ဒီကမ္ဘာကြီးပေါ်မှာ ဖြစ်တည်နေတဲ့ ထူးထူးခြားခြား အကြောင်းအရာ (၁၀) မျိုး

အခုတစ်ခေါက်မှာတော့ ရွှေခေတ်ပရိသတ်တွေကို ကမ္ဘာပေါ်က ထူးခြားဆန်းပြားတဲ့ အကြောင်းအရာလေးတစ်ချို့ကို ဗဟုသုတအနေနဲ့ ဖော်ပြပေးချင်ပါတယ်။ ဘယ်လိုအကြောင်းအရာလေးတွေဖြစ်မလဲဆိုတာ ဆက်လက်ဖတ်ရှုပေးပါဦးနော် ….. shwekhitonlinetv.com

၁။ ဟွန်ဒူးရပ် လင်းနို့ဖြူ

လင်းနို့အများစုက ဂူတွေလို နေရာမျိုးတွေသာ နေထိုင်လေ့ရှိကြပေမယ့် ဒီလင်းနို့အမျိုးအစားကတော့ သစ်ပင်အရွက်တွေမှာ အသိုက်ဆောက်လုပ်နေထိုင်ကြပါတယ်။ ဟွန်ဒူးရပ်လင်းနို့ဖြူ (Ectophylla alba) တွေကိုတော့ ဟွန်ဒူးရပ် ၊ နီကာရာဂွာ ၊ ကော်စတာရီကာ နဲ့ ပနားမားနိုင်ငံတွေမှာ တွေ့ရလေ့ရှိပါတယ်။ shwekhitonlinetv.com

ခန္ဓာကိုယ်အလျား ၂လက်မခန့်သာရှိပြီး အလေးချိန်ကလည်း ၆ဂရမ်ခန့်သာ ရှိပါတယ်။ တောက်ပတဲ့ အဝါရောင် နားရွက်တွေ ၊ သစ်ရွက်ပုံနှာခေါင်း နဲ့ နှုတ်လမ်းတွေကတော့ သူတို့ရဲ့ ထူးခြားတဲ့ သွင်ပြင်ဖြစ်ပါတယ်။ shwekhitonlinetv.com

ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၂၃၀၀ ကျော် ရှိတဲ့နေရာတွေမှာ ကျက်စားနေထိုင်လေ့ရှိပြီး အသီးအရွက်တွေကိုပဲ စားသုံးပါတယ်။ သူတို့နေထိုင်ပုန်းခိုရာနေရာတွေ ရှားပါးလာတာကြောင့် အကောင်ရေ တဖြည်းဖြည်း ကျဆင်းလျက်ရှိနေပါတယ်။ shwekhitonlinetv.com

၂။ အဝတ်မပါတဲ့ယောင်္ကျား ဆိုတဲ့ သစ်ခွ

သစ်ခွအမျိုးအစားတွေ အများကြီးရှိတဲ့အထဲမှာ ဒီအမျိုးအစားကတော့ တမူထူးပါတယ်။ သိပ္ပံအမည်က Orchis italica ဖြစ်ပြီး အဝတ်မပါတဲ့ယောင်္ကျား Naked Man သစ်ခွ (သို့) အီတလီ သစ်ခွလို့ လူသိများပါတယ်။ တကယ်လည်း အဲဒီပုံသဏ္ဍာန် နဲ့ ဆင်တူနေပါတယ်။ ဒီပန်းပင်တွေဟာ အမြင့် ၂၀လက်မခန့်သာ ရှိတတ်ပြီး မြေထဲပယ်လယ်ဒေသတွေမှာ အများဆုံးတွေ့ရတတ်ပါတယ်။ shwekhitonlinetv.com

၃။ ကမ္ဘာ့အရှည်ဆုံးသတ္တ၀ါ

Australian ရေပြင်မှာတွေ့ရှိခဲ့တဲ့ ဒီအကောင်လေးတွေကိုတော့ Siphonophore လို့ခေါ်ပါတယ်။ သူ့ရဲ့ခန္ဓာကိုယ်အလျားက ၄၆ မီတာ (၁၅၁ ) ပေခန့်ရှည်ပြီးလိင်မပါဘဲမျိုးပွားတတ်တဲ့ Zooids လို့ ခေါ်တဲ့အကောင်လေးတွေစုပေါင်းထားတဲ့ မျိုးစိတ်ဖြစ်ပါတယ်။ Zooids လို့ခေါ်တဲ့အကောင်လေးတွေဟာကျနော်တို့ ခန္ဓာကိုယ် ဆဲလ်တွေလိုပါပဲ သူနဲ့သက်ဆိုင်တဲ့တာ၀န်ကိုလုပ်ဆောင်ပြီးအတူစုပေါင်းနေထိုင်ကြပါတယ်။ shwekhitonlinetv.com

၄။ ကမ္ဘာ့အရှားပါးဆုံးနှင်းဆီနက်

ကမ္ဘာပေါ်မှာအလွန်ရှားပါးလွန်းတဲ့ အနက်ရောင်နှင်းဆီတွေဟာ တူရကီနိုင်ငံ ဟယ်ဖီတီ (Halfeti) ဆိုတဲ့ရွာလေးမှာသာ သူ့သဘာဝအတိုင်းပေါက်ရောက်ပါတယ်။ shwekhitonlinetv.com

၅။ Work Day (၄) ရက်ပဲရှိတဲ့နိုင်ငံများ

ကမ္ဘာပေါ်က နိုင်ငံအများစုဟာ Work Day (၅) ရက်ရှိပေမယ့် Work Day ကို (၄) ရက်ပဲသတ်မှတ်ထားတဲ့ နိုင်ငံ (၈) နိုင်ငံရှိပါတယ်။ အဲ့ဒီနိုင်ငံတွေကတော့ ၁။ စပိန် ၂။ အိုက်စလန် ၃။ စကော့တလန် ၄။ အိုင်ယာလန် ၅။ နယူးဇီလန် ၆။ ဂျပန် ၇။ ယူအေအီး ၈။ ဘယ်ဂျီယံ တို့ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ အမျိုးသမီးတွေသာနေထိုင်တဲ့မြို့ကလေး

Noiva De Cordeiro လို့အမည်ရတဲ့ ဘရာဇီးလ်နိုင်ငံက မြို့ငယ်လေးတစ်ခုဟာ အမျိုးသမီးတွေချည်းပဲသီးသန့်နေထိုင်ကြတာဖြစ်ပါတယ်။ ဒီရွာသာသာမြို့လေးမှာငယ်ရွယ်ပြီး ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးဦးရေ (၆၀၀) လောက်နေထိုင်ကြပါတယ်။ ဒီမှာမွေးလာတဲ့ ယောကျ်ားလေးတွေဟာ အသက်ပြည့်တာနဲ့ အဝေးတစ်နေရာဆီကိုပို့ခံရသလို ယောကျ်ားဖြစ်သူတွေဟာလည်း စနေ၊ တနင်္ဂနွေ (၂) ရက်သာ လာရောက်ခွင့်ရှိပါတယ်။ shwekhitonlinetv.com

၇။ လူ့မစင်ကနေ အသားတုဖန်တီးနိုင်ခဲ့တဲ့ ဂျပန်နိုင်ငံ

ဂျပန်နိုင်ငံမှ သိပ္ပံပညာရှင်တွေဟာ လူ့မစင်ကနေ အသားတုကို ဖန်တီးပြုနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ လူ့မစင်ထဲမှာ ပရိုတင်းဓာတ်ပါဝင်ကြောင်းတွေ့ရှိရာကတစ်ဆင့် အခုလို အသားတုကိုပေါင်းစပ်ဖန်တီးဖို့ကြိုးစားခဲ့ကြတာဖြစ်ပြီး သီအိုရီအရတော့ ဒီအသားတုတွေက ဘေးကင်းတယ်လို့ဆိုပါတယ်။ shwekhitonlinetv.com

၈။ ကမ္ဘာ့အရပ်အရှည်ဆုံးစုံတွဲ

Sun Mingming နဲ့ Xu Yan တို့ဟာ ကမ္ဘာပေါ်မှာအရပ်အရှည်ဆုံးစုံတွဲအဖြစ်ဂင်းနစ် စံချိန်တင်ထားပါတယ်။ သူတို့နှစ်ယောက်ပေါင်းအရပ်အမြင့်က (၁၃) ပေ (၁၀.၇၂) လက်မရှိပါတယ်။ ခင်ပွန်းဖြစ်တဲ့ Sun Mingming ကအရပ် (၇) ပေ (၈.၉၈) လက်မ မြင့်ပြီး ဇနီးဖြစ်သူ Xu Yan ကတော့ အရပ် (၆) ပေ (၁.၇၄) လက်မမြင့်ပါတယ်။ shwekhitonlinetv.com

၉။ သန္ဓေတည်ချိန်ကို ထိန်းချုပ်နိုင်တဲ့ ငါးလိပ်ကျောက်များ

ငါးလိပ်ကျောက် (Stingray) အမတွေဟာ အထီးတွေရဲ့သုတ်ပိုးတွေကိုသူတို့ကိုယ်ထဲမှာ နှစ်အနည်းငယ်သိုလှောင်ထားနိုင်ပြီး သူတို့သန္ဓေတည်ချင်တဲ့အချိန်မှ ဒီသုတ်ပိုးတွေကို ထုတ်သုံးနိုင်ကြပါတယ်။ shwekhitonlinetv.com

၁၀။ မေတ္တာကြီးမားတဲ့ရှဉ့်လေးများ

ရှဉ့်တွေဟာ တခြားရှဉ့်တွေရဲ့ ကလေးတွေကိုမွေးစားတက်ကြတဲ့ သတ္တဝါလေးတွေဖြစ်ပါတယ်။ တစ်ကယ်လို့သူတို့မိဘတွေသေဆုံးသွားတာ၊ သူတို့ကိုဂရုမစိုက်ဘဲစွန့်ပစ်ခဲ့တဲ့ အခါမျိုးတွေမှာ အဲ့ဒီရှဉ့်ပေါက်စလေးတွေကို မွေးစားကြတာဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။