်စတန့် သမိုင်းမှာ အဆိုးဝါးဆုံးဖြစ်ခဲ့တယ်လို့ ဂျက်ကီချန်းကိုယ်တိုင် ပြောကြားခဲ့တာဖြစ်ပါတယ်။ ဆင်ခြေလျောတစ်ခုကနေခုန်ဆင်းရင်း မတော်တဆဦးခေါင်းကိုထိခိုက်မိခဲ့တာ့ဖြစ်ပြီး ဦးနှောက်ခွဲစိတ်ကိုသမှု ပြုလုပ်ခဲ့ရတဲ့ အထိဒဏ်ရာပြင်းထန်ခဲ့ပါတယ်။ ဒါတင်မကသေးဘဲ ဦးခေါင်းထဲကိုလည်း သတ္တုပြားငယ်တစ်ခု အစားထိုးထည့်ခဲ့ရတယ်လို့ ဆိုပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။

Be the first to comment

Leave a Reply