ကမ္ဘာပေါ်မှာရှိတဲ့ နာမည်ကျော်ပုဂ္ဂိုလ်တွေရဲ့ စျေးအကြီးဆုံး စံအိမ်ကြီးတွေ အကြောင်း

အိမ်တစ်အိမ်ဆိုတာကတော့ လူသားတွေအတွက်မရှိမဖြစ်အခြေခံအဆောက်အဦးတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ငွေကြေးအလွန်ချမ်းသာသူတွေအတွက်ကျပြန်တော့ အိမ်ဆိုတာသူတို့ရဲ့ ဂုဏ်သိက္ခာကို ကိုယ်စားပြုတဲ့အရာဖြစ်နေတက်ပါတယ်။ ဒါကြောင့် ကမ္ဘာပေါ်မှာရှိတဲ့ နာမည်ကျော်ပုဂ္ဂိုလ်တွေဟာ အကောင်းတကာ့အကောင်းဆုံးဆိုတဲ့ စံအိမ်ကြီးတွေကို ဈေးကြီးပေးကာ ဝယ်ယူ၊ တည်ဆောက်ကြပါတယ်။ အခုတစ်ခါမှာတော့ တန်ဖိုးအကြီးဆုံးစံအိမ်ကြီးတွေကိုပိုင်ဆိုင်ထားကြတဲ့ ကမ္ဘာကျော်ဆယ်လီတွေကို ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၁၀။ တေလာဆွစ်ဖ်

ဒီစာရင်းရဲ့ နံပါတ် (၁၀) နေရာမှာရှိနေတာကတော့ ကမ္ဘာကျော်အဆိုတော်မလေး တေလာဆွစ်ဖ်ပဲဖြစ်ပါတယ်။ သူမပိုင်ဆိုင်တဲ့ အမေရိကန်နိုင်ငံ၊ နယူးအင်္ဂလန်ပြည်နယ်က ရိုဒီကျွန်းမှာရှိတဲ့ စံအိမ်ကြီးဟာ အမေရိကန်ဒေါ်လာ သန်း (၃၀) လောက်အထိကိုတန်ဖိုးမြင့်သွားခဲ့လို့ ဒီစာရင်းမှာပါဝင်လာတာဆိုရင်လည်းမမှားပါဘူး။ ဒီအိမ်ကြီးဟာ ရှေးခေတ်ဂျော်ဂျီယာ ဗိသုကာလက်ရာတွေကိုပြန်လည်မွမ်းမံထားတဲ့အိမ်ကြီးဖြစ်ပြီး အိပ်ခန်း (၇) ခန်း၊ ရေချိုးခန်း (၁၀) ခန်းနဲ့ ဖျော်ဖြေပွဲတွေ၊ ပါတီတွေပြုလုပ်ဖို့အတွက် ခန်းမကျယ်ကြီးလည်းပါဝင်ပါတယ်။ shwekhitonlinetv.com

၉။ ကိုင်လီဂျန်နာ

လှပပြီးငယ်ရွယ်နုပျိုလှတဲ့ ဘီလျံနာမလေး ကိုင်လီဂျန်နာကလည်း အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလိဂ်က ဘရောင်းဟေးလ်မှာ အမေရိကန်ဒေါ်လာ (၃၆.၅) သန်းတန်တဲ့ စံအိမ်ကြီးကိုပိုင်ဆိုင်ထားတဲ့သူဖြစ်ပါတယ်။ သူမရဲ့စံအိမ်ကြီးမှာတော့ အိပ်ခန်း (၇) ခန်း၊ ရေချိုးခန်း (၁၄) ခန်း၊ ဘား၊ အိမ်တွင်းရုပ်ရှင်ရုံ၊ ကားအစီး (၂၀) လောက်ရပ်နားနိုင်တဲ့ ကားပါကင်တွေပါရှိပါတယ်။ အထူးခြားဆုံးလို့ဆိုရမှာကတော့ အိမ်ကြီးတစ်ခုလုံးကို ဖြတ်သန်းပြီးစီးဆင်းနေတဲ့သဖွယ် ပြုလုပ်ဖန်တီးထားတဲ့ ရေကူးကန်ဖြစ်ပါတယ်။ shwekhitonlinetv.com

၈။ အယ်လန်ဒီဂျီနရက်စ်

အမေရိကန်သရုပ်ဆောင်၊ စာရေးဆရာမနဲ့ ထုတ်လုပ်သူဖြစ်တဲ့ အယ်လန်ဒီဂျီနရက်စ် ကတော့ ကယ်လီဖိုးနီးယားပြည်နယ်မှာ အမေရိကန်ဒေါ်လာ (၄၅) သန်းတန်တဲ့ (၁၇) ရာစုလောက်ကရှေးဟောင်းအိမ်တစ်လုံးကိုပိုင်ဆိုင်ထားပါတယ်။ သူမရဲ့အိမ်ဟာ (၁၃) ဧကလောက်ကျယ်ဝန်းပြီး ၁၉၃၀ ပြည့်နှစ်က နာမည်ကျော်ဗိသုကာပညာရှင် Wallace Frost ကဒီဇိုင်းဆွဲခဲ့တာလည်းဖြစ်ပါတယ်။ မီးဖို (၉) ခု၊ စာကြည့်တိုက်များစွာနဲ့ ရေကန် (၂) ကန်၊ တင်းနစ်ကွင်း စတာတွေသူမရဲ့အိမ်ထဲမှာပါဝင်ပါတယ်။ နောက်ထပ်အကောင်းဆုံးအချက်တစ်ချက်ကတော့ သူမရဲ့အိမ်နီးချင်းက အော်ပရာဝင်းဖရေးဖြစ်နေတာပါပဲ။ shwekhitonlinetv.com

၇။ တိုက်ဂါးဝုဒ်

ကမ္ဘာကျော် ဂေါ့ဖ်ကစားသမားတစ်ဦးဖြစ်တဲ့ တိုက်ဂါးဝုဒ်ကတော့ ဖလော်ရီဒါပြည်နယ်က ဂျူပီတာကျွန်းမှာ စံအိမ်ကြီးတစ်ခုကို အမေရိကန်ဒေါ်လာ (၅၄.၄) သန်းအကုန်ကျခံပြီးစိတ်ကြိုက်တည်ဆောက်ထားပါတယ်။ ပင်လယ်ပြင်ကိုနောက်ခံထားထားတဲ့ ဒီစံအိမ်ကြီးမှာတော့ တင်းနစ်ကွင်း၊ ပေ (၁၀၀) ရှည်တဲ့ရေကူးကန်၊ ပေ (၆၀) နက်တဲ့ ဒိုင်ဗင်ကန်၊ တင်းနစ်ကွင်း၊ ဘတ်စကတ်ဘောကွင်း၊ ဂေါ့ဖ်ကွင်း စတာတွေပါဝင်ပါတယ်။ shwekhitonlinetv.com

၆။ တွမ်ခရုစ်

နာမည်ကျော်ရုပ်ရှင်မင်းသားကြီး တွမ်ခရုစ်ကတော့ ကော်လိုရာဒိုပြည်နယ်မှာ စတုရန်းပေ (၁၀၀၀၀) ကျယ်ဝန်းတဲ့ တောင်ပေါ်အပန်းဖြေအိမ်တစ်လုံးကိုဝယ်ယူထားပါတယ်။ ဒီအိမ်ဟာ ရော့ကီးတောင်တန်းတွေပေါ်က ဗစ်တိုးရီးယားသတ္တုတူးဖော်ရေးမိုင်းတွင်းအဟောင်း နားမှာရှိတာလည်းဖြစ်ပါတယ်။ ဒီအိမ်မှာတော့ ဟော်ကီ၊ ဘတ်စကတ်ဘော၊ တင်းနစ်ကွင်းတွေနဲ့ ကိုယ်ပိုင်လမ်းကြောင်းစနစ်တွေပါဝင်ပါတယ်။ ဒီအိမ်ကြီးရဲ့တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ (၅၉) သန်းပါ။ shwekhitonlinetv.com

၅။ အိန်ဂျလီနာဂျိုလီ

နောက်ထပ်အောင်မြင်ကျော်ကြားတဲ့ ဟောလိဝုဒ်စတား အိန်ဂျလီနာဂျိုလီကတော့ ပြင်သစ်နိုင်ငံတောင်ပိုင်းမှာ အမေရိကန်ဒေါ်လာ (၆၁) သန်းတန်တဲ့ ကိုယ်ပိုင်ရဲတိုက်တစ်ခုကိုဝယ်ယူထားပါတယ်။ ဒီရဲတိုက်ကြီးဟာ ဧက (၁၀၀၀) ကျယ်ဝန်းပြီး ကျုံးတွေနဲ့ ဝန်းရံထားပါတယ်။ ကျုံးအတွင်းမှာတော့ ကိုယ်ပိုင်စပျစ်ခြံရှိပြီး အိမ်အတွင်းမှာတော့ အိပ်ခန်း (၃၅) ခန်း၊ ရေကူးကန်၊ gym ခန်းမ၊ အခမ်းအနားကျင်းပဖို့အတွက် ခမ်းမကျယ် စတာတွေပါဝင်ပါတယ်။ shwekhitonlinetv.com

၄။ ဂျေဇီး နှင့် ဘီယွန်းဆေး

ကမ္ဘာကျော် အဆိုတော်မောင်နှံဖြစ်တဲ့ ဂျေဇီးနဲ့ဘီယွန်းဆေးကတော့ အမေရိကန်ဒေါ်လာ (၈၈) သန်းတန်တဲ့ Bel Air စံအိမ်ကြီးကိုပိုင်ဆိုင်ထားပါတယ်။ ဒီစံအိမ်ကြီးထဲမှာတော့ ရေကူးကန် (၄) ခု၊ ကိုယ်ပိုင် Spa၊ ဘတ်စကတ်ဘောကွင်း၊ ကားဂိုဒေါင် (၁၅) ခု၊ ကိုယ်ပိုင် စတူဒီယို စတာတွေထည့်သွင်းတည်ဆောက်ထားပါတယ်။ shwekhitonlinetv.com

၃။ ဂျော့ဂျ်လူးကပ်စ်

နာမည်ကျော် ဒါရိုက်တာတစ်ဦးဖြစ်တဲ့ ဂျော့ဂျ်လူးကပ်စ်ရဲ့ ကယ်လီဖိုးနီးယားက စံအိမ်ကြီးကတော့ အမေရိကန်ဒေါ်လာ သန်း (၁၀၀) တန်ပါတယ်။ ဧကပေါင်း (၂၆) ဧကကျယ်တဲ့မြေနေရာပေါ်မှာတည်ဆောက်ထားတဲ့ ဒီစံအိမ်ကြီးမှာတော့ စပျစ်ခြံ၊ ထိုင်ခုံပေါင်း (၃၀၀) ပါဝင်တဲ့ ပြဇာတ်ရုံ၊ ရေကူးကန်၊ ပျားနဲ့ အခြားတိရိစ္ဆာန်တွေမွေးမြူထားရှိဖို့အတွက် နေရာတွေပါဝင်နေပါတယ်။ shwekhitonlinetv.com

၂။ ဂျော့ကလူနေး

အီတလီနိုင်ငံ လာဂလီယိုမှာတည်ရှိတဲ့ မင်းသားကြီးဂျော့ကလူနေးရဲ့ ‘Villa Oleandra’ စံအိမ်ကြီးကတော့ အမေရိကန်ဒေါ်လာသန်း (၁၀၀) တန်ပါတယ်။ ကိန်းကြီးခမ်းကြီးနိုင်လွန်းတဲ့ ကလူနေးဟာ သူ့ရဲ့အိမ်ကြီးရဲ့ ပရိဘောတွေကို အကောင်းဆုံးနဲ့အသပ်ရပ်ဆုံးထားရှိပြီး အခြားနာမည်ကျော်စံအိမ်တွေမှာပါရှိတဲ့ ရေကူးကန်တွေ၊ အားကစားခန်းမတွေ၊ တင်းနစ်ကွင်းတွေ၊ ပြဇာတ်ရုံတွေကိုပါ ထည့်သွင်းထားပါတယ်။ shwekhitonlinetv.com

၁။ ဘီလ်ဂိတ်

မိုက်ခရိုဆော့ဖ်သူဋ္ဌေးကြီး ဘီလ်ဂိတ်ကတော့ ဝါရှင်တန်ရေကန်ကြီးအနီးမှာ အမေရိကန်ဒေါ်လာ (၁၂၅) သန်းတန်တဲ့စံအိမ်ကြီးတစ်ခုဝယ်ယူထားပါတယ်။ ဘီလ်ဂိတ်ရဲ့ စံအိမ်ကြီးမှာတော့ ကာရစ်ဘီယံကျွန်းက ရွှေရောင်သဲတွေ၊ နာမည်ကျော်အနုပညာရှင်တွေရဲ့လက်ရာတွေ၊ ဆော်လမွန်ငါးတွေမွေးမြူထားတဲ့ လူလုပ်စမ်းချောင်းတွေနဲ့ အခြားဇိမ်ခံပစ္စည်းတွေ ပါဝင်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။

Be the first to comment

Leave a Reply