ကမ္ဘာပေါ်က စျေးအကြီးဆုံး အဆောက်အဦး ဆယ်ခု အကြောင်း

ကမ္ဘာပေါ်မှာ အမေရိကန်ဒေါ်လာ (၁၀၀) ဘီလီယံတန်ကြေးရှိတဲ့ အဆောက်အဦးမျိုးရှိတယ်ဆိုရင် သင့်အနေနဲ့ ယုံကြည်ပါ့မလား ? မယုံကြည်ဘူးဆိုရင်တော့ ဒီအကြောင်းအရာလေးကို ပြီးဆုံးတဲ့အထိဖတ်ရှုကြည့်သင့်ပါတယ်နော် …… shwekhitonlinetv.com

၁၀။ Wynn Resort – အမေရိကန်ဒေါ်လာ (၃.၇) ဘီလီယံ

အမေရိကန်နိုင်ငံ လတ်စ်ဗေးဂတ်စ်မှာရှိတဲ့ ဟိုတယ်နဲ့ကာစီနိုအဆောက်အအုံတွေထဲမှာတော့ Wynn Resort ကလက်ရာအပြောင်မြောက်ဆုံးဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ်မှာဆောက်လုပ်ခဲ့တဲ့ ဒီအဆောက်အဦးမှာတော့ သက်တောင့်သက်သာဇိမ်တည်းခိုနိုင်တဲ့ အခန်းပေါင်း (၂,၇၁၆) ခန်းပါရှိပါတယ်။ ယနေ့ခေတ်ငွေကြေးတန်ဖိုးနဲ့တွက်ချက်မယ်ဆိုရင်တော့ ဒီအဆောက်အဦးရဲ့ ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ (၃.၇) ဘီလီယံရှိပါတယ်။ shwekhitonlinetv.com

၉။ One World Trade Center – အမေရိကန်ဒေါ်လာ (၃.၉) ဘီလီယံ

One World Trade Center ကတော့ ၉/၁၁ အကြမ်းဖက်မှုကြောင့်ပျက်စီးသွားတဲ့ World Trade Centers နေရာမှာပြန်လည်တည်ဆောက်ထားတဲ့ အဆောက်အဦးဖြစ်ပါတယ်။ ပေပေါင်း (၁၇၇၆) ပေမြင့်တဲ့ ဒီအဆောက်အဦးကိုတော့ ၂၀၁၃ ခုနှစ်မှာ အပြီးသတ်နိုင်ခဲ့တာဖြစ်ပြီး စုစုပေါင်းအမေရိကန်ဒေါ်လာ (၃.၉) ဘီလီယံကုန်ကျခဲ့ပါတယ်။ shwekhitonlinetv.com

၈။ Palace of The Parliament – အမေရိကန်ဒေါ်လာ (၃.၉) ဘီလီယံ

ရိုမေးနီးယားနိုင်ငံ မြို့တော်ဘူခါရက်စ်က မြေဧက (၁၀) ဧကကျော်ကျယ်ဝန်းတဲ့နေရာမှာတည်ဆောက်ထားတဲ့ ဒီအဆောက်အအုံကတော့ ရိုမေးနီးယားနိုင်ငံရဲ့ လွှတ်တော်ဖြစ်ပါတယ်။ ဒီအဆောက်အအုံတည်ဆောက်ရာမှာ အလုပ်သမားထောင်ဂဏန်းလောက်အသက် ဆုံးရှုံးခဲ့တယ်လို့သိရပြီး ရိုးမေးနီးယားအာဏာရှုင် Nicolae Ceausescu’s က ၁၉၈၄ မှာတည်ဆောက်စေခဲ့တာဖြစ်ပါတယ်။ ဒီနေ့ခေတ်တန်ဖိုးနဲ့တွက်ကြည့်မယ်ဆိုရင်တော့ ဒီအဆောက်အုံရဲ့တန်ဖိုးဟာ အမေရိကန်ဒေါ်လာ (၃.၉) ဘီလီယံရှိပါတယ်။ shwekhitonlinetv.com

၇။ Emirate Palace – အမေရိကန်ဒေါ်လာ (၄.၂) ဘီလီယံ

ယူအေအီးနိုင်ငံ အဘူဒါဘီမြို့မှာတည်ရှိတဲ့ Emirate Palace ဟိုတယ်ကတော့နန်းတော်နဲ့ဆင်တူတဲ့ ဈေးအကြီးဆုံးအဆောက်အဦးတစ်ခုလည်းဖြစ်ပါတယ်။ ဒီအဆောက်အဦးမှာတော့ ကျယ်ဝန်းတဲ့အခန်းပေါင်း (၃၉၄) ခန်းပါဝင်ပြီး (၂၀၀၅) ခုနှစ်ကဆောက်လုပ်ပြီးစီးခဲ့တာပါ။ ဒီနေ့ခေတ်တန်ဖိုးအရတော့ ဒီအဆောက်အဦးဟာ အမေရိကန်ဒေါ်လာ (၄.၂) ဘီလီယံတန်ပါတယ်။ shwekhitonlinetv.com

၆။ The Cosmopolitan – အမေရိကန်ဒေါ်လာ (၄.၉) ဘီလီယံ

အခန်းပေါင်း (၃၀၂၇) ခန်းပါဝင်တဲ့ လတ်စ်ဗေးဂတ်စ်က ကာစီနိုရုံနဲ့ ဟိုတယ်ကြီး The Cosmopolitan ကိုတော့ အမေရိကန်ဒေါ်လာ (၃.၉) သန်းအကုန်အကျခံပြီး၂၀၀၉ ခုနှစ်မှာဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။ ဒီကနေ့ ငွေကြေးတန်ဖိုးနဲ့ဆိုရင်တော့ အမေရိကန်ဒေါ်လာ (၄.၉) ဘီလီယံတန်ကြေးရှိပါတယ်။ အနုပညာဆန်စွာတည်ဆောက်ထားတဲ့ ဒီအဆောက်အအုံကြီးမှာတော့ ကာစီနိုခန်းမတွေ၊ ထိုင်ခုံ (၃၂၀၀) ပါတဲ့ပြဇာတ်ရုံတွေ၊ အဆင့်မြင့် Spa တွေ၊ အဆင့်မြင့် Gym တွေပါဝင်ပါတယ်။ မူလပိုင်ရှင်ဟာ ဒီအဆောက်အအုံကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်းမှာ MGM Resort International ထံ အမေရိကန်ဒေါ်လာ (၅.၆၅) ဘီလီယံနဲ့ပြန်လည်ရောင်းချခဲ့ပါတယ်။ shwekhitonlinetv.com

၅။ Apple Park – အမေရိကန်ဒေါ်လာ (၅) ဘီလီယံ

၂၀၂၂ ရဲ့စာရင်းအင်းတွေအရတော့ Apple ဟာကမ္ဘာပေါ်မှာအချမ်းသာဆုံးကုမ္ပဏီဖြစ်လာခဲ့ပြီး သူတို့ရဲ့တန်ဖိုးဟာ အမေရိကန်ဒေါ်လာ (၃) ထရီလီယံအထိတောင် ရောက်ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း Apple ဟာ သူတို့ရဲ့ကုမ္ပဏီအနာဂတ်အတွက် ဖွံဖြိုးရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်ကြိုးပမ်းနေဆဲဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်အတွင်းမှာ Apple Park ဆိုတဲ့ အဆောက်အအုံကြီးအတွက် အမေရိကန်ဒေါ်လာ (၅) ဘီလီယံရင်းနှီးမြုပ်နှံခဲ့ပါတယ်။ shwekhitonlinetv.com

၄။ SoFi Stadium – အမေရိကန်ဒေါ်လာ (၅.၅) ဘီလီယံ

SoFi Stadium ကတော့ အမေရိကန်ဖွတ်ဘောကလပ်အသင်းတွေဖြစ်တဲ့ Los Angeles Rams နဲ့ Los Angeles Chargers အသင်းတို့ရဲ့အိမ်ကွင်းဖြစ်ပါတယ်။ ဒီကွင်းမှာတော့ ထိုင်ခုံ (၇၀၀၀၀) ပါဝင်ပြီး ပရိသတ် (၁၀၀၀၀၀) ဝင်ဆံ့ပါတယ်။ ၂၀၂၀ ခုနှစ်မှာစတင်ဖွင့်လှစ်ခဲ့တဲ့ ဒီအားကစားကွင်းအတွက်ကုန်ကျစရိတ်ကတော့ အမေရိကန်ဒေါ်လာ (၅.၅) ဘီလီယံဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ Marina Bay Sands – အမေရိကန်ဒေါ်လာ (၅.၅) ဘီလီယံ

Marina Bay Sands ကတော့စင်ကာပူနိုင်ငံရဲ့ ရင်သပ်ရှုမောဖွယ်ရာအကောင်းဆုံးအဆောက်အအုံဖြစ်ပါတယ်။ ကြယ်ငါးပွင့်အဆင့်ရှိပြီး အခန်းပေါင်း (၂၅၆၁) ခန်းပါတဲ့ဇိမ်ခံဟိုတယ်၊ ကာစီနိုခန်းမ၊ ကမ္ဘာ့အမိုက်ဆုံးရေကူးကန် စတာတွေအပြင်အခြား ခေတ်မီဆန်းသစ်တဲ့ ခန်းမတွေနဲ့ရှုပ်ထွေးစွာတည်ဆောက်ထားပါတယ်။ အမေရိကန်ဒေါ်လာ (၅.၅) ဘီလီယံကုန်ကျခံတည်ဆောက်ထားတဲ့ Marina Bay Sands ကတော့ စင်ကာပူနိုင်ငံရဲ့ အထင်ကရအဆောက်အအုံဆိုလည်း မမှားပါဘူး။ shwekhitonlinetv.com

၂။ Abraj Al Bait – အမေရိကန်ဒေါ်လာ (၁၅) ဘီလီယံ

Abraj Al Bait အဆောက်အအုံကတော့ ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမှာတည်ရှိတာဖြစ်ပါတယ်။ ဘုရားဖူးများတည်းခိုဖို့အတွက် အဓိကရည်ရွယ်ပြီး မြေဧက (၃၄) ဧကကျော်ကျယ်ဝန်းတဲ့နေရာမှာ မိုးမျှော်တိုက် (၇) ခုပါဝင်တဲ့အဆောက်အအုံကြီးကိုတည်ဆောက်ခဲ့တာဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး နာရီမျက်နှာပြင်ကိုလည်း အမြင့်ဆုံးအဆောက်အအုံမှာ ထည့်သွင်းတည်ဆောက်ထားပါတယ်။ shwekhitonlinetv.com

၁။ Masjid al-Haram – အမေရိကန်ဒေါ်လာ (၁၀၀) ဘီလီယံ

အစ္စလာမ်ဘာသာဝင်တွေရဲ့ အမြင့်မြတ်ဆုံးနေရာဖြစ်ပြီး ကမ္ဘာ့အကြီးဆုံးဗလီဝတ်ကျောင်းတော်ဖြစ်တဲ့ Masjid al-Haram ကတော့ ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့ရဲ့ မြေဧက (၉၉) ဧကပေါ်မှာတည်ရှိပါတယ်။ ဟာ့ဂျ်ကာလအတွင်း လူဦးရေ (၄) သန်းလောက်တည်းခိုနိုင်တဲ့ ဒီအဆောက်အဦးကြီးအတွက်ကုန်ကျစရိတ်ကလည်း အင်မတန်မှများပြားလှပြီး အမေရိကန်ဒေါ်လာ (၁၀၀) ဘီလီယံအထိကုန်ကျခဲ့ပါတယ်။ ဒီအဆောက်အဦးရဲ့ အချို့ဗိသုကာလက်ရာတွေကတော့ (၇) ရာစုလောက်ကတည်းက လက်ရာတွေဖြစ်ပြီး အချို့ကတော့ (၁၆) ရာစုနဲ့ (၁၇) ရာစုမှာပြန်လည် မွမ်းမံထားတဲ့ လက်ရာတွေဖြစ်ပါတယ်။ ဆော်ဒီအာရေဗျနိုင်ငံအနေနဲ့ ဒီအဆောက်အဦးကို လာမည့် ၂၀၃၀ မှာ လူဦးရေသန်း (၃၀) လောက် တည်းခိုနိုင်ဖို့အတွက် တိုးချဲ့တည်ဆောက်မှုတွေပြုလုပ်နေပြီး နောက်ထပ် (၁၀၀) ဘီလီယံသုံးစွဲသွားဖို့လျာထားပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။ 

Be the first to comment

Leave a Reply