ဆော်ဒီအာရေဗျနိုင်ငံဟာ ၎င်းတို့ရဲ့သဲကန္တာရကိုဖြတ်ပြီး အင်ပါယာစတိတ်အဆောက်အအုံထက် ပိုမိုမြင့်မားပြီး (၇၅) မိုင်ရှည်တဲ့ ကြေးမုံမှန်မိုးမျှော် အဆောက်အဦးကို ဒေါ်လာ (၁) ထရီလီယံအကုန်အကျခံပြီး ဆောက်လုပ်သွားမယ့် စီမံကိန်းတစ်ရပ်ကို ထုတ်ဖော်ပြသခဲ့ပါတယ်။ shwekhitonlinetv.com

ဒီအဆောက်အဦးကိုတော့ Mirror Line လို့နာမည်ပေးထားပြီး ဆော်ဒီအာရေဗျနိုင်ငံရဲ့ အနောက်မြောက်ပိုင်းက Neom ဆိုတဲ့သဲကန္တာရမြို့မှာ တည်ဆောက်သွားမှာဖြစ်တယ်လို့ ဆော်ဒီအိမ်ရှေ့မင်းသား Mohammed bin Salman က အတည်ပြုကြေညာခဲ့ပါတယ်။ shwekhitonlinetv.com

ဆော်ဒီအိမ်ရှေ့မင်းသား Mohammed bin Salman ဟာ သူတို့ရဲ့နိုင်ငံမှာလည်း အီဂျစ်ပြည်က ပိရမစ်များတွေလိုမျိုး အထင်ကရဖြစ်ပြီး နောင်နှစ်ပေါင်းများစွာတည်တံ့ခိုင်မြဲနေမယ့် အဆောက်အအုံမျိုးကို တည်ဆောက်ဖို့ဆန္ဒရှိတာကြောင့် အခုပရောဂျက်ကို စီစဉ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ shwekhitonlinetv.com

Mirror Line စီမံကိန်းမှာတော့ ပေ (၁၆၀၀) မြင့်တဲ့ အဆောက်အဦးနှစ်ခုက မျက်နှာချင်းဆိုင် (မျဉ်းပြိုင်သဏ္ဍာန်) အနေအထားနဲ့ ရှိမည်ဖြစ်ပြီး (၇၅) မိုင်အထိရှည်လျားကာ သဲကန္တာရ၊ ကမ်းရိုးတန်းနှင့် တောင်တန်းရှုခင်းများကို ဖြတ်ကျော်ကာ တည်ဆောက်သွားမှာဖြစ်ပါတယ်။ shwekhitonlinetv.com

ဆော်ဒီမင်းသား Mohammed bin Salman ဟာ Mirror Line ကို 2030 ခုနှစ်အရောက်မှာတည်ဆောက်ပြီးစီးပြီး အဆင်သင့်ဖြစ်စေလိုကြောင်း အင်ဂျင်နီယာတွေကို ညွှန်ကြားထားသော်လည်း လက်တွေ့တည်ဆောက်မှုတွင် နှစ် (၅၀) လောက်ကြာနိုင်ကြောင်း ကျွမ်းကျင်သူတွေက ခန့်မှန်းထားကြပါတယ်။ shwekhitonlinetv.com

အဆောက်အဦးကိုတော့ လူသားတွေနေထိုင်နိုင်ဖို့ အဓိကထားတည်ဆောက်သွားမှာဖြစ်ပြီးတော့ ၎င်း ရဲ့အောက်မှာတော့ ရှည်လျားတဲ့ မြန်နှုန်းမြင့်မြေအောက်ရထားလိုင်းလည်း ပါရှိမှာဖြစ်ကြောင်း သိရပါတယ်။ နောက်ပြီး ဒီအရာတွေလည်ပတ်ဖို့အတွက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တွေကို အသုံးချသွားဖို့ စီစဉ်ထားကြောင်းလည်းသိရပါတယ်။ shwekhitonlinetv.com

မင်းသား Mohammed bin Salman အနေနဲ့ Neom ဟာထောင်ပေါင်းများစွာသော အလုပ်အကိုင်သစ်တွေကို ဖန်တီးပေးမှာဖြစ်ပြီး ရေနံလိုမျိုးသယံဇာတတစ်ခုတည်းအပေါ် အလွန်အမင်းမှီလိုနေခြင်းကို ရပ်တန့်နိုင်လိမ့်မည်လို့မျှော်လင့်နေပါတယ်။ shwekhitonlinetv.com

ဒါပေမယ့်လည်း အနောက်နိုင်ငံအများစုကတော့ ဆော်ဒီအာရေဗျနိုင်ငံကို လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး သပိတ်မှောက်နေကြတာကြောင့် Neom မှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ အခုထက်ထိ ပြုလုပ်ဖို့ ကမ်းလှမ်းခြင်းမရှိသေးပါဘူး။ shwekhitonlinetv.com

ဆော်ဒီအာရေးဗျနိုင်ငံဟာ ယခင်ကလည်း ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်တိုက်တစ်ခု တည်ဆောက်ဖို့စီစဉ်ဖူးပေမယ့် ရန်ပုံငွေအခက်အခဲကြောင့ အစီအစဉ်ကို စွန့်လွှတ်ခဲ့ရဖူးပါတယ်။ အခုတစ်ခါမှာတော့ ဘယ်လိုနီးနဲ့ဖြစ်ဖြစ် အစီအစဉ်ကိုအကောင်အထည်ဖော်သွားမှာဖြစ်တယ်လို့ မင်းသား MBS က Wall Street Journal ကိုပြောကြားခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။
Be the first to comment
You must log in to post a comment.