တချို့သော တိရစ္ဆာန်လေးတွေရဲ့ လူသိနည်းပြီး ထူးဆန်းတဲ့ အကျင့်စရိုက်များ

တခါတလေမှာ သဘာဝတရားကြီးနဲ့ ပက်သက်ပြီး ကျွန်တော်တို့ မြင်တွေ့ဖူး ကြားဖူးတာတွေထက် ပိုပြီး ထူးဆန်းအံ့သြဖွယ်ရာတွေ ရှိလို့နေပါတယ်။ ဒီတခေါက်မှာတော့ ရွှေခေတ်ပရိတ်သတ်ကြီးအတွက် သားရိုင်းတိရစ္ဆာန်လေးတွေနဲ့ ပက်သက်ပြီး လူသိနည်းတဲ့ အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com

၁။ Sloths

Sloths လို့ ခေါ်တဲ့ မျောက်မောင်းမတွေကိုတော့ နှေးကွေးပြီး ပျင်းရိတဲ့ တိရစ္ဆာန်လေးတွေအဖြစ် အားလုံးသိကြမယ် ထင်ပါတယ်။ လက်ချောင်း ၃ ချောင်းပါတဲ့ Sloths အမတွေဟာ မိတ်လိုက်တဲ့ ရာသီမှာ တခြားအမတွေထက် ၂၀၀% ဆွဲဆောင်မှုပိုရှိကြပါတယ်။ အထီးတွေကို ဆွဲဆောင်နိုင်ဖို့အတွက် ငှက်အော်သံ ဒါမှမဟုတ် စူးစူးရှရှ အော်မြည်သံတွေကို ပြုလုပ်တတ်ကြပါတယ်။ shwekhitonlinetv.com

၂။ Armadillos

မြန်မာနိုင်ငံမှာ တွေ့ရတတ်တဲ့ သင်းခွေချပ်လို အကောင်ပုံစံ ဖြစ်ပါတယ်။ မာကြောတဲ့ အကြေးခွံတွေနဲ့ ဖုံးအုပ်ထားပြီး ခွေလုံးနေတတ်တဲ့ အကောင်လေးတွေပါ။ သူတို့ဟာ မြစ်ချောင်း စမ်းချောင်းများကို ကူးဖြတ်နိုင်ပြီး ရေအောက်ထဲမှာလည်း ကူးခတ်နိုင်ကြပါတယ်။ ၆ မိနစ်နဲ့ အထက် အသက်မရှုပဲ ရေငုတ်နိုင်ပြီး လေတွေကို စုပ်ယူကာ ရေပေါ်မှာလည်း ကိုယ်ဖော့နေနိုင်တဲ့ အကောင်လေးတွေပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ Snakes

သင်သိပါသလား မြွေတွေဟာ မျက်စိဖွင့်ပြီး အိပ်စက်နိုင်ပါတယ်။ မျက်လုံးတွေကို ဖုံးအုပ်ဖို့အတွက် မျက်ခွံမပါရှိပဲ ဖောက်ထွင်းမြင်ရတဲ့ အရည်ကြည်ပါးတစ်ထပ်သာ ပါပါတယ်။ သူတို့ အိပ်စက်နေချိန်မှာဆိုရင်တော့ တိမ်လိုအခိုးအငွေ့တွေနဲ့ မျက်လုံးကို ဖုံးအုပ်ထားတာကို တွေ့ရမှာပါ။ shwekhitonlinetv.com

၄။ Anglerfish

သမုဒ္ဒရာရေနက်ပိုင်းမှာ တွေ့ရတဲ့ ငါးအမျိုးအစားဖြစ်ပါတယ်။ မှောင်မည်းနေတဲ့ ရေနက်ပိုင်းတွေမှာ သူတို့ရဲ့ ခေါင်းပေါ်က မီးသီးလုံးလေးနဲ့ သားကောင်တွေကို လှည့်ဖျားပြီး စားသောက်တတ်ကြပါတယ်။ လူတိုင်းမသိသေးတဲ့ အချက်တခုကတော့ ကြောက်စရာကောင်းတဲ့ သွားတွေပါရှိပြီး ခေါင်းပေါ်မှာ မီးသီးလုံးလေးတွေပါတဲ့ အကောင်လေးတွေဟာ အမ တွေပဲ ဖြစ်ကြပါတယ်။ shwekhitonlinetv.com

၅။ Storks and Vultures

နှုတ်သီးရှည်ပြီး ခြေတံရှည် လည်ပင်းရှည် ငှက်မျိုးစိတ်တချို့နဲ့ လင်းတငှက်တွေဟာ အပူသက်သာစေဖို့ သူတို့ရဲ့ခြေထောက်တွေပေါ်ကို သေးပေါက်ချလေ့ရှိကြပါတယ်။ shwekhitonlinetv.com

၆။ Marine iguanas

လူတွေနှာချေတဲ့အခါ နှာရည်ထွက်သလို ရေထဲမှာ နေတတ်တဲ့ ဖွတ်အမျိုးအစားတွေကတော့ နှာချေတဲ့အခါ ဆား ထွက်လာပါတယ်။ သူတို့ရဲ့ မျက်လုံးအပေါ်ဘက်မှာ ဆားတွေနဲ့ ပြည့်နေတဲ့ အရည်အိတ်တွေ ရှိပါတယ်။ ထိုအရည်အိတ်တွေဟာ နှာခေါင်းနဲ့လည်း ဆက်စပ်နေတာကြောင့် နှာချေတဲ့အခါ ဆားတွေထွက်လာတာ ဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ ပိုလျှံနေတဲ့ဆားတွေကို စွန့်ထုတ်တတ်ကြပါတယ်။ ဒီဆားတွေဟာ လူတွေ သုံးလို့ရလား မရလားဆိုတာတော့ မသိရသေးပါဘူး။ shwekhitonlinetv.com

၇။ Crocodiles

မိကျောင်းတွေရဲ့ စုပ်ယူနိုင်စွမ်းရှိတဲ့ အသည်းဟာ ရင်ဘတ်ကြွက်သားတွေနဲ့ ဆက်စပ်ပြီး တည်ရှိနေပါတယ်။ အဲ့ဒါကြောင့် သူတို့ဟာ ရေပေါ်မှာ ပေါလောပေါ်နိုင်ပြီး ခန္ဓာကိုယ်ကို ထိန်းညှိနေနိုင်တာ ဖြစ်ပါတယ်။ shwekhitonlinetv.com

၈။ Inland taipan

ကုန်းတွင်းပိုင်း Taipan မြွေအမျိုးအစားဟာ တခြားမြွေအမျိုးအစားတွေအားလုံးထက် အဆိပ်အပြင်းဆုံး မြွေတွေပဲ ဖြစ်ပါတယ်။ အိန္ဒိယ မြွေဟောက်ထက် အဆပေါင်း ၅၀ အထိ အင်အားကြီးတဲ့ အကောင်တွေပါ။ shwekhitonlinetv.com

၉။ Bees

ပျားတုတ်စေတတ်တဲ့ pheromone တွေကို ငှက်ပျောသီးမှာလည်း တွေ့ရနိုင်ပါတယ်။ ဒါ့ကြောင့် ပျားတွေအနီးနားရောက်နေမယ်ဆိုရင် ငှက်ပျောသီးနဲ့ ငှက်ပျောသီးအရသာပါဝင်တဲ့ အစားအစာတွေကို မစားသင့်ပါဘူးနော်။ မဟုတ်ရင်တော့ ပျားတုတ်ခံရဖို့ သေချာသလောက်ပါပဲ။ shwekhitonlinetv.com

၁၀။ Dragonflies

ပုစဥ်းမတွေဟာ ပုစဥ်းထီးတွေရဲ့ လိုက်လံနှောင့်ယှက်ခြင်းကို ရှောင်ရှားနိုင်ဖို့အတွက် သေချင်ယောင်ဆောင်တတ်ကြပါတယ်။ shwekhitonlinetv.com

၁၁။ Rabbits

နို့တိုက်သတ္တဝါလေးတွေထဲမှာ ယုန်တွေဟာ ခြေသည်းမပါတဲ့ တခုတည်းသော မျိုးစိတ်ဖြစ်ပါတယ်။ ခြေသည်းတွေအစား သူတို့ရဲ့ ခြေထောက်တွေကို အမွှေးရှည်တွေနဲ့ ဖုံးအုပ်ထားပါတယ်။ shwekhitonlinetv.com

၁၂။ Giant armadillos

သာမန် armadillos မဟုတ်ပဲ ကြီးမားတဲ့ armadillos မျိုးစိတ်အကောင်တွေမှာတော့ နို့တိုက်သတ္တဝါတွေထဲမှာ သွားတွေအများဆုံးပါတဲ့ အကောင်တွေ ဖြစ်ပါတယ်။ သွားအရေအတွက်ဟာ ခန့်မှန်းအားဖြင့် ၈၀ ကနေ ၁၀၀ ထိ ရှိကြပါတယ်။ သွားတွေဟာ ကြွေရည်မပါရှိပဲ Giant armadillos တွေရဲ့ ဘဝတလျှောက် ဆက်လက်ကြီးထွားနေကြပါတယ်။ shwekhitonlinetv.com

၁၃။ Spiders

ကမ္ဘာပေါ်မှာရှိတဲ့ ပင့်ကူတွေအားလုံးရဲ့ တနှစ်အတွင်း စားသောက်တဲ့ သားကောင်တွေရဲ့ အလေးချိန်တွေ အားလုံးကို ပေါင်းလိုက်မယ်ဆိုရင် ၄၀၀ ကနေ ၈၀၀ မီလီယံ တန် အထိ အလေးချိန်ရှိပါတယ်။ ဒါဟာ ကမ္ဘာတခုလုံးက အရွယ်ရောက်လူငယ်တွေ စုစုပေါင်း အလေးချိန်ရဲ့ ၂ ဆရှိပါတယ်။ shwekhitonlinetv.com

၁၄။ Pacu fish

Pacu fish တွေမှာ လူတွေရဲ့ သွားတွေနဲ့ တူညီတဲ့ သွားတွေ ပါရှိကြပါတယ်။ အခွံမာသီးတွေနဲ့ အသီးအနှံတွေကို စားသောက်တဲ့အခါ အဆိုပါသွားတွေကို အသုံးပြုကြပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။