ကမ္ဘာတစ်လွှားက ထူးဆန်းတဲ့ မြို့ရွာငယ်လေးတွေအကြောင်း

ကမ္ဘာအနှံ့ကထူးခြားဆန်းပြားတဲ့ နေရာတွေအကြောင်းကိုအမြဲစိတ်ဝင်တစားဖတ်ရှုတက်ကြတဲ့ ရွှေခေတ်ပရိသတ်တွေအတွက် အခုတစ်ခေါက်မှာတော့ ကမ္ဘာတစ်လွှားကထူးထူးခြားခြား မြို့ရွာငယ်လေးတွေအကြောင်းကို ဗဟုသုတအဖြစ်ပြန်လည်ဝေမျှပေးလိုက်ရပါတယ်။ shwekhitonlinetv.com

၁။ Yangsi – China

Yangsi ဆိုတာကတော့ တရုတ်နိုင်ငံရဲ့ ဝေးလံခေါင်သီတဲ့အရပ်ဒေသမှာတည်ရှိတဲ့ ရွာငယ်လေးတစ်ခုဖြစ်ပါတယ်။ ဒီရွာလေးနဲ့ပတ်သတ်ပြီးလူသိများတဲ့အကြောင်းအရင်းတစ်ခုကတော့ ရွာမှာရှိတဲ့အရွယ်ရောက်ပြီးလူဦးရေရဲ့ (၄၀) ရာခိုင်နှုန်းကျော်က လူပုလေးတွေဖြစ်နေတာကြောင့်ပဲဖြစ်ပါတယ်။ ပုံမှန်မဟုတ်တဲ့ဒီဖြစ်စဉ်အတွက် တိကျတဲ့အဖြေ၊ သီအိုရီတွေရှာမတွေ့သေးပါဘူး။ အချို့ကတော့ ဒဏ္ဍာရီတွေထဲကထူးခြားတဲ့ လိပ်မည်းကြီးရဲ့ကျိန်စာကြောင့်လို့ဆိုကြပါတယ်။ shwekhitonlinetv.com

၂။ Hell – Michigan

နာမည်မြင်ပြီးတော့လန့်မသွားကြပါနဲ့နော် ဒီမြို့ငယ်လေးမှာဘာနတ်ဆိုးမှမရှိပါဘူး။ ဒါပေမယ့် ဒီမြို့ငယ်လေးရဲ့အပူချိန်ကမြင့်မားလှတာကြောင့်လူတွေက ငရဲနဲ့အလားတူပူပြင်းတယ်ဆိုပြီး Hell လို့တင်စားပြီးနာမည်ပေးခဲ့ကြတာဖြစ်ပါတယ်။ ဒီမြို့လေးရဲ့ထူးခြားချက်တစ်ခုကတော့ KFC ကူပွန် အစောင်ရေ (၅၀၀) ကို နေ့စဉ် give away အနေနဲ့ပေးတာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ Nameless – Tennessee

IM000164.JPG

ဒီမြို့ရဲ့နာမည်ကလည်းထူးထူးခြားခြားပါပဲ။ ဒီမြို့ကိုဘာကြောင့် အမည်မဲ့မြို့ (Nameless) လို့ပေးခဲ့သလဲဆိုတော့ Elvis Costello ရဲ့ “My Dark Life” သီချင်းကြောင့်လို့သာဆိုကြပြီး ဘယ်သူမှတိတိကျကျ ရေရေရာရာမသိကြပါဘူး။ ဒီမြို့နဲ့ တပြိုင်တည်းထူးခြားတဲ့နာမည်တွေ ပေးခံရတဲ့ နောက်ထပ်မြို့ (၂) မြို့ရှိပါသေးတယ်။ အဲ့ဒီမြို့တွေကတော့ တက္ကဆက်ပြည်နယ်က Ugly ဆိုတဲ့မြို့နဲ့ မစ်ဆူရီပြည်နာ်က Peculiar မြို့တို့ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ Longyearbyen – Svalbard

လှပတဲ့ Svalbard ကျွန်းပေါ်က Longyearbyen ဆိုတဲ့မြို့လေးကတော့ တစ်ချိန်က ကမ္ဘာကြီးနဲ့အတော်လေးကို အဆက်အသွယ်ပြတ်နေခဲ့တဲ့မြို့လေးဖြစ်ပါတယ်။ ဒီမြို့လေးမှာဆောင်းရာသီဆိုရင် နေရောင်ကို (၄) လနီးပါးလောက်မြင်တွေ့ရခြင်းမရှိဘဲ အေးစက်မှောင်မဲနေပါတယ်။ နွေရာသီဆိုရင်တော့ နှင်းတွေအရည်ပျော်ပြီးရေကြီးခြင်းအန္တရာယ်က ကင်းဝေးအောင်စီမံရပါသေးတယ်။ နောက်ထပ်ထူးခြားတဲ့အချက်ကတော့ ဒီမြို့မှာသေဆုံးသူတွေကိုမြုပ်နှံခွင့်မပေးတာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ Swastika – Ontario

Swastika (နာဇီအမှတ်တံဆိပ်တွင်ပါဝင်သော စင်္ကြာ) ဆိုတဲ့နာမည် ကြောင့်ဒီမြို့မှာ နာဇီလက်သစ်တွေ ဖက်ဆစ်ဝါဒီတွေ ရှိနေမလားဆိုပြီး သင့်အနေနဲ့ထင်ကောင်ထင်နိုင်ပါတယ်။ ဒါပေမယ့် တစ်ကယ်တမ်းဒီမြို့မှာတော့ နာဇီထောက်ခံသူတစ်ဦးတစ်ယောက်မှမရှိပါဘူး။ ဒီသေးငယ်ပြီးငြိမ်းချမ်းတဲ့ မြို့ကလေးဟာနာဇီပါတီအပေါ်ပေါက်ခင် ဆယ်စုနှစ်များစွာတည်းက အွန်တာရီယိုမှာရှိခဲ့တဲ့ သတ္တုတူးဖော်တဲ့မြို့လေးတစ်မြို့သာဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ Fu**ing – Austria

ဥရောပတိုက် သြစတြီးယားနိုင်ငံမှာ နှစ်ပေါင်းကြာမြင့်စွာတည်ရှိခဲ့တဲ့ Fu**ing ဆိုတဲ့နာမည်နဲ့မြိ့လေးကိုတော့ ဒုတိယကမ္ဘာစစ်အတွင်း ဗြိတိသျှနဲ့အမေရိကန်စစ်တပ်တွေရှာဖွေတွေ့ရှိရာကနေ တစ်စတစ်စလူသိများလာခဲ့တာဖြစ်ပါတယ်။ ဒီမြို့မှာနေထိုင်တဲ့ မြို့ခံတွေအနေနဲ့ ပုံမှန်မဟုတ်တဲ့ သူတို့မြို့ရဲ့နာမည်ကို ပြောင်းလဲဖို့အတွက် အကြိမ်ကြိမ်ကြိုးပမ်းခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ ဒီထူးခြားတဲ့အမည်ကပဲ ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်နေတာကြောင့် သူတို့မြို့ရဲ့နာမည်ကို ဒီအတိုင်းပဲထားခဲ့ကြတာဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ Miyake-Jima – Japan

ဒီမြို့ငယ်ကလေးကတော့ လှုပ်ရှားနေတဲ့မီးတောင်ရဲ့ခြေရင်းမှာရှိတာကြောင့် မြင့်မားတဲ့ဆာလဖာဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့တွေနဲ့ နေ့စဉ်ထိတွေ့နေရတဲ့မြို့ကလေးဖြစ်ပါတယ်။ လေထုထဲမှာအဆိပ်ဓာတ်ငွေ့တွေပါဝင်နေတာကြောင့် Mask တွေကိုအချိန်တိုင်းဆောင်ထားကြရတယ်လို့လည်းသိရပါတယ်။ ကျွန်းပေါ်မှာရှိတဲ့ Oyama မီးတောင်ကလည်း ပြီးခဲ့တဲ့နှစ်ပေါင်း (၅၀၀) အတွင်းမှာ (၁၃) ကြိမ်အထိပေါက်ကွဲခဲ့တဲ့ မီးတောင်ဖြစ်ပါတယ်။ ၂၀၀၀ ပြည့်နှစ်မှာတော့ ဒီမီးတောင်ဟာအကြီးအကျယ်ထပ်မံပေါက်ကွဲခဲ့ပြီး အဲ့ဒီနောက်ပိုင်းမှာတော့ ဒီမြို့ကလူတွေဟာလည်း မြို့ကိုအပြီးတိုင်စွန့်ခွာခဲ့ကြပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။ 

Be the first to comment

Leave a Reply