ဆိုးဝါးလွန်းတဲ့ ဒီဇိုင်းတွေကို ဖန်တီးပြုလုပ်ခဲ့ကြတဲ့ ဥာဏ်ကြီးရှင်များ

တကယ်လို့ သင်ဟာ လှပတဲ့အနုပညာကိုပဲ ခံစားတတ်တဲ့သူဆိုရင်တော့ အခုဖော်ပြမယ့် ဒီဇိုင်းတွေကို ဘယ်လိုမှ ခံစားနိုင်မယ် မထင်ပါဘူးနော်။ ဘယ်နေရာမှလည်း အသုံးမပြုနိုင်ပေမယ့်လည်း ထူးဆန်းတဲ့ဥာဏ်ကြီးရှင်တွေကတော့ ထူးဆန်းတဲ့ ဒီဇိုင်းတွေကို ဖန်တီးခဲ့ကြပါတယ်။ ရွှေခေတ်ပရိတ်သတ်ကြီးအတွက် ဆိုးဝါးလွန်းတဲ့ ဒီဇိုင်းတွေအကြောင်းကို အခုပဲ ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com

၁။ ဂျင်းလည်ရှည်ဖိနပ်

လည်ရှည်ဖိနပ်ကို ဂျင်းအပျော့နဲ့ ပြုလုပ်ဖန်တီးထားတဲ့ ဒီဇိုင်းပဲ ဖြစ်ပါတယ်။ ထူးခြားတာ တခုကတော့ ဖိနပ်မှာ ခါးပတ်တပ်ပြီး ဝတ်ဆင်ထားတာ တွေ့ရမှာပါ။ shwekhitonlinetv.com

၂။ စီးကရက်လက်သည်းရှည်

စီးကရက်လို ဒီဇိုင်းပုံဖော်ထားတဲ့ လက်သည်းရှည်တွေပဲ ဖြစ်ပါတယ်။ ဆေးလိပ်ပြာခွက်ထဲက သောက်လက်စ စီးကရက်အတိုအစဒီဇိုင်းဟာ ကြည့်လိုက်တာနဲ့တင် ကြိုက်နှစ်သက်စရာဒီဇိုင်းတော့ မဟုတ်ပါဘူးနော်။ shwekhitonlinetv.com

၃။ တိုလွန်းတဲ့ ဂျင်းဘောင်းဘီ

အတွင်းခံအရွယ်ဆိုဒ်လို့တောင် ပြောလို့ရတဲ့အထိ တိုလွန်းတဲ့ စတိုင်လ်နဲ့ ဂျင်းဘောင်းဘီပဲ ဖြစ်ပါတယ်။ သက်တောင့်သက်သာမဖြစ်စေတဲ့ ဒီဇိုင်းဖြစ်တာကြောင့် ဆိုးဝါးလွန်းတဲ့ ဘောင်းဘီလို့တောင် ပြောလို့ရပါတယ်နော်။ shwekhitonlinetv.com

၄။ တိုက်တန်းနစ်သင်္ဘောသဏ္ဍာန် လေထိုးလျှော

ကလေးတွေ လျှောစီးပြီး ကစားလို့ရတဲ့ လေထိုးလျှောကြီးပဲ ဖြစ်ပါတယ်။ တိုက်တန်းနစ်ပုံစံ လျှောပြုလုပ်ထားတာကြောင့် ဒီဇာတ်လမ်းကို ကြည့်ဖူးမယ်ဆိုရင်တော့ သင်္ဘောကြီး နစ်မြုပ်နေတဲ့အခါ လူတွေလျှောကျလာတဲ့ မြင်ကွင်းကို ပြန်လည်မြင်ယောင်မိမယ် ထင်ပါတယ်။ shwekhitonlinetv.com

၅။ Shrek ကာတွန်းဇာတ်ကောင်ပုံစံကား

အစိမ်းရောင်ကာတွန်းဇာတ်ကောင်ရဲ့ ပုံစံအတိုင်း ဖန်တီးထားတဲ့ ကားပဲ ဖြစ်ပါတယ်။ ခပ်ဝေးဝေးက ကြည့်လိုက်တာနဲ့တင် ကြောင်တောင်တောင် ဖြစ်နေမယ့် ဒီဇိုင်းပါပဲနော်။ shwekhitonlinetv.com

၆။ ကားလား စက်ဘီးလား

ကားတံခါးပုံစံဒီဇိုင်းနဲ့ စက်ဘီးပဲ ဖြစ်ပါတယ်။​ ကားတံခါးကို ဘီးနှစ်ဘီးနဲ့ လက်ကိုင်တပ်ဆင်ပြီး ဖန်တီးပြုလုပ်ခဲ့တဲ့ ဒီဇိုင်းလို့ ထင်ရပါတယ်။ shwekhitonlinetv.com

၇။ သော့ပျောက်တတ်သူတွေအတွက် စိတ်ကူးကောင်း

သော့ပုံစံ ဒီဇိုင်းပုံဖော်ထားတဲ့ လက်သည်းပန်းချီပဲ ဖြစ်ပါတယ်။ သော့ပျောက်တတ်သူဆိုရင်တော့ တခါတည်း အိမ်သော့ကို လက်သည်းမှာ ကပ်ထားလိုက်ရုံပါပဲနော်။ shwekhitonlinetv.com

၈။ လေယာဥ်ပျံလား မော်တော်ကားလား

လေယာဥ်ပျံရဲ့ ဦးခေါင်းပုံစံပြုလုပ်ထားပြီး လေယာဥ်ကိုယ်ထည် ပုံစံတည်ဆောက်ထားပါတယ်။ ဒါပေမယ့်လည်း တဝက်တပျက်ဖြစ်နေတဲ့ ဒီဇိုင်းကြောင့် မော်တော်ကားလား လေယာဥ်ပျံလားလို့တောင် ဇဝေဇဝါဖြစ်စေတဲ့ ဒီဇိုင်းပါပဲနော်။ shwekhitonlinetv.com

၉။ ကျောက်ပုစွန်ဒီဇိုင်းနဲ့ ဆိုင်ကယ်

ပုံမှာတွေ့မြင်ရတဲ့ ဆိုင်ကယ်ကတော့ အပေါ်က ရုပ်ဆိုးလှတဲ့ ကာဗာကြီးသာမပါရင် ပိုပြီးခန့်ထည်နေမယ့် ဆိုင်ကယ်ပါပဲနော်။ ဒါပေမဲ့ လက်မနှစ်ခုနဲ့ ခြေထောက်တွေအများကြီး ပါဝင်တဲ့ ကျောက်ပုစွန်ဒီဇိုင်းကြောင့် အရမ်းကိုကြည့်ရဆိုးတဲ့ ဆိုင်ကယ်အဖြစ် ပြောင်းလဲခဲ့ရပါတယ်။ shwekhitonlinetv.com

၁၀။ ရှူးဒေါက်ဖိနပ်

ရှူးဖိနပ်လည်းစီးချင် ဒေါက်မြင့်မြင့်လေးလည်းစီးချင်တဲ့ ပျိုမေတို့အတွက် အကြိုက်တွေ့စေမယ့် ဖိနပ်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခုချိန်မှာတော့ ဒီဖိနပ်ဒီဇိုင်းဟာ လူကြိုက်များခြင်း မရှိတော့ပါဘူး။ shwekhitonlinetv.com

၁၁။ ထူးဆန်းတဲ့ဒီဇိုင်းနဲ့ မီးဖိုချောင်ဗီရို

ဆိုဖာတွေ ထိုင်ခုံတွေမှာ အသုံးပြုလေ့ရှိတဲ့ ဒီဇိုင်းကို မီးဖိုချောင်ဗီရိုမှာ ဖန်တီးပြုလုပ်ထားတာ ဖြစ်ပါတယ်။ ကြည့်လိုက်တာနဲ့တင် ဆိုးဝါးလှတဲ့ ဒီဇိုင်းပါပဲနော်။ shwekhitonlinetv.com

၁၂။ လွတ်လွတ်လပ်လပ် အိမ်သာ

ရုတ်တရက်ကြည့်လိုက်မယ်ဆိုရင်တော့ သာမန်အိမ်သာနဲ့ လက်ဆေးကန်တခုပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ သေချာကြည့်မယ်ဆိုရင်တော့ အိမ်သာရဲ့ ဘေးမှာ လှေကားလက်ရမ်းကို တွေ့ရမှာပါ။ လှေကားအတက်အဆင်းမှာ ဒီလိုအိမ်သာကို ဆောက်လုပ်ခဲ့တာကတော့ ဘယ်လိုစိတ်ကူးစိတ်သန်းနဲ့များ ဆောက်လုပ်ခဲ့တာလဲဆိုတာ စဥ်းစားစရာပါပဲနော်။ shwekhitonlinetv.com

၁၃။ ကားနဲ့မလိုက်ဖက်တဲ့ လှပလွန်းတဲ့ကားဘီးအဖုံး

ခန့်ထည်လှတဲ့ ကားကိုယ်ထည်ရှိပေမယ့်လည်း တက်တင်းဇာကားအဖုံးကြောင့် မိန်းကလေးဆန်တဲ့ အသွင်အပြင်ဖြစ်သွားတဲ့ ကားပဲဖြစ်ပါတယ်။ ကားပိုင်ရှင်ဟာ ယောက်ျားလေးဆိုရင်တော့ ဒီကားဘီးအဖုံးကို သဘောကျမယ်မထင်ပါဘူးနော်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။

Be the first to comment

Leave a Reply