ဘယ်ဇာတ်ကားမှာမဆို တူညီတဲ့ဇာတ်ရုပ် ကိုပဲ သရုပ်ဆောင်ကြရတဲ့ သရုပ်ဆောင်များ

ရုပ်ရှင်လောကရဲ့ သရုပ်ဆောင်တွေထဲမှာတော့ ဇာတ်ရုပ်မျိုးစုံကို ကျပန်းသရုပ်ဆောင်နိုင်တဲ့ စွယ်စုံရသရုပ်ဆောင်တွေရှိကြသလို ဇာတ်ရုပ်တစ်မျိုးတည်းကို သူမတူအောင်ထူးချွန်ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်တဲ့သူတွေလည်းရှိကြပါတယ်။ ဒီလိုသရုပ်ဆောင်မျိုးကိုတော့ ပရိသတ်တွေအနေနဲ့ သူ့ရဲ့ဇာတ်ရုပ်နဲ့တွဲပြီးမှတ်မိနေတက်ကြပါတယ်။ အခုတစ်ခေါက်မှာတော့ ဇာတ်ကားတိုင်းမှာ တူညီတဲ့ဇာတ်ရုပ်မျိုးတွေကို သရုပ်ဆောင်ထားပြီး နာမည်ကျော်ကြားနေတဲ့ သရုပ်ဆောင် (၁၀) ဦးကိုဖော်ပြလိုက်ပါတယ်။ shwekhitonlinetv.com

၁။ Morgan Freeman — Wise mentor

၂၀၀၄ ခုနှစ်တုန်းက Million Dollar Baby ဇာတ်ကားနဲ့ အကောင်းဆုံးဇာတ်ပို့အဖြစ် အော်စကာဆုရထားတဲ့ Morgan Freeman ကတော့ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားသရုပ်ဆောင်တစ်ဦးဖြစ်မယ်လို့ထင်ပါတယ်။ သူ့ရဲ့ဇာတ်ရုပ်အများစုကတော့ တည်ကြည်တဲ့ပုံစံနဲ့ ပညာရှိတစ်ဦး (ဒါမှမဟုတ်) အကြီးအကဲတစ်ဦးအသွင် ဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ Michelle Rodriguez — Cool girl

အသက် (၄၄) နှစ်အရွယ်ရှိပြီဖြစ်တဲ့ အမေရိကန်သရုပ်ဆောင် Michelle Rodriguez ကတော့ မင်းသမီးတစ်ဦးဖြစ်သလို ဇာတ်ညွှန်းရေးသားသူတစ်ဦးလည်းဖြစ်ပါတယ်။ သူမကိုလူသိများတဲ့ဇာတ်ရုပ်ကတော့ အက်ရှင်ဇာတ်ကားတွေမှာ ချောမောလှပပြီး လက်ရုံးရည်နှလုံးရည်နဲ့ ပြည့်စုံတဲ့ မိန်းကလေးတစ်ယောက်ပုံစံပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ Jason Statham — Tough guy with a hoarse voice

ဗြိတိန်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ Jason Statham ကတော့ ဆယ်ကျော်သက်အရွယ်မှာကတည်းက ကိုယ်ခံပညာတွေကိုကျွမ်းကျင်စွာတက်မြောက်ထားတဲ့သူဖြစ်ပါတယ်။ ဒါကြောင့်လည်းသူရဲ့ ဇာတ်ရုပ်တွေက အကြမ်းအရမ်းနဲ့ ဖိုက်တာဆန်ဆန် ပုံစံတွေသာများပါတယ်။ shwekhitonlinetv.com

၄။ Helena Bonham Carter — Weird woman

Halena Bonham Carter ကတော့ စွယ်စုံရတဲ့မင်းသမီးတစ်လက်အဖြစ် ရုပ်ရှင်အသိုင်းအဝိုင်းမှာကျော်ကြားတဲ့သူဖြစ်ပါတယ်။ အထူးသဖြင့် သူမဟာပုံမှန်မဟုတ်တဲ့ ထူးထူးခြားခြားဇာတ်ရုပ်တွေကို သရုပ်ဆောင်ရာမှာပြိုင်စံရှားတဲ့သူဖြစ်လို့ ဇာတ်ကားတစ်ကားမှာ အဲ့လိုဇာတ်ရုပ်ပါလာခဲ့ရင် ဒါရိုက်တာအများစုက သူမကိုသရုပ်ဆောင်ဖို့ပြေးမြင်တက်ကြတယ်လို့ ဆိုပါတယ်။ shwekhitonlinetv.com

၅။ Adam Sandler — Crazy but kind guy

Adam Sandler ကတော့ ဝင်ငွေအကောင်းဆုံးသရုပ်ဆောင်တွေထဲကတစ်ဦးဖြစ်ပါတယ်။ သူပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားအများစုမှာတော့ သူ့ရဲ့ဇာတ်ရုပ်က ခပ်ကြောင်ကြောင်နိုင်ပြီး ကြင်နာတက်တဲ့သူ တစ်ဦးပုံစံတွေများပါတယ်။ shwekhitonlinetv.com

၆။ Rebel Wilson — Reckless giggler

ဝဝကစ်ကစ်နဲ့ ချစ်ဖို့ကောင်းတဲ့ သြစတြေးလျသရုပ်ဆောင် Rebel Wilson ကတော့ ရုပ်ရှင်ဇာတ်ကားတွေမှာ အဓိကသရုပ်ဆောင်မင်းသမီးရဲ့ သူငယ်ချင်းအဖြစ်တွေ့ရလေ့ရှိတဲ့သူဖြစ်ပါတယ်။ သူမရဲ့စတိုင်က အထာကျကျနဲ့ ပျော်ပျော်ရွှင်ရွှင်နေတက်မယ်။ ပြီးရင်မဆင်မခြင်လုပ်ရပ်တွေကြောင့် တိုင်ပတ်မယ်။ အဲ့လိုပုံစံမျိုးတွေများပါတယ်။ shwekhitonlinetv.com

၇။ Nicolas Cage — Adventurous guy

မြန်မာရုပ်ရှင်ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်မယ့် Nicolas Cage ကတော့ ၁၉၈၀-၉၀ ဝန်းကျင်ကာလတွေက Romantic ဆန်ဆန်ဇာတ်လမ်းတွေမှာသာ အများအားဖြင့်သရုပ်ဆောင်ခဲ့တဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ သူ့ရဲ့ဇာတ်ရုပ်တွေက စွန့်စားရှာဖွေသူ၊ အကွက်ကျကျသူများကို တစ်ပတ်ရိုက်တက်တဲ့သူ တစ်ယောက်အဖြစ်သရုပ်ဆောင်ရာမှာ ပိုပြီးအောင်မြင်ခဲ့လို့ နောက်ပိုင်းဇာတ်လမ်းတွေမှာ အဲ့ဒီလိုမျိုးဇာတ်ကောင်နေရာကိုသာ ရွေးချယ်သရုပ်ဆောင်တဲ့သူဖြစ်ပါတယ်။ shwekhitonlinetv.com

၈။ Ryan Reynolds — Bold guy full of self-irony and sarcasm

Ryan Reynolds ကတော့သူ့ပုံစံကို Deadpool ဇာတ်ကားမှာသရုပ်ဖော်ထားပါတယ်။ သူ့ရဲ့ပုံစံကို အလွယ်ပြောရရင်တော့ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိတဲ့ လူရွှင်တော်တစ်ယောက်လို့ဆိုနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူပါဝင်ထားတဲ့ဇာတ်ကားတွေအများစုမှာ သူ့ရဲ့သရုပ်ဆောင်မှုတွေက အဲ့ဒီလိုတွေချည်း ထပ်တူကျနေလို့ဖြစ်ပါတယ်။ shwekhitonlinetv.com

၉။ Liam Neeson — Hard-boiled former special agent

အိုင်ယာလန်မင်းသားကြီး Liam Neeson ကတော့ ၁၉၇၈ ခုနှစ်လောက်ကတည်းက သရုပ်ဆောင်လောကထဲကိုဝင်ရောက်ခဲ့တဲ့သူဖြစ်ပါတယ်။ သူ့ကိုလူသိများစေခဲ့တာကတော့ လူမှန်အချိန်မှန်ရောက်လာတက်တဲ့ စုံထောက်ဇာတ်ရုပ်မျိုး၊ အထူးအေးဂျင့်လိုဇာတ်ရုပ်တွေပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၁၀။ နေထူးနိုင် — ပြိုင်စံရှားသိုင်းသမား

နေထူးနိုင်ကတော့ သီချင်းဗီဒီယိုတွေမှာပါဝင်သရုပ်ဆောင်ရင်း အနုပညာလောကထဲကိုစတင်ခြေချခဲ့တဲ့သူဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ မြန်မာရုပ်ရှင်ဇာတ်လမ်းတွေထဲက သိုင်းလောကဇာတ်လမ်းတွေမှာ အဓိကဇာတ်ကောင်တစ်ယောက်အဖြစ် အခိုင်အမာနေရာ ရယူနိုင်ခဲ့တဲ့သူလည်းဖြစ်ပါတယ်။ လက်ရှိအချိန်မှာဆိုရင်လည်း နေထူးနိုင်ဆိုတာနဲ့ စွမ်းအားရှင် (ဒါမှမဟုတ်) ထူးထူးဆန်းဆန်း သိုင်းတွေကိုတက်ထားသူတစ်ယောက်အဖြစ် တွဲမြင်နေကြပြီဖြစ်ပါတယ်။shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။ 

Be the first to comment

Leave a Reply