လုံးဝမထင်မှတ်ဘဲ သူဌေးသူကြွယ်တွေ ဖြစ်သွားတဲ့ သူ (၅) ယောက်အကြောင်း

“လှံ” ထမ်းလာတာကိုပဲမြင်နိုင်တယ် “ကံ” ထမ်းလာတာကိုတော့မမြင်နိုင်ဘူး ဆိုတဲ့မြန်မာဆိုရိုးစကားလေးအတိုင်း လောကမှာထင်မှတ်မထားပဲနဲ့ အကြီးအကျယ်ကံကောင်းခဲ့ကြသူတွေရှိပါတယ်။ ဒီနေ့မှာတော့ အဲ့ဒီလိုမထင်မှတ်တဲ့ အခြေအနေကနေ ဒေါ်လာသန်းပေါင်းများစွာရရှိခဲ့တဲ့သူတစ်ချို့ကိုဖော်ပြပေးချင်ပါတယ်။ shwekhitonlinetv.com

၁။ ကာစီနိုဝန်ထမ်းရဲ့အမှားကြောင့် ချမ်းသာသွားသူ

Cincinnati’s Horseshoe Casino ဟာ ၂၀၁၃ ခုနှစ် သြဂုတ်လက ပရိုမိုးရှင်းအနေနဲ့ဒေါ်လာ (၁) သန်းတန်ဆုမဲတစ်ခုကို မဲဖောက်ပေးခဲ့ပါတယ်။ Kevin Lewis ဆိုတဲ့အမျိုးသားက ဒီဆုကိုကံထူးသွားသူအဖြစ်ကြေညာခြင်းခံခဲ့ရပါတယ်။ နောက်ပိုင်း သေချာပြန်စိစစ်တဲ့အခါမှာတော့ ကာစီနိုဝန်ထမ်းက ပေါက်တဲ့သူရဲ့ ID နဲ့နာမည်ကိုမှားကြေညာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကာစီနိုက အမှန်တစ်ကယ် မဲပေါက်သူကိုရော မှားယွင်းကြေညာခြင်းခံရတဲ့သူရော နှစ်ယောက်စလုံးကို ဒေါ်လာ (၁) သန်းစီချီးမြှင့်ပေးခဲ့လို့ Kevin Lewis တစ်ယောက်ပျော်ရွှင်ခဲ့ရပါတယ်။ shwekhitonlinetv.com

၂။ ခင်ပွန်းကိုသင်ခန်းစာပေးချင်လို့ ချမ်းသာသွားတဲ့ ဇနီးမောင်နှံ

မြောက်ကာရိုလိုင်းနားက Glenda Blackwell ဆိုသူအမျိုးသမီတစ်ဦးကတော့ သူ့ခင်ပွန်းရဲ့ထီထိုးတဲ့အကျင့်ကို စိတ်ပျက်ငြီးငွေ့နေတဲ့သူဖြစ်ပါတယ်။ တစ်ညမှာတော့ ဂတ်စ်ဆိုင်တစ်ခုမှာ သူတို့လင်မယားနှစ်ယောက်ငြင်းခုန်ရင်း ပိုက်ဆံတွေအလဟသဖြစ်မှာသေချာမယ့်အတူတူ သူ့ခင်ပွန်းကိုသင်ခန်းစာပေးမယ်ဆိုပြီး သူမကိုယ်တိုင်ထီလက်မှတ်တွေဝယ်ယူပစ်ခဲ့ပါတယ်။ ဒါပေမယ့် သူမရဲ့သင်ခန်းစာပေးမယ့်အစီအစဉ်ကဖြစ်မလာခဲ့ဘဲ အဲ့ဒီထီလက်မှတ်တွေကနေ ဒေါ်လာ (၁) သန်း ဆုရှင်ဖြစ်သွားခဲ့ပါတယ်။ shwekhitonlinetv.com

၃။ အမည်ရွေးချယ်မှုတစ်ခုကြောင့် သန်းကြွယ်သူဋ္ဌေးဖြစ်ခဲ့သူ

၁၉၉၄ ခုနှစ်လောက်ကတော့ လူအတော်များများဟာအင်တာနက်ဆိုတာ ဘယ်လိုအသုံးချရသလဲသေချာမသိကြသေးပါဘူး။ ဒါကြောင့်လည်း အဲ့ဒီအချိန်မှာ အသက် (၂၉) အရွယ် Chris Clark ဆိုသူက Pizza.com ဆိုတဲ့ ဒိုမိန်းအမည်တစ်ခုဒေါ်လာ (၂၀) နဲ့ ရည်ရွယ်ချက်တိတိကျကျမရှိဘဲ ဝယ်ယူခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ရင်းနှီးမြုပ်နှံမှုကမယုံကြည်နိုင်လောက်အောင်ကို ကောင်းမွန်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ၂၀၀၈ ခုနှစ်မှာ အဲ့ဒီ ဒိုမိန်းကို ဒေါ်လာ (၂.၆) သန်းနဲ့ဝယ်ယူမယ့်သူပေါ်လာခဲ့လို့ဖြစ်ပါတယ်။ ဒါဟာ ဒိုမိန်းတစ်ခုအတွက် အများဆုံးငွေကြေးနဲ့ဝယ်ယူခဲ့မှုလည်း ဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ အကြံကောင်းတစ်ခုကြောင့် ကံကောင်းခဲ့သူ

၂၀၁၅ ခုနှစ် ဇန်နဝါရီလမှာတော့ မက်ဆာချုးဆက်ပြည်နယ်က Richard Noll ဆိုတဲ့အမျိုးသားတစ်ဦးဟာ သူ့မှာရှိတဲ့ ဒေါ်လာ (၁၀၀) ကိုတစ်ခုခုပြောင်းလဲဖို့စဉ်းစားနေခဲ့ပါတယ်။ နောက်ဆုံးမှာတော့ Convenience Store တစ်ခုက ခဲခြစ်ကံစမ်းမဲအချို့ကိုဝယ်ယူဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာအလွန်မှန်ကန်ခဲ့ပြီး ခဲခြစ်ကံစမ်းမဲကနေ Jackpot ဒေါ်လာ (၁၀) သန်းကံထူသွားခဲ့ပါတယ်။ သူ့ကို ဒီလက်မှတ်ရောင်းပေးခဲ့တဲ့ စတိုးဆိုင်ဝန်ထမ်းဟာလည်း ဒေါ်လာ (၅၀,၀၀၀) ဘောနပ်ရရှိခဲ့ပါတယ်။ shwekhitonlinetv.com

၅။ သန်း (၂၀၀) တန်တဲ့ဓာတ်ပုံတွေကို (၄၅) ဒေါ်လာတည်းနဲ့ ရရှိခဲ့သူ

၂၀၀၂ ခုနှစ်ရဲ့ နွေဦးရာသီကာလတစ်ခုမှာတော့ စုဆောင်းသူတစ်ဦးဖြစ်တဲ့ Rick Norsigian ဆိုသူဟာ သူ့အိမ်နီးနားချင်းရဲ့ ကားဂိုထောင်ထဲကနေဆွေးမြေ့နေတဲ့ သေတ္တာဟောင်းနှစ်လုံးကိုအရောင်းအဝယ်ပြုလုပ်ဖို့ သွားရောက်ကြည့်ရှုခဲ့ပါတယ်။ ဒါပေမယ့် ကားဂိုထောင်ထဲအရောက်မှာတော့ အမှုမဲ့အမှတ်မဲ့ထားထားတဲ့ ဓာတ်ပုံအများအပြားကိုတွေ့ရှိခဲ့လို့ (၄၅) ဒေါ်လာပေးဝယ်ခဲ့လိုက်ပါတယ်။ သူဝယ်ယူပြီး (၄) နှစ်လောက်ကြာတဲ့အခါမှာတော့ ဒီဓာတ်ပုံတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၁၀၀) လောက်က နာမည်ကျော်ဓာတ်ပုံဆရာ Ansel Adams ရဲ့ ကာလအတန်ကြာပျောက်ကွယ်နေတဲ့ လက်ရာတွေမှန်း သိခဲ့ရပါတယ်။ ပညာရှင်တွေကတော့ ဒီဓာတ်ပုံအားလုံးဟာ ကာလပေါက်ဈေး ဒေါ်လာသန်း (၂၀၀) နီးပါးတန်တယ်လို့ ဈေးဖြတ်ခဲ့ကြပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။