များပြားလှတဲ့ အဏုဇီဝပိုးမွှားတွေကြောင့် ဘယ်သူမှသွားရောက် ခြေချဖို့မဝံ့ရဲတဲ့ ကျွန်းတစ်ခု

United Kingdom ရဲ့ အနောက်မြောက်ဘက်စွန်းရှိ စကော့တလန်ကမ်းရိုးတန်းမှ မိုင်ဝက်ခန့်အကွာမှာတော့ တစ်ချိန်က ဇီဝလက်နက်စမ်းသပ်မှုတွေကြောင့် ညစ်ညမ်းလွန်းနေတဲ့ ကျွန်းတစ်ကျွန်းရှိနေပါတယ်။ ဒီကျွန်းပေါ်ကပိုးမွှားတွေ ကမ္ဘာကြီးကိုကူးစက်ပျံ့ပွားလာမှာစိုးတာကြောင့် ဒီနေရာကိုဘယ်သူမှခြေချခွင့်မပြုထားပါဘူး။ shwekhitonlinetv.com

Gruinard လို့အမည်ရတဲ့ ဒီကျွန်းဟာ အရှည် (၁.၂) မိုင်သာရှိပါတယ်။ ဟိုးအရင်တစ်ချိန်ကတော့ ဒီကျွန်းဟာ သစ်ပင်တွေနဲ့ ဖုံးလွှမ်းခဲ့ပြီး (၁၆) ရာစုလောက်ကဆိုရင် သူခိုးတွေနဲ့ တောပုန်းတွေအတွက် ပြီးပြည့်စုံတဲ့ ခိုအောင်းရာနေရာအဖြစ် ရှိခဲ့တာလည်းဖြစ်ပါတယ်။ အရင်က ဒီကျွန်းပေါ်တွင် လူခြောက်ဦးအထိ နေထိုင်ခဲ့တယ်လို့ မှတ်တမ်းတင်ထားပေမယ့် ခေတ်သစ်မှတ်တမ်းတွေအရတော့ (၁၉၂၀) ပြည့်လွန်နှစ်တွေ ကတည်းက ဒီနေရာမှာ ဘယ်သူမှနေထိုင်ခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။ shwekhitonlinetv.com

ဒုတိယကမ္ဘာစစ်ကြီး ပြင်းထန်နေချိန်တွင် ၁၉၄၂ ခုနှစ်တွင် စစ်ဘက်တပ်ဖွဲ့များသည် ဂျာမန်တို့အပေါ် အဏုဇီဝပိုးမွှား ဗုံးတစ်လုံး ဖန်တီးဖို့အတွက် Guinard ကျွန်းကိုသွားရောက်ခဲ့ဖူးပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ ရန်သူတပ်တွေကို ရိက္ခာထောက်ပံ့ပေးမယ့် ဟင်းသီးဟင်းရွက်နဲ့ အမဲသားတွေမှာ ဘက်တီးရီးယားတွေ ထည့်သွင်းနိုင်ဖို့ဖြစ်ပါတယ်။ shwekhitonlinetv.com

သူတို့ရွေးချယ်ထားတဲ့ ပိုးအမျိုးအစားကတော့ (Vollum 14578) ဖြစ်ပါတယ်။ ဒီပိုးမွှားက လူတွေသာမကဘဲ တိရိစ္ဆာန်တွေကိုပါ ကူးစက်နိုင်တာကြောင့် ဂျာမန်တွေအတွက်တော့ တစ်ချက်ခုတ်နှစ်ချက်ပြတ် ဆိုသလိုဖြစ်စေခဲ့ပြီး ရန်သူစစ်သည်တွေကို အစာရေစာ ပြတ်လပ်စေအောင် ကြံစည်ခဲ့တာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီ ပိုးမွှားတွေက အစာအိမ်နဲ့အူလမ်းကြောင်း ကို အဓိကရောဂါကူးစက်စေပြီးတော့ အရေပြားနဲ့ လည်ချောင်းတွေမှာပါ အနာများပေါက်ပြီး သေစေမှာဖြစ်ပါတယ်။ နောက်ပြီးအစာခြေစနစ်ကိုလည်းတိုက်ခိုက်မှာဖြစ်ပြီး ကုသမှုခံယူခဲ့ရင်တောင်မှ အသက်ရှင်ဖို့ရာခိုင်နှုန်းက (၄၀) ရာခိုင်နှုန်းလောက်ပဲရှိမှာဖြစ်ပါတယ်။ shwekhitonlinetv.com

ဒါပေမယ့် တစ်ကယ်တမ်းစမ်းသပ်တဲ့အခါမှာတော့ ပိုးမွှားတွေဟာ သူတို့ထင်ထားတာထက် အဆပေါင်းများစွာဆိုးရွားခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ ကျွန်းပေါ်မှာရှိတဲ့ များပြားတဲ့သိုးအုပ်တစ်အုပ်လုံးကို သေဆုံးစေခဲ့ပါတယ်။ shwekhitonlinetv.com

ဒါကြောင့်သူတို့ရဲ့အစီအစဉ်ဟာ စွန့်လွှတ်ခဲ့ပြီး ကျွန်းပေါ်မှာကျန်ရှိတဲ့လူတွေကိုလည်းအကာအကွယ် ဝတ်စုံတွေနဲ့ ကျွန်းပေါ်မှာ (၄) နှစ်လောက် Quarantine ဝင်စေခဲ့ပါတယ်။ အချိန် (၄) နှစ်ကျော်ကြာတဲ့အခါမှာတော့ ဒီကျွန်းကို သန့်ရှင်းရေးလုပ်ငန်းတွေပြုလုပ်ခဲ့ပြီး ဘေးကင်းကြောင်းကြေညာနိုင်ခဲ့ပါတယ်။ shwekhitonlinetv.com

ဒီလိုနဲ့ ဒီကျွန်းမှာလူသူတွေ မနေထိုင်တော့ဘဲနှစ်ပေါင်းအတန်ကြာထိရှိနေခဲ့ပါတယ်။ “ဘေးကင်း”တဲ့အနေအထားသို့ ပြန်လည်ရောက်ရှိနေပြီလို့ တရားဝင်ထုတ်ပြန်ထားပေမယ့်လည်း ဒီကျွန်းပေါ်မှာ များပြားလှတဲ့ အဏုဇီဝပိုးမွှားတွေ ကျန်ရှိနေသေးကြောင်း ကောလဟလ တွေကလည်းထွက်ပေါ်နေတာကြောင့် ဒီကျွန်းကိုသွားရောက်ဖို့ အတွက်တော့ သိပ္ပံပညာရှင်တွေ၊ သုတေသနပြုလုပ်သူတွေအနေနဲ့ ယနေ့တိုင်ကြောက်ရွံ့နေကြဆဲဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။