ထူးခြားပြီး စိတ်ဝင်စားစရာကောင်းနေတဲ့ ကမ္ဘာပေါ်က နေရာ (၇) ခု

ကမ္ဘာပေါ်မှာ ထူးဆန်းအံ့သြဖွယ်ကောင်းတဲ့နေရာတွေ၊ လှပတဲ့နေရာတွေ၊ စိတ်ဝင်စားဖွယ်နောက်ခံဇာတ်ကြောင်းတွေနဲ့နေရာတွေ၊ စွန့်စားလိုသူတွေ အတွက် သွားရောက်ချင်စရာကောင်းတဲ့ နေရာတွေကတော့ မရေမတွက်နိုင်လောက်အောင် များပြားလှပါတယ်။ ဒါပေမယ့် ဒီနေရာတွေထဲမှာ လူသူအရောက်အပေါက်နည်းလွန်းတဲ့ နေရာတစ်ချို့တော့ရှိနေပါတယ်။ အဲ့ဒီနေရာတွေကတော့ ….. shwekhitonlinetv.com

၁။ Iqaluit , Nunavut – Canada

ကနေဒါနိုင်ငံထဲက အီခါ့လူဝစ် (Iqaluit) ဆိုတဲ့မြို့လေးကိုသွားဖို့ဆိုရင်တော့ ကုန်းလမ်းကနေသွားဖို့မဖြစ်နိုင်ဘဲ လေကြောင်း ဒါမှမဟုတ် ရေကြောင်းကနေပဲသွားလို့ရပါတယ်။ လူသူအရောက်အပေါက်နည်းတယ်ဆိုပေမယ့်လို့ ဒီမြို့လေးကို မိုင်ပေါင်း (၁၃၀၀) လောက်ကွာဝေးတဲ့ အော့တဝါ (Ottawa) မြို့ကနေတော့ နေ့စဉ်ပျံသန်းပြေးဆွဲတဲ့လေယာဉ်ရှိပါတယ်။ ဒီမြို့ဟာနှင်းလျှောစီးသူတွေ၊ Downhill စက်ဘီးစီးသူတွေကို ဆွဲဆောင်နိုင်မယ့် ပတ်ဝန်းကျင်အနေအထားကောင်းတွေရှိပေမယ့် ဝေးလံခေါင်သီလွန်းလို့ ကမ္ဘာလှည့်ခရီးသွားတွေ အရောက်အပေါက်နည်းတဲ့ နေရာတစ်ခုလို့ဆိုနိုင်ပါတယ်။ shwekhitonlinetv.com

၂။ Changtang – Tibet

ချွမ်းတဲ့န် (Changtang) ဒေသရဲ့ အနိမ့်ဆုံးအပိုင်းက ပင်လယ်ရေမျက်နှာပြင်ရဲ့ အထက်ပေ (၁၃,၀၀၀) ကျော်အမြင့်မှာတည်ရှိပြီး အမြင့်ဆုံးနေရာကတော့ ပင်လယ်ရေမျက်နှာပြင်အထက် ပေ (၂၀,၀၀၀) ကျော် ပါတယ်။ တိဗက်အနောက်ပိုင်းမှာတည်ရှိတဲ့ဒီဒေသကိုတော့ ကမ္ဘာကြီးရဲ့ခေါင်မိုးလို့တင်စားခေါ်ဝေါ်ကြပါတယ်။ အေးမြပြီးခြောက်သွေ့တဲ့ ရာသီဥတုအပြင် ရှားပါးတဲ့တောရိုင်းတိရိစ္ဆာန်တွေလည်းရှိတဲ့ ဒေသဖြစ်ပါတယ်။ လူဦးရေ ထောင်ဂဏန်းဝန်းကျင်နေထိုင်တယ်လို့ခန့်မှန်းထားပြီး အများစုက ရှေးကျတဲ့ နိုမက်ဒ် လို့ခေါ်တဲ့တိုင်းရင်းသားတွေလို့သိရပါတယ်။ အနီးစပ်ဆုံးပြောရရင် နိုမက်ဆိုတာ မြန်မာနိုင်ငံ ချင်းပြည်နယ်က နာဂလူမျိုးတွေနဲ့ ခပ်ဆင်ဆင်တူတဲ့လူမျိုးစုတွေပါ။ တိဗက်တောင်ဆိတ်၊ လည်ပင်းနက်ကြိုးကြာ၊ နှင်းကျားသစ်၊ နွားရိုင်း၊ ဝက်ဝံညို၊ တိဗက်မြင်းပု တို့လိုမြင်ရခဲတဲ့ ရှားပါးတောရိုင်း သတ္တဝါတွေဟာ ဒီဒေသမှာကျက်စားကြပါတယ်။ shwekhitonlinetv.com

၃။ Bantam , Cocos (Keeling) Islands

လူဦးရေ (၆၀၀) လောက်သာရှိတဲ့ Cocos Island မှာ အဓိကနေထိုင်တာကတော့ Cocos Malay လူမျိုးစုတွေပဲဖြစ်ပါတယ်။ သူတို့ဟာကိုယ်ပိုင်ဘာသာစကား၊ ကိုယ်ပိုင်ဓလေ့ထုံးတမ်း၊ ကိုယ်ပိုင်ယုံကြည်ကိုးကွယ်မှုတွေနဲ့နေထိုင်ကြတဲ့ လူမျိုးစုတွေလည်းဖြစ်ကြပါတယ်။ ဒီကျွန်းကိုတော့ စွန်လွှတ်ခြင်း၊ ရေငုပ်ခြင်း၊ ငှက်ကြည့်ခြင်း၊ ရေလွှာလျှောစီးခြင်းတွေပြုလုပ်ဖို့အတွက် ကမ္ဘာလှည့်ခရီးသွားတွေ ရံဖန်ရံခါလာရောက်တက်ကြတယ်လို့သိရပါတယ်။ သြစတြေးလျနိုင်ငံ ပါ့သ်မြို့ ကနေမိုင်ပေါင်း (၁၇၀၀) လောက်ကွာဝေးတဲ့ ဒီကျွန်းကိုတော့ နှစ်ပတ်တစ်ခါ လေကြောင်းပျံသန်းပြေးဆွဲမှုတွေရှိပါတယ်။ shwekhitonlinetv.com

၄။ Oymyakon – Russia

ပျမ်းမျှအပူချိန် အနှုတ် (၉၀) ဒီဂရီ ဖာရင်ဟိုက်အောက်မှာရှိတဲ့ အွန်းမြာကွန် (Oymyakon) အရပ်ကတော့ ရုရှားနိုင်ငံ၊ ဆိုက်ဘေးရီးယားဒေသအစွန်အဖျားနားမှာတည်ရှိတာပါတယ်။ အာတိတ်စက်ဝန်းကနေ မိုင်ရာကျော်လောက်သာ ကွာဝေးတော့တဲ့ ဒီနေရာမှာတော့ ဆောင်းတွင်းဘက်ဆိုရင် တစ်နေ့ကို (၂၁) နာရီလောက်က မှောင်မိုက်တဲ့ကောင်းကင်ကိုသာမြင်ပြီး နွေဘက်ဆိုရင်တော့ တစ်နေ့ကို (၃) နာရီဝန်းကျင်သာ မှောင်မိုက်တယ်လို့လည်းသိရပါတယ်။ အလွန်အေးတဲ့ ရာသီဥတုကြောင့် သိပ္ပံပညာရှင်တွေတောင် တော်ရုံမလာကြတဲ့ ဒေသလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ Easter Island – Chile

အီစတာကျွန်း (Easter Island) ကတော့ လူသားတွေ ယနေ့တိုင်အဖြေမထုတ်နိုင်သေးတဲ့ ပုစ္ဆာတွေထဲက တစ်ခုဖြစ်တဲ့ “မွိုင်” လို့အမည်ပေးထားတဲ့ကျောက်ရုပ်တွေ တည်ရှိရာကျွန်းဖြစ်ပါတယ်။ ချီလီနိုင်ငံအပိုင်ဖြစ်ပြီး တောင်ပစိဖိတ်သမုဒ္ဒရာထဲ မှာတည်ရှိတဲ့ဒီကျွန်းဟာ အနီးဆုံးကုန်းမြေနဲ့ တောင် မိုင်ပေါင်း (၂၀၀၀) လောက်ဝေးတာကြောင့် အထီးကျန်ဆန်လွန်းလှပါတယ်။ အခုနောက်ပိုင်းမှာတော့ “မွိုင်”ရုပ်တုတွေကို လေ့လာဖို့ ရံဖန်ရံခါ လာရောက်ကြတဲ့ သိပ္ပံညာရှင်တွေ၊ သမိုင်းသုတေသီတွေကြောင့် အီစတာကျွန်း အနေနဲ့ အနည်းငယ်ဖြေသိမ့်စရာတော့ ဖြစ်စေခဲ့ပါတယ်။ shwekhitonlinetv.com

၆။ Amundsen – Scott South Pole Station

ဆောင်း၊ နွေ၊ မိုး စတဲ့ ဥတုရာသီတွေဟာ ဒီဒေသနဲ့တော့ လုံးဝမသက်ဆိုင်သလိုပါပဲ။ နေ့ (၆) လ ၊ ည (၆) လ ဆိုတဲ့ မြန်မာ ဆိုရိုးစကားနဲ့ ဒီဒေသ ရဲ့ ရာသီဥတုကို ရည်ညွှန်းတာကမှပိုပြီး နီစပ်မှုရှိနိုင်ပါလိမ့်မယ်။ တကယ်လည်း ဒီဒေသဟာ တစ်နှစ်ကို (၆) လ လောက်ဆက်တိုက် နေအလင်းရောင်ရရှိပြီး (၆) လလောက်ကတော့ မှောင်မိုက်တဲ့ည အချိန်တြွေဖစ်ပေါ်နေတာပါ။ နိုင်ငံပေါင်း (၁၂) နိုင်ငံက သိပ္ပံပညာရှင်တွေပါဝင်တဲ့ အေမန်ဆမ်-စကော့ တောင်ဝင်ရိုးစွန်းအခြေစိုက်စခန်း (Amundsen–Scott South Pole Station) ဟာ ဒီဒေသမှာရှိတဲ့ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်ပေ (၄၀၀၀) ကျော်က ရေခဲချပ်ကြီးပေါ်မှာတည်ရှိတာဖြစ်ပါတယ်။ အဲ့စခန်းမှာ သုတေသန လုပ်ငန်းတွေဆောင်ရွက်နေတဲ့ သိပ္ပံပညာရှင်တွေက လွဲရင်ကျန်တဲ့ အခြေချနေထိုင်သူတွေမရှိတာကြောင့် ဒီနေရာဟာလည်း အထီးကျန်ဆန်လွန်းတယ်လို့ဆိုရမှာပါ။ shwekhitonlinetv.com

၇။ Adak Island – Alaska

တစ်ချိန်ကအမေရိကန်ရေတပ်ရဲ့အခြေစိုက်စခန်းတစ်ခုဖြစ်ခဲ့စဉ်ကတော့ စစ်သားတွေအပါအဝင် လူဦးရေ (၆၀၀၀) ဝန်းကျင်လောက်နေထိုင်ခဲ့ဖူးပေမယ့် နောက်ပိုင်းမှာ စစ်တပ်စခန်း ပြောင်းရွှေ့ခြင်းကြောင့် လူဦးရေအနည်းငယ်သာနေထိုင်ကြတော့တဲ့ကျွန်းတစ်ခုဖြစ်ပါတယ်။ အဒက်ခ် (Adak) လို့အမည်ရတဲ့ ဒီကျွန်းငယ်ဟာ အမေရိကန်နိုင်ငံ ရဲ့ အလက်စကာဒေသမှာရှိပြီး တစ်နာရီကို မိုင် (၁၂၀) ကျော်လောက်ပြင်းထန်တဲ့ နှင်းမှုန်တိုင်းတွေ တိုက်ခတ်တက်ပါသေးတယ်။ ရှားပါးပြီးတန်ဖိုးကြီးတဲ့ (Calibou) သမင်တွေကို လိုက်တဲ့မုဆိုးတွေ၊ ငါးဖမ်းသူတွေ နဲ့ တောက်တက်သူတွေကတော့ ရံဖန်ရံခါ ဒီကျွန်းကိုလာရောက်ကြတယ်လို့သိရပါတယ်။ သူတို့လာတဲ့အခါ စခန်းချနေထိုင်ဖို့ ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းက ဒေသခံတွေအတွက် အဓိကဝင်ငွေရပေါက်ရလမ်းတစ်ခုဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။