မှန်တယ်ထင်ပြီး မှားနေတဲ့ မီးဖိုချောင်က အမှား (၇) မျိုး

ဒီတစ်ခါဖော်ပြပေးချင်တဲ့အကြောင်းအရာလေးကတော့ နေ့စဉ်သုံးပစ္စည်းလေးတွေနဲ့ပတ်သက်ပြီး လူအတော်များများ အသုံးပြုပုံအနည်းငယ်လွဲမှားနေတဲ့ အကြောင်းပဲဖြစ်ပါတယ်။ ဘယ်လို အသုံးအဆောင်ပစ္စည်းလေးတွေကို ဘယ်လိုမျိုးအသုံးပြုရင် ပိုမိုသင့်တော်ကောင်းမွန်မလဲဆိုတာ လေ့လာကြည့်ရှုလိုက်ရအောင်နော် …… shwekhitonlinetv.com

၁။ ဂျုတ် (သို့) ဘလိတ်ဓားများကို အစိုဓာတ်မရနိုင်သောနေရာတွင်ထားပါ။

လူအများစုဟာ ဂျုတ်တွေကို တစ်ခါသုံး (ဒါမှမဟုတ်) ကာလအနည်းငယ်သာအသုံးပြုလို့ရတဲ့အရာတွေလို့ ထင်မှတ်တက်ကြပါတယ်။ ဂျုတ်တွေကို အသုံးပြုပြီးရေချိုးခန်းထဲမှာ ထားတာဟာ ရေခိုးရေငွေ့တွေကနေ အစိုပြန်ပြီး ဘက်တီးရီးယားတွေပေါက်ပွားကာ အလွယ်တကူသံချေးတက်စေနိုင်ပါတယ်။ ဒါကြောင့် ရေချိုးခန်းလိုနေရာမျိုးနဲ့ဝေးတဲ့နေရာမှာထားမယ်ဆိုရင် အလွယ်တကူသံချေးမတက်နိုင်တော့ဘဲ ကာလအတန်ကြာ အသုံးခံမှာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ ကြက်ဥများကိုရေခဲသေတ္တာတံခါးတွင်မထားဘဲ အတွင်းပိုင်းအကန့်များတွင်ထားပါ။

ကြက်ဥတွေကိုရေခဲသေတ္တာတံခါးမှာမထားသင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့အဲ့ဒီနေရာဟာ မကြာခဏအဖွင့်အပိတ်လုပ်တဲ့နေရာဖြစ်တာကြောင့် ကြက်ဥရဲ့အရည်အသွေးကိုကျဆင်းစေနိုင်ပါတယ်။ ဒါကြောင့်ပုံမှန်အအေးဓာတ်ရရှိမယ့် ရေခဲသေတ္တာအတွင်းပိုင်းက ကြက်ဥတွေကိုသိမ်းဆည်းထားဖို့အတွက် ပိုမိုသင့်တော်ပါတယ်။ shwekhitonlinetv.com

၃။ ပေါင်မုန့်တစ်ချပ်တိုင်းကိုသီးခြား ပလပ်စတစ်နှင့်ထုပ်ပါ။

ပေါင်မုန့်တွေကိုလှီးဖြတ်ပြီး ဒီအတိုင်းပလပ်စတစ်အိတ်နဲ့ထည့်ကာ ရေခဲသေတ္တာထဲမှာ သိမ်းဆည်းထားခြင်းထက် တစ်ချပ်ခြင်းစီလှီးဖြတ်ပြီး သီးခြားပလပ်စတစ်အိတ်လေးတွေနဲ့လေလုံအောင်ပိတ်ပြီး ရေခဲသေတ္တာထဲမှာသိမ်းဆည်းထားခြင်းက ပိုမိုကောင်းမွန်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အိတ်ထဲကလေတွေအားလုံးကိုအပြင်ထွက်စေပြီး တင်းတင်းကျပ်ကျပ်လေလုံအောင်ပိတ်ထားခြင်းက မှိုများမကြီးထွားနိုင်လာအောင် ဟန့်တားပေးနိုင်ပါတယ်။ ဒါကြောင့်အခုလိုမျိုးပြုလုပ်ပြီး ရေခဲသေတ္တာထဲမှာသိမ်းဆည်းထားမယ်ဆိုရင် (၃) လခန့်အထိ အထားခံမှာဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ နေကာမျက်မှန်ရဲ့မှန်များကိုအိတ်အတွင်းသားလက်လှည့်ထားပါ။

နေကာမျက်မှန်ဆိုတာမျိုုးကလူအတော်များများအသုံးပြုတက်ကြတဲ့ အသုံးအဆောင်တစ်မျိုးဖြစ်ပါတယ်။ အရိပ်ရတဲ့အချိန် (ဒါမှမဟုတ်) မဝတ်ဆင်လိုတဲ့အချိန်မှာတော့ တစ်ချို့ကအင်္ကျီရင်ဘတ်၊ ဘောင်းဘီအိတ်ကပ် စတဲ့နေရာမျိုးတွေမှာ သိမ်းဆည်းထားတက်ကြပါတယ်။ အဲ့လိုသိမ်းဆည်းခြင်းက နေကာမျက်မှန်ရဲ့မှန်ဘီလူးတွေကိုတော်တဆထိခိုက်နိုင်ပြီး အလွယ်တကူပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့်မျက်မှန်ရဲ့မှန်တွေကို အိတ်ကပ်အတွင်းဘက်ထဲထည့်ပြီး သိမ်းဆည်းခြင်းက ပိုပြီးသင့်တော်ပါတယ်။ shwekhitonlinetv.com

၅။ ပုလင်းထဲရှိအရာများကို ဇောက်ထိုးထားပါ။

အချဉ်တည်ထားတဲ့ပုလင်း၊ ဆားရေစိမ်ထားတဲ့ ပုလင်းစတာတွေကိုပုံမှန်အတိုင်းမဟုတ်ဘဲ ဇောက်ထိုးထားခြင်းက ပိုမိုတာရှည်ခံနိုင်ပါတယ်။ အစားအစာနှင့်ပတ်သက်တဲ့ ကျွမ်းကျင်သူတစ်ဦးရဲ့ အဆိုအရ အဲ့ဒီလိုမျိုးပုလင်းကိုဇောက်ထိုးထားခြင်းက မှိုများကြီးထွားဖို့ခက်ခဲတယ်လို့ဆိုပါတယ်။ shwekhitonlinetv.com

၆။ အိမ်သာသုံးစက္ကူကို ပြားချပ်ချပ်အနေအထားဖြင့်ထားပါ။

Toilet တွေမှာရှိတဲ့အိမ်သာသုံးစက္ကူကို ပုံပါအတိုင်းအနည်းငယ်ပြားချပ်ချပ်ထားသင့်ပါတယ်။ ဒါဟာ ပုံမှန်အတိုင်းထားခြင်းထက်လည်ပတ်မှုကို ပိုမိုခက်ခဲစေတာကြောင့် မလိုအပ်ဘဲ စက္ကူတွေအလေအလွင့်ဖြစ်ခြင်းကနေ ကာကွယ်နိုင်သလို အမှိုက်လည်းအများကြီး မရှုပ်ပွစေနိုင်တော့ပါဘူး။ ပုံမှန်အတိုင်းထားခြင်းကြောင့် သူ့ဘာသာလည်ပြီးတစ်ခါတစ်ရံ Toilet ထဲမှာ စက္ကူတွေအလဟသဖြစ်တာမျိုးကြုံဖူးကြမှာပါ။ shwekhitonlinetv.com

၇။ ဖယောင်းတိုင်ကြာရှည်အထွန်းခံဖို့အတွက် မီးစာကိုတိုအောင်ညှပ်ထားပါ။

ဒီအချက်ကတော့မြန်မာနိုင်ငံက ပြည်တွင်းဖြစ်အရည်အသွေးနိမ့်ဖယောင်းတိုင် အမှတ်တံဆိပ်အချို့နဲ့တော့ အလုပ်မဖြစ်လောက်ပါဘူး။ ဒါပေမယ့်လည်း အရည်အသွေးမီဖယောင်းတိုင်အတော်များများနဲ့တော့ ဒီနည်းက အသုံးတည့်မယ်လို့ထင်ပါတယ်။ သင့်အနေနဲ့ဖယောင်းတိုင်ကို ပုံမှန်ထပ် အနည်းငယ်ကြာကြာလေး အထွန်းခံအောင် ဖယောင်းတိုင်ရဲ့မီးစားကို အနည်းငယ်တိုအောင်ပြုပြင်ပေးရမှာဖြစ်ပြီး လေလုံတဲ့နေရာမှာထားပေးရုံပါပဲ။ ဒါဆိုရင်တော့ သင့်ဖယောင်းတိုင်ကို ပိုမိုကြာမြင့်စွာအထွန်းခံနိုင်စေမှာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီအကြောင်းအရာလေးကိုဖတ်ရှုပြီး သင့်မှာလည်းအခြားနည်းလမ်းကောင်းတွေရှိမယ်ဆိုရင် ပြန်လည်ဝေမျှပေးသွားကြပါဦးနော် …… shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။