ရွှေအတု လိမ်ရောင်းတဲ့ သူတွေ လက်မှ လွတ်အောင် အတုအစစ် ခွဲနည်း

သင့်အနေနဲ့ ရွှေဝယ်ယူတဲ့အခါမှာဘယ်လိုရွှေဆိုင်မျိုးကနေဝယ်ယူလေ့ရှိပါသလဲ။ မိမိအိမ်နဲ့ နီးစပ်ရာဆိုင်တွေလား ? ဒါမှမဟုတ်စိတ်ချရတဲ့ နာမည်ကြီးရွှေဆိုင်ကြီးတွေကလား ? ကျွန်တော်တို့အနေနဲ့ အကြံပြုချင်တာကတော့ ရွှေဝယ်မယ်ဆိုရင်အာမခံချက် ကောင်းကောင်းပေးနိုင်တဲ့ နာမည်ကြီးရွှေဆိုင်ကြီးတွေကသာ ဝယ်ယူစေချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်ချို့ရွှေဆိုင်ငယ်တွေက ဝယ်သူကို ရွှေအတုတွေလိမ်လည်ပြီးရောင်းချတက်လို့ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

တစ်ကယ်လို့များသင့်အနေနဲ့ နီးစပ်ရာရွှေဆိုင်ငယ်လေးတွေကနေ ရွှေကိုဝယ်ယူလာပြီးမှ စိတ်ထဲမှာရွှေအစစ်လား အတုလားဆိုပြီးသံသယရှိနေရင်တော့ အောက်ပါနည်းလေးတွေနဲ့ ရွှေကိုအတုအစစ် အလွယ်တကူခွဲခြားလို့ရပါတယ်နော် …. shwekhitonlinetv.com

၁။ ရေတွင်နစ်မြုပ်စေသောနည်းဖြင့်စမ်းသပ်ခြင်း

ရွှေဟာမာကျောပြီး ထူထဲလေးလံတဲ့သတ္တုတစ်မျိုးဖြစ်ပါတယ်။ ဒါ့ကြောင့်သူ့ကိုအတုအစစ်ခွဲဖို့ဆိုရင် ရေပေါ်မှာ ပေါ်မပေါ်ဆိုတဲ့နည်းနဲ့စမ်းသပ်တာက အလွယ်ကူဆုံးနဲ့အရိုးရှင်းဆုံးနည်းလမ်းဖြစ်ပါလိမ့်မယ်။ ရွှေအစစ်ဟာ သိပ်သည်းဆများပြီးလေးလံတာကြောင့် ရေပုံးတစ်ပုံး ဒါမှမဟုတ်ရေအပြည့်ထည့်ထားတဲ့ဖန်ခွက်တစ်ခွက်ထဲကို ထည့်လိုက်မယ်ဆိုရင် အလျှင်အမြန်နစ်မြုပ်သွားမှာဖြစ်ပါတယ်။ ဆိုလိုတာကတော့ သတ္တုစပ်ရွှေတွေနဲ့ ရွှေအစစ်ကို ယှဉ်ပြီးရေထဲကိုထည့်ကြည့်ရင် ရွှေအစစ်ကအရင်နစ်မြုပ်သွားမှာဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ သံလိုက်ဖြင့်စမ်းသပ်ခြင်း

သတ္တုတော်တော်များများဟာ သံလိုက်ဓာတ်ရှိကြပေမယ့် သန့်စင်တဲ့ရွှေမှာတော့ လုံးဝသံလိုက်ဓာတ်မရှိပါဘူး။ ဒါ့ကြောင့်မို့လို့သင့်အနေနဲ့ ရွှေအတုအစစ်ကို သံလိုက်ကိုသုံးပြီးအလွယ်တကူခွဲခြားကြည့်လို့ရပါတယ်။ ရွှေအစစ်ဆိုရင်တော့ သံလိုက်ကိုဘယ်လိုမှတုံ့ပြန်မှာမဟုတ်ပေမယ့် ရွှေအတုဆိုရင်တော့ အနားမှာသံလိုက်ရှိရင် တုံ့ပြန်မှုတွေပြုလုပ်မှာဖြစ်ပါတယ်။ နောက်ပြီး ရွှေဟာသံချေးမတက်တဲ့ သတ္တုဒြပ်စင်တစ်မျိုးဖြစ်တာကြောင့် သင့်ရဲ့ရွှေထည်တွေမှာ သံချေးတက်တဲ့အရိပ်အယောင်တွေ့ရရင်တော့ ရွှေအစစ်မဟုတ်ကြောင်းသိနိုင်မှာဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ အက်စစ်ဖြင့်စမ်းသပ်ခြင်း

သင့်အနေနဲ့ နိုက်ထရစ်အက်ဆစ်လို အက်ဆစ်မျိုးကိုပတ်ဝန်းကျင်မှာအလွယ်တကူရရှိနိုင်တယ်ဆိုရင်တော့ အဆိုပါအက်ဆစ်ကိုအသုံးပြုပြီးတော့ ရွှေအတုအစစ်အလွယ်ခွဲကြည့်လို့ရပါတယ်။ ဒါပေမယ့် ဒီအက်ဆစ်ဟာ အနည်းငယ်ပြင်းတဲ့အတွက် မစမ်းသပ်မီ လက်အိတ်မျက်နှာဖုံးလိုအကာအကွယ်တွေကို ဝတ်ဆင်ထားဖို့အကြံပြုပါရစေ။ ရွှေအစစ်ကတော့ အက်ဆစ်နဲ့ဓာတ်မပြုတဲ့အတွက် အက်ဆစ်အစက်ချလိုက်တဲ့နေရာမှာ နို့ရည်ကြည်ရောင်အမြုပ်လေးတွေဖြစ်ပေါ်သွားပြီး ပြန်လည်ပျောက်ကွယ်သွားရုံကလွဲလို့ ဘားမှထူးထူးခြားခြားပြောင်းလဲသွားခြင်းမရှိပါဘူး။ ဒါပေမယ့် ရွှေမှာအရောအစပ်သတ္တုတွေပါနေရင်တော့ အက်ဆစ်ချလိုက်တဲ့နေရာလေးက အစိမ်းရောင်ဘက်သမ်းသွားတာမျိုးတွေ့ရတက်ပါတယ်။ ရွှေရည်စိမ်ထားတာဆိုရင်တော့ မူလသတ္တုရဲ့အရောင်ပေါ်လာမှာဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ ရှာလကာရည်အသုံးပြု၍စမ်းသပ်ခြင်း

ဒီနည်းကတော့ မီးဖိုချောင်ထဲမှာရှိတဲ့ ရှာလကာရည်လိုအရာမျိုးနဲ့စမ်းသပ်တာဖြစ်လို့ အင်မတန်မှလွယ်ကူတဲ့နည်းတစ်နည်းပဲဖြစ်ပါတယ်။ စမ်းသပ်ပုံစမ်းသပ်နည်းကလည်း အင်မတန်မှလွယ်ကူပါတယ်။ သင့်အနေနဲ့ ရှာလကာရည်ထည့်ထားတဲ့ ဖန်ခွက်ထဲကို သင့်ရဲ့ရွှေထည် ပစ္စည်းကိုစိမ်ကြည့်လိုက်ရုံပါပဲ။ တစ်ကယ်လို့သင့်ရဲ့ရွှေထည်ဟာ အတုဖြစ်နေခဲ့မယ်ဆိုရင် ရှာလကာရည်ထဲမှာစိမ်ထားတဲ့အပိုင်းဟာ အရောင်ပြောင်းသွားမှာဖြစ်ပါတယ်။ အစစ်ကတော့ ရှာလကာရည်ထဲမှာစိမ်ထားပေမယ့် မူလအတိုင်းလုံးဝအရောင်ပြောင်းသွားခြင်းရှိမှာမဟုတ်ပါဘူး။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။ 

Be the first to comment

Leave a Reply