ဘယ်နိုင်ငံမှာမှ မရှိပဲ ဂျပန်နိုင်ငံတခုတည်းမှာပဲ တွေ့မြင်ရမယ့် ထူးဆန်းတဲ့ အကျင့်စရိုက်များ

ဂျပန်နိုင်ငံဟာ နည်းပညာတိုးတက်မြင့်မားတဲ့ နိုင်ငံဖြစ်ပြီး ဘယ်လိုအရာမျိုးမှာပဲဖြစ်စေ လွယ်ကူအဆင်ပြေနိုင်စေဖို့ ဖန်တီးပေးထားတဲ့ နိုင်ငံဖြစ်ပါတယ်။ နည်းပညာမြင့်မားတဲ့ အိမ်သာများ ၊ ကုန်ပစ္စည်းတွေကို လွယ်ကူစွာ ဝယ်ယူနိုင်တဲ့ vending machines ၊ မြန်နှုန်းမြင့် ကျည်ဆံရထားများ စသဖြင့် အကြောင်းအရာတွေနဲ့အတူ ဂျပန်နိုင်ငံကို ကျွန်တော်တို့တွေ သိရှိကြပါတယ်။ ဒါပေမဲ့ လူသိနည်းပြီး ထူးခြားတဲ့ ဓလေ့စရိုက်များလည်း ဂျပန်နိုင်ငံမှာ ရှိပါသေးတယ်။ ဂျပန်နိုင်ငံရဲ့ ထူးဆန်းတဲ့ အကျင့်စရိုက်တွေအကြောင်းကို ရွှေခေတ်ပရိတ်သတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com

၁။ အိမ်မွေးတိရစ္ဆာန်လေးတွေကို ကလေးလေးတွေလို ချစ်တဲ့နိုင်ငံ

တခြားနိုင်ငံတွေမှာလည်း အိမ်မွေးတိရစ္ဆာန်တွေကို ကိုယ့်ရဲ့မွေးထားတဲ့ သားသမီးလို ချစ်မြတ်နိုးကြမှာပါ။ ဒါပေမယ့် ဂျပန်နိုင်ငံမှာတော့ သားသမီးလို ချစ်မြတ်နိုးရုံတင်မကပဲ သားသမီးတယောက်လို ကလေးငယ်လေးတယောက်လိုပါ ပြုစုယုယကြတာ ဖြစ်ပါတယ်။ ပုံမှာကတော့ ချစ်စရာခွေးလေးတကောင်ကို ကလေးတွန်းလှည်းလေးထဲထည့်ထားတဲ့ အမျိုးသမီးကိုတွေ့ရမှာပါ။ shwekhitonlinetv.com

၂။ လက်တွန်းလှည်းထဲက ကြောင်မိသားစု

ဂျပန်နိုင်ငံဟာ ကြောင်တွေနဲ့ ပက်သက်လာရင်လည်း နာမည်ကြီးတယ်လို့ ဆိုနိုင်ပါတယ်။ ကြောင်တွေနဲ့အတူ ထိတွေ့ပွတ်သပ်ရင်း အနားယူအပန်းဖြေလို့ရတဲ့ ဆိုင်တွေကိုပါ ဖွင့်လှစ်ထားပါတယ်။ ပုံထဲမှာတော့ လက်တွန်းလှည်းထဲမှာ ချစ်စရာကြောင်လေးတွေကိုထည့်ရင်း လမ်းလျှောက်ထွက်လာတဲ့ ဂျပန်နိုင်ငံသားတဦးပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ စာကူရာပန်းတွေရဲ့ နိုင်ငံ

ဂျပန်နိုင်ငံလို့ ပြောလိုက်တာနဲ့ စာကူရာပန်းတွေကိုလည်း မေ့ထားလို့ မရပါဘူးနော်။ စာကူရာပန်းတွေကို ချစ်မြတ်နိုးတာကတော့ ဂျပန်နိုင်ငံသားတွေရဲ့ နိုင်ငံချစ်စိတ်နဲ့ အတူတူ ဖြစ်မယ်ထင်ပါတယ်။ ပုံမှာတွေ့မြင်ရတာကတော့ စာကူရာပန်းပင်တပင်ကို မှတ်တမ်းတင်ရိုက်ကူးနေကြတဲ့ ဓာတ်ပုံဆရာတွေ ဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ ထူးဆန်းတဲ့ဖိနပ်စတိုင်လ်

ဂျပန်နိုင်ငံရဲ့ ဖက်ရှင်စတိုင်လ်ကတော့ တကယ်ကို ထူးဆန်းလွန်းပါတယ်နော်။ သားကောင်ကြီးရဲ့ ခြေသည်းပုံစံ ဖိနပ်ကို ပန်းရောင်ဒီဇိုင်းနဲ့ ထုတ်လုပ်ထားတာကြောင့် ကြည့်လိုက်တာနဲ့တင် ထူးဆန်းနေမှာပါ။ shwekhitonlinetv.com

၅။ ကားပါကင်နဲ့ Ferris wheels တွေကို ခေါင်မိုးပေါ်မှာ တွေ့နိုင်တဲ့နိုင်ငံ

ဂျပန်နိုင်ငံဟာ ကားတွေကို ရပ်နားနိုင်ဖို့အတွက် ကားပါကင်တွေကို တိုက်ခေါင်မိုးပေါ်တွေမှာ ဆောက်လုပ်ခဲ့ပါတယ်။ ဒါ့အပြင် တခြားနိုင်ငံတွေမှာဆိုရင်တော့ Ferris wheels တွေကို မြေပြင်မှာပဲ ဆောက်လုပ်တတ်ကြပါတယ်။ ဒါပေမဲ့ ဂျပန်နိုင်ငံမှာတော့ Ferris wheels တွေကို တိုက်ခေါင်မိုးပေါ်မှာ ဆောက်လုပ်ထားတာဟာ မြင်ရသူတိုင်းကို အံ့သြတကြီး ဖြစ်စေပါတယ်။ shwekhitonlinetv.com

၆။ နှုတ်ခမ်းဖူးဖူးလေးဖြစ်လိုသူ အမျိုးသမီးလေးများအတွက်

အလှအပရေးရာမှာဆိုရင်လည်း သူများတွေထက် ခြေတလှမ်းသာလွန်ပြီး အလှပြင်ပစ္စည်းအထူးအဆန်းတွေရှိတဲ့ ဂျပန်နိုင်ငံပဲ ဖြစ်ပါတယ်။ ပုံမှာတွေ့ရတာကတော့ မိန်းကလေးတွေ နှုတ်ခမ်းဖူးဖူးလှလှလေး ဖြစ်ဖို့အတွက် ပြုပြင်ပေးတဲ့ နှုတ်ခမ်းအလှပြင်ပစ္စည်းဖြစ်ပါတယ်။ ကလေးကစားတဲ့ ဘဲနှုတ်သီးကစားစရာလေး မဟုတ်ပါဘူးနော်။ shwekhitonlinetv.com

၇။ ဆံပင်ပါးသူတို့အတွက်

ဆံသားပါးပြီး နဖူးပြောင်နေသူတို့အတွက် လွယ်လင့်တကူ ဖြေရှင်းလို့ရမယ့် နည်းလမ်းဖြစ်ပါတယ်။ ကိုယ့်ဆံပင်အရောင်နဲ့အနီးစပ်ဆုံးတူတဲ့ အရောင်ကို ရွေးချယ်ဝယ်ယူနိုင်ပြီး ဆံသားပါးခြင်းပြဿနာကို တခဏဖြေရှင်းနိုင်ပါတယ်။ shwekhitonlinetv.com

၈။ ရေမြောင်းပေါက်တွေမှာပါ အနုပညာဆန်တဲ့နိုင်ငံ

ဂျပန်နိုင်ငံလို့ဆိုလိုက်တာနဲ့ ဂျပန်ကာတွန်းဇာတ်ကောင်တွေကို ချန်ထားရစ်ခဲ့လို့ မရပါဘူးနော်။ ပုံမှာတွေ့မြင်ရတာကတော့ ရေမြောင်းအဖုံးကို ကာတွန်းဇာတ်ကောင်လေးတွေပုံစံ ပန်းချီဆွဲထားတာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၉။ တောက်ပလွန်းတဲ့အိမ်သာ

ပုံမှာတွေ့မြင်ရတာကတော့ ဂျပန်နိုင်ငံရဲ့ စျေးဝယ်စင်တာတခုက အိမ်သာပဲ ဖြစ်ပါတယ်။ ဒီအိမ်သာထဲကို ဝင်လိုက်တာနဲ့တင် သန်းကြွယ်သူဌေးလို ခံစားရစေမှာပါ။ အများသုံးအိမ်သာတခုကနေပြီး ဂျပန်နိုင်ငံရဲ့ ကြွယ်ဝချမ်းသာမှုကို ခန့်မှန်းနိုင်ပါတယ်နော်။ shwekhitonlinetv.com

၁၀။ မြေခွေးတွေပါ တန်းစီတဲ့နိုင်ငံ

ပုံမှာတွေ့ရတဲ့ နေရာလေးကတော့ ဂျပန်နိုင်ငံမှာရှိတဲ့ Zao Fox Village ဆိုတဲ့ ရွာလေးဖြစ်ပါတယ်။ မြေခွေးလေးတွေကို အများဆုံးတွေ့နိုင်တဲ့ ရွာလေးဖြစ်ပြီး အလည်အပတ်လာရောက်သူများနဲ့ စည်းကားလှပါတယ်။ တန်းစီတဲ့နေရာမှာနာမည်ကြီးတဲ့ ဂျပန်နိုင်ငံမှာ ရေသောက်ဖို့အတွက် မြေခွေးလေးတွေကပါ တန်းစီနေတာကို တွေ့ရမှာပါ။ shwekhitonlinetv.com

၁၁။ အိမ်သာထဲက အနုပညာ

အိမ်သာတက်နေရင်း အိမ်သာသုံးစက္ကူကို မိန်းကလေးသဏ္ဍာန်ပုံဖော်ထားတဲ့ ဂျပန်ပဲ ဖြစ်ပါတယ်။ အိမ်သာတက်ရင်းလည်း အနုပညာကို ဖန်တီးနေတဲ့ ဂျပန်နိုင်ငံသားတွေပါပဲနော်။ shwekhitonlinetv.com

၁၂။ ထူးဆန်းတဲ့လူများ

ဂျပန်နိုင်ငံကို လည်ပတ်မယ်ဆိုရင်တော့ ဒီလိုထူးဆန်းတဲ့ အရာတွေကိုလည်း တွေ့ရမှာပါ။ ပုံမှာတွေ့ရတာကတော့ ကလေးချိုလိမ်နဲ့ ကလေးကစားစရာပစ္စည်းပေါ်မှာ ဆော့ကစားနေတဲ့ သက်လတ်ပိုင်းလူကြီးတယောက်ရဲ့ ပုံပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၁၃။ အရုပ်လူများ

ဂျပန်နိုင်ငံရဲ့ နောက်ထပ်အမှတ်သညာတခုကတော့ အရုပ်တွေထဲ ဝင်ရောက်နေတဲ့ လူတွေပဲ ဖြစ်ပါတယ်။ ကုန်ပစ္စည်း ဒါမှမဟုတ် ဆိုင်ခန်းများကို ကြော်ညာတဲ့အခါ ဒီလိုအရုပ်လူတွေနဲ့လည်း ကြော်ညာလေ့ရှိကြပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။