သာမန်လူတစ်ယောက်အဖို့တော့ မျက်စိမမြင်ဘဲရေငုပ်ပြီး ငါးဖမ်းဖို့ဆိုတာလုံးဝကို မဖြစ်နိုင်ဘူးလို့ဆိုရမယ့်ကိစ္စတစ်ခုပါ။ ဒါပေမယ့် ဗီယက်နမ်နိုင်ငံက မျက်မမြင် အမျိုးသားတစ်ဦးကတော့ ဘာပစ္စည်းကိရိယာမှမပါဘဲလက်ဗလာနဲ့ ပင်လယ်ထဲမှာရေငုပ်ပြီး ငါးဖမ်းကာ နှစ် (၂၀) လောက်အသက်မွေးဝမ်းကြောင်းပြုနေခဲ့ပါတယ်။ shwekhitonlinetv.com

ဒီအမျိုးသားရဲ့နာမည်က Yet Chin Lieu ဖြစ်ပါတယ်။ သူက အသက် (၅၈) နှစ်အရွယ်ရှိပြီဖြစ်ပြီး ဗီယက်နမ်နိုင်ငံတောင်ပိုင်း Kien Luong ခရိုင်မှာနေထိုင်ပါတယ်။ သူတို့မြို့ကလေးမှာတော့ သူူ့ရဲ့နာမည်ကို Vuong Hoai An လို့သာခေါ်ကြပါတယ်။ shwekhitonlinetv.com
သူ့ရဲ့မျက်လုံးနှစ်လုံးကတော့လွန်ခဲ့တဲ့နှစ် (၂၀) လောက်ကတည်းကအလင်းမရတော့တာလို့သိရပါတယ်။ ဒီလိုမျက်စိကွယ်သွားပေမယ့် သူငယ်စဉ်ကတည်းက လုပ်ကိုင်လာခဲ့တဲ့အသက်မွေးဝမ်းကြောင်းအလုပ်ကိုတော့ ပုံမှန်အတိုင်းကျွမ်းကျင်စွာ လုပ်ကိုင်နိုင်ဆဲပဲဖြစ်ပါတယ်။ shwekhitonlinetv.com

ပင်လယ်ထဲမှာရေငုပ်ပြီး ငါးတွေ ပုစွန်တွေဖမ်းဖို့ သူ့အတွက်ဘာအကာအကွယ်ပစ္စည်းကိရိယာမှ ထွေထွေထူးထူးမလိုပါဘူး။ လက်အိတ်၊ ဖမ်းမိတဲ့ငါး၊ ပုစွန်တွေထည့်ဖို့ပုံး၊ သောက်ရေတစ်ပုလင်း စတဲ့အရာတွေက သူ့ရဲ့နေ့စဉ်လုပ်ငန်းခွင်သုံး ပစ္စည်းတွေပါ။ shwekhitonlinetv.com
သူ့အနေနဲ့ ကမ်းစပ်ကနေမီတာအနည်းငယ်လောက်ကွာဝေးတဲ့ ရေထဲမှာငုပ်ပြီး ငါး၊ ပုစွန်တွေကိုလိုက်စမ်းပြီး လက်ဗလာနဲ့သာရှာဖွေဖမ်းယူတာပါ။ “ချွန်ထက်တဲ့ကျောက်တုံးငယ်တွေက ငါးတွေ၊ ကင်းပုစွန်တွေ၊ ဂဏန်းတွေနှစ်သက်တဲ့နေရာတွေဗျ၊ ကျွန်တော့်လက်နဲ့သူတို့ကိုထိတွေ့ခံစားမိပြီဆိုရင်တော့ မိတာများပါတယ်။ တစ်ခါတစ်လေကျတော့လည်း လျှင်တဲ့အကောင်တွေကို မမိလိုက်တာမျိုးရှိတာပေါ့” လို့ Chin Lieu ကဆိုပါတယ်။ shwekhitonlinetv.com

“ကံကောင်းတဲ့နေ့တွေဆိုရင် ကျောက်ဂဏန်း (၄-၅) ကီလို ငါးမျိုးစုံ (၄-၅) ကီလိုလောက်ရတက်တယ်ဗျ” လို့လည်း Chin Lieu ကဆိုပါတယ်။ ဘာပဲဖြစ်ဖြစ် မျက်စိမမြင်ဘဲနဲ့ နှစ် (၂၀) လောက်ပင်လယ်ထဲမှာရေငုပ်ပြီး ငါးဖမ်းအသက်မွေးလာတာကတော့ အတော်လေးကိုအံ့သြဖို့ကောင်းတယ်လို့ ဆိုရမှာပဲဖြစ်ပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။
Be the first to comment
You must log in to post a comment.