ခြေတစ်လှမ်း လှမ်းတိုင်း မြေတစ်ကောင်တွေ့မယ့် မြွေပွေးတွေ နေထိုင်ရာ ကျွန်းကြီးအကြောင်း

ဘရာဇီးလ်ကမ်းရိုးတန်းကနေ မိုင် (၉၀) လောက်ကွာတဲ့နေရာမှာတော့ Ilha da Queimada Grande ဆိုတဲ့ကျွန်းတစ်ကျွန်းရှိပါတယ်။ ဒီကျွန်းဟာ ဧက (၁၆၀) ကျယ်ဝန်းပြီးတော့ ထောင်ပေါင်းများစွာသော ရောင်စုံ မြွေပွေးတွေအတွက် သီးသန့်ကျွန်းတစ်ကျွန်းဖြစ်တယ်လို့ဆိုရင်လည်း မမှားပါဘူး။  shwekhitonlinetv.com

ဘရာဇီးလ်လူမျိုးတွေရ အဆိုအရတော့ ဒီကျွန်းပေါ်မှာခြေတစ်လှမ်းလှမ်းတိုင်း မြွေတစ်ကောင်ကိုတွေ့နိုင်တယ်လို့ အဆိုရှိပါတယ်။ နောက်ပြီးမျက်စိမှုန်သူတွေအတွက်တော့ ဒီကျွန်းပေါ်ကိုခြေမချသင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ တစ်ချို့မြွှေတွေရဲ့ အရောင်ဟာ ရေမြေတောတောင် အရောင်တွေနဲ့ ရောနှောနေတာကြောင့် အလွန်အန္တရာယ်များလို့ပဲဖြစ်ပါတယ်။  shwekhitonlinetv.com

Many asian swamp eels crawl over each other, Laos.

Columbia Daily Tribune ရဲ့ အဆိုအရတော့ ဒီမြွေကျွန်းဟာ နောက်ဆုံးရေခဲခေတ်အတွင်း ဘရာဇီးလ်ပြည်မကြီးကနေ ကွဲထွက်သွားတဲ့ ကုန်းမြေဖြစ်တယ်လို့သိရပါတယ်။ ဒီကျွန်းပေါ်မှာ တစ်ခြားသားရဲကောင်တွေ သိပ်မရှိတာကြောင့်လည်း မြွေတွေအခုလိုများပြားလာတာဖြစ်ပါတယ်။  shwekhitonlinetv.com

သူတို့ရဲ့ အစာရင်းမြစ်ဖြစ်တဲ့ ကြွက်လိုသတ္တဝါတွေရှားပါးလာပေမယ့်လည်း ဒီမြွေတွေဟာ လိုက်လျောညီထွေဖြစ်အောင် နေနိုင်ခဲ့ကြပြီး မျိုးစိတ်အသစ်တွေအဖြစ်ပြောင်းလဲသွားကြပါတယ်။  shwekhitonlinetv.com

အံ့သြစရာကောင်းတာက သူတို့ဟာ ငှက်တွေကို ဘယ်လိုထောင်ပြီးဖမ်းစားရမလဲဆိုတာကို သိရှိတဲ့မြွေမျိုးစိတ်တွေဖြစ်ကြပါတယ်။ နောက်ပြီးသူတို့ရဲ့ အဆိပ်ဟာသာမန်မြွှေပွေးတွေရဲ့ အဆိပ်ထက် ငါးဆလောက်အထိ ပြင်းထန်ပါတယ်။  shwekhitonlinetv.com

ဒီအဆိပ်တွေဟာ ငှက်တစ်ကောင်ကို အချိန်တိုအတွင်းသေစေနိုင်ပြီး လူတစ်ယောက်ကိုဆိုရင်တော့ တစ်နာရီအတွင်းမှာ သေစေနိုင်ဖို့အတွက် လုံလောက်တယ်လို့ သုတေသီတွေရဲ့ အဆိုအရသိရပါတယ်။  shwekhitonlinetv.com

ဒီကျွန်းပေါ်မှာ နေထိုင်ဖူးသူတွေကတော့ ၁၉၀၉ ခုနှစ်ကနေ ၁၉၂၀ ခုနှစ်တွေအတွင်း မီးပြတိုက်တစ်ခု ဖွင့်လှစ်ထားသူတွေဖြစ်ပါတယ်။ Smithsonian မဂ္ဂဇင်းရဲ့ အဆိုအရ ဒဏ္ဍာရီတစ်ခုမှာ မြွေအမြောက်အမြား ဒီကျွန်းကိုဝင်ရောက်လာပြီး နောက်ဆုံး မီးပြတိုက်စောင့်နှင့် ၎င်းရဲ့ မိသားစုကို သေဆုံးစေခဲ့တယ်လို့ဆိုထားပါတယ်။  shwekhitonlinetv.com

Seascape at sunset. Lighthouse on the coast

ဒီကျွန်းကိုတော့ လက်ရှိအချိန်မှာ သိပ္ပံပညာရှင်တွေသာ ရံဖန်ရံခါလာရောက်တက်ကြပါတယ်။ ဒီလိုလာရောက်တဲ့အခါမှာလည်း အနည်းဆုံး ဆရာဝန်တစ်ဦးတွဲလျက်ပါဝင်ပါတယ်။ နောက်ပြီး ဒီကျွန်းမှာရှိတဲ့ ရွှေရောင်လှံခေါင်းမြွေပွေး (Golden Lancehead Viper) တစ်ကောင်ဟာ မှောင်ခိုဈေးကွက်မှာ ဒေါ်လာ ၁၀,၀၀၀ မှ ဒေါ်လာ ၃၀,၀၀၀ လောက်တန်တာကြောင့် ရဲရင့်တဲ့ မြွေဖမ်းသမားတစ်ချို့လည်း လာတက်ကြပါတယ်။  shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။