ငွေကြေးများစွာအကုန်ကျခံတည်ဆောက်ခဲ့ပေမယ့် စွန့်ပစ်ခံနေရာတွေ ဖြစ်သွားခဲ့ရတဲ့ လျှိ့ဝှက်မြေအောက်ပရောဂျက်ကြီးများ

အခုတစ်ခေါက်မှာတော့ ကမ္ဘာ့သမိုင်းတစ်လျှောက်အကြီးကျယ်ဆုံးနဲ့ ငွေကြေးများစွာအကုန်ကျခံတည်ဆောက်ခဲ့ပြီး စွန့်ပစ်ခံနေရာတွေဖြစ်သွားခဲ့ရတဲ့ လျှိ့ဝှက်မြေအောက်ပရောဂျက်ကြီးတွေအကြောင်းကိုဖော်ပြပေးချင်ပါတယ်။ စိတ်ဝင်စားရင်အဆုံးထိဖတ်ရှုပေးကြပါဦးနော် ….. shwekhitonlinetv.com

၁။ Project Riese နာဇီမြေအောက်မြို့တော် – အမေရိကန်ဒေါ်လာ (၈၈၇) သန်း

ဒုတိယကမ္ဘာစစ်ကြောင့် မဟာမိတ်နိုင်ငံတွေဟာအဖက်ဖက်မှာ အကြီးအကျယ်ဆုတ်ယုတ်နေချိန် နာဇီဂျာမနီတွေကတော့ ကြီးမားတဲ့ပရောဂျက်တွေဆွဲပြီးလျှို့ဝှက်အဆောက်အအုံတွေကို မြေအောက်ထဲမှာတည်ဆောက်နေခဲ့ပါတယ်။ အဲ့ဒီထဲမှာ Gargantuan ဆိုတဲ့မြေအောက်မြို့တော်ကတော့ အကုန်အကျအများဆုံးနဲ့ အကျော်ကြားဆုံးဖြစ်ခဲ့ပါတယ်။ Project Riese လို့အမည်ပေးထားတဲ့ ဒီစီမံကိန်းမှာတော့ ကြီးမားတဲ့အဆောက်အအုံ (၇) ခုပါဝင်ပြီးတစ်ခုနဲ့တစ်ခုကို ဥမင်လိုဏ်ခေါင်းတွေနဲ့ဆက်သွယ်တည်ဆောက်ထားတာဖြစ်ပါတယ်။ ဒီမြို့တော်တည်ဆောက်ရခြင်းက အာဏာရှင်ဟစ်တလာအတွက်ဖြစ်ပြီး စစ်အခြေစိုက်စခန်းအဖြစ်အသုံးပြုဖို့လို့ သိရပါတယ်။ shwekhitonlinetv.com

စစ်ပွဲအတွင်းမှာဖမ်းဆီးခဲ့တဲ့ အကျဉ်းသားထောင်ပေါင်းများစွာ (ကလေးများပါ ပါဝင်) ဟာ ဒီထူးဆန်းတဲ့မြေအောက်မြို့တော်တည်ဆောက်မှုမှာ အလုပ်လုပ်ခဲ့ရကြရပြီး အများအပြားကတော့ အသက်ပါပေးဆပ်ခဲ့ကြရပါတယ်။ ၁၉၄၅ နှစ်ဦးပိုင်းထိ ဒီပရောဂျက်ကိုဆက်လက်လုပ်ဆောင်ခဲ့ကြပြီး ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးမှုနဲ့အတူ ပရောဂျက်ဟာလည်းရပ်တန့်သွားခဲ့ရပါတယ်။ နာဇီဂျာမနီတို့ အမေရိကန်ဒေါ်လာ (၈၈၇) သန်းအကုန်အကျခံတည်ဆောက်ခဲ့တဲ့ ဒီမြို့တော်ကြီးဟာ ယနေ့အချိန်မှာတော့ ပိုလန်နိုင်ငံရဲ့ ပိုင်နက်ထဲက ဇီးကွက်တောင် (Owl Mountain) ရဲ့အတွင်းပိုင်းမှာတည်ရှိတယ်လို့သိရပါတယ်။ shwekhitonlinetv.com

၂။ Balaklava Underground ရေငုပ်သင်္ဘောစခန်း – အမေရိကန်ဒေါ်လာ (၁.၃) ဘီလီယံ

စစ်အေးကာလတွေမှာတော့ဆိုဗီယက်တွေဟာ သူတို့ရဲ့စစ်အင်အားကိုတိုးမြှင့်ဖို့အစဉ်မပြတ်ကြိုးပမ်းနေခဲ့ပါတယ်။ Balaklava Underground Submarine Bas 825 GTS ဟာလည်း အဲ့ဒီကြိုးပမ်းမှုတွေထဲကတစ်ခုဖြစ်ပါတယ်။ ဒီနေရာဟာ ခရိုင်းမီးယားဒေသက ဆီဗက်စတိုပေါ်အရပ်မှာတည်ရှိပြီး ပေ (၄၀၀) မြင့်တဲ့ကျောက်တောင်ကြီးရဲ့အောက်မှာတည်ရှိတာဖြစ်ပါတယ်။ ဒီစခန်းကို ၁၉၅၇ ခုနှစ်ကနေ ၁၉၆၁ ခုနှစ်အထိအချိန်ယူတည်ဆောက်ခဲ့ရပြီး ကုန်ကျစရိတ်ကတော့ ဒီဘက်ခေတ်ငွေကြေးနဲ့ဆိုရင် အမေရိကန်ဒေါ်လာ (၁.၃) ဘီလီယံလောက်ရှိပါတယ်။ shwekhitonlinetv.com

ဒီအခြေစိုက်စခန်းဟာ (၁၀၀) ကီလိုတန်ရှိတဲ့ နျူကလီးယားဗုံး တိုက်ရိုက်ထိမှန်ခဲ့ရင်တောင်မှ ခံနိုင်ရည်ရှိအောင်တည်ဆောက်ထားတာဖြစ်ပြီး ပင်လယ်နက်ထဲမှာရှိနေတဲ့ ဆိုဗီယက်စစ်ရေယာဉ်စုကို အထောက်အပံ့ပေးနိုင်ဖို့အတွက် ရည်ရွယ်ထားတာဖြစ်ပါတယ်။ ဆိုဗီယက်ယူနီယံပြိုကွဲသွားပြီးနောက် ၁၉၉၃ ခုနှစ်မှာတော့ ဒီနေရာကိုစွန့်ပစ်ခဲ့ကြပြီး နောက်ပိုင်းမှာတော့ပြန်လည်ပြင်ဆင်မွမ်းခံမှုတွေပြုလုပ်ကာ ၂၀၀၃ ခုနှစ်ကစပြီး ရေတပ်ပြတိုက်အဖြစ်ထားရှိခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ Stanley R.Mickelsen Safguard Complex – အမေရိကန်ဒေါ်လာ (၆) ဘီလီယံ

Stanley R.Mickelsen Safguard Complex ကတော့ ပြည်သူတွေရဲ့အခွန်ငွေကို အံ့သြစရာကောင်းလောက်အောင် ဖြုန်းတီးမှုတစ်ခုအဖြစ်ကျော်ကြားခဲ့ပါတယ်။ ၁၉၇၅ ခုနှစ် ဧပြီလမှာပြီးစီးခဲ့တဲ့ ဒီပရောဂျက်အတွက် ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ (၆) ဘီလီယံအထိရှိပါတယ်။ အဆောက်အဦးရဲ့ဒီဇိုင်းကတော့ ပိရမစ်ပုံစံနဲ့အနည်းငယ်ဆင်တူပြီး ဆွဲဆောင်မှုတော့ရှိပါတယ်။ အစွန်းနှစ်ဖက်မှာလည်း တာဝေးပစ်ဒုံးကျည်နဲ့ ပဲ့ထိန်းဒုံးကျည်တွေကို အမြောက်အမြားတစ်ပြိုင်နက် ထိန်းချုပ်ပစ်လွှတ်နိုင်တဲ့နေရာတွေပါရှိပါတယ်။ shwekhitonlinetv.com

ငွေကြေးမြောက်မြားစွာကုန်ကျခံတည်ဆောက်ခဲ့တဲ့ ဒီပရောဂျက်ကြီးပြီးစီးလို့ (၂၄) နာရီသာလုပ်ငန်းတွေအပြည့်အဝ လည်ပတ်ရသေးတဲ့အချိန်မှာပဲ မယုံကြည်နိုင်လောက်စရာကောင်းလောက်တဲ့ကိစ္စတစ်ခုကပေါ်ပေါက်လာခဲ့ပါတယ်။ အဲ့ဒီကိစ္စကတော့ ဒီပရောဂျက်ဟာ အရင်းအနှီးများပြီး ထိရောက်မှုသိပ်မရှိဘူးဆိုတဲ့ အဆိုတင်သွင်းမှုနဲ့ ပြန်လည်ဖျက်သိမ်းဖို့အတွက် ကွန်ဂရက်အစည်းအဝေးမှာမဲခွဲဆုံးဖြတ်ခဲ့ရတာပဲဖြစ်ပါတယ်။ အဲ့ဒီလိုမဲခွဲရာမှာ ဒီပရောဂျက်အတွက်ကုန်ကျမယ့်ငွေတွေကို အခြားကဏ္ဍတွေအတွက်အသုံးပြုဖို့အဆိုတင်သွင်းတဲ့ဘက်က အနိုင်ရရှိခဲ့တာကြောင့် လုပ်ငန်းတွေလည်ပတ်ပြီး တစ်ရက်အကြာမှာပဲ အမေရိကန်ဒေါ်လာ (၆) ဘီလီယံတန် ပရောဂျက်ကြီးဟာအလုံးစုံဖျက်သိမ်းခဲ့ရပါတယ်။ ၂၀၁၂ ခုနှစ်မှာတော့ ဒီနေရာကို ဘာသာရေးအဖွဲ့အစည်းတစ်ခုထံကိုရောင်းချလိုက်တယ်လို့ သိရပါတယ်။ shwekhitonlinetv.com

၄။ Yucca နျူကလီးယားစွန့်ပစ်ပစ္စည်းသိုလှောင်ရေးဌာန – အမေရိကန်ဒေါ်လာ (၁၇.၁) ဘီလီယံ

အမေရိကန်အစိုးရဟာ ၁၉၈၇ ခုနှစ်မှာတော့ နျူကလီးယားစွန့်ပစ်ပစ္စည်းတွေကိုထားရှိဖို့အတွက် နီဗားဒါးပြည်နယ်က ယူကတောင် (Yucca Mountain) ကိုရွေချယ်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ဒီ Underground Project ကိုစတင်ဖို့အတွက် ၂၀၀၂ ခုနှစ်ရောက်မှ ကွန်ဂရက်အစည်းအဝေးမှာ အတည်ပြုနိုင်ခဲ့ပါတယ်။ ဒီကြီးမားတဲ့ပရောဂျက်ကြီးကိုစတင်ချိန်မှာတော့ အခက်အခဲတွေနဲ့ရင်ဆိုင်ခဲ့ရပြီး ပထဝီဝင်ဆိုင်ရာအနေအထားအရ သင့်တော်မှုမရှိတဲ့ပြဿနာတွေလည်းရှိခဲ့ပါတယ်။ shwekhitonlinetv.com

ဒီပရောဂျက်ကြီးအလုံးစုံပြီးစီးသွားတဲ့အခါမှာတော့ နျူကလီးယားဓာတ်အားပေးစက်ရုံတွေနဲ့ အခြားကဏ္ဍအသီးသီးကနေထွက်ရှိလာတဲ့ နျူကလီးယားစွန့်ပစ်ပစ္စည်းတွေကို ဒီနေရာမှာ ဆယ်စုနှစ်တစ်ခုလောက် ဘေးကင်းလုံခြုံစွာစနစ်တကျစွန့်ပစ်သိုလှောင်ထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် သမ္မတအိုဘားမားလက်ထက်မှာတော့ ဒီနေရာအတွက်ကုန်ကျစရိတ်တွေကို ပြည်ထောင်စုရန်ပုံငွေအတွက် ဆွဲယူသုံးစွဲခဲ့တာကြောင့် ဆက်လက်လည်ပတ်နိုင်ခြင်းမရှိတော့ဘဲလုပ်ငန်းတွေရပ်ဆိုင်းသွားခဲ့တယ်လို့သိရပါတယ်။ shwekhitonlinetv.com

၅။ Zeljava လေတပ်စခန်း – အမေရိကန်ဒေါ်လာ (၄၈.၇) ဘီလီယံ

Zeljava Air Base ကတော့ ယူဂိုဆလားဗီးယားနိုင်ငံစစ်တပ်က ၁၉၄၀ ကနေ ၁၉၆၀ အထိ နှစ် (၂၀) လောက်အချိန်ယူတည်ဆောက်ခဲ့တဲ့ လေတပ်အခြေစိုက်စခန်းဖြစ်ပါတယ်။ ထူးခြားတာတစ်ခုက ဒီလေတပ်အခြေစိုက်စခန်းကို ဘော့စနီးယားနဲ့ခရိုအေရှားနယ်စပ်မှာရှိတဲ့ တောင်တစ်လုံးရဲ့အောက်မှာ လျှို့ဝှက်ပြီးတည်ဆောက်ထားတာပဲဖြစ်ပါတယ်။ ဒီနေရာဟာ ဥရောပရဲ့အကြီးမားဆုံးစစ်စခန်းတွေထဲကတစ်ခုဖြစ်ခဲ့ပြီးတော့ (၂၀) ကီလိုတန်ရှိတဲ့ နျူကလီးယားထိပ်ဖူးတပ် ဒုံးကျည်တွေကိုခံနိုင်ရည်ရှိသလို ဒုံးကျည်အချက်ပြစနစ်တွေနဲ့ အခြားစစ်ဘက်ဆိုင်ရာ အဆင့်မြင့် System တွေကိုထည့်သွင်းတည်ဆောက်ထားတဲ့နေရာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီမြေအောက်လေတပ်အခြေစိုက်စခန်းကို တည်ဆောက်ခဲ့တဲ့အချိန်တုန်းကတော့ ခန့်မှန်းကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ (၆) ဘီလီယံအထိရှိပါတယ်။ ဒါဟာဒီနေ့ခေတ်ငွေကြေးတန်ဖိုးနဲ့ဆိုရင်တော့ အမေရိကန်ဒေါ်လာ (၄၈.၇) ဘီလီယံ နဲ့ညီမျှပါတယ်။ ဒီနေရာကို ၁၉၉၀ ခုနှစ်အစောပိုင်းကာလတွေမတိုင်ခင်အထိအသုံးပြုခဲ့ကြပေမယ့် ၁၉၉၁ ခုနှစ်မှာတော့ ယူဂိုဆလပ်စစ်ပွဲကြောင့် ဒီနေရာဟာပျက်စီးသွားခဲ့ရပြီး ဒီနေ့အချိန်အထိ စွန့်ပစ်ခံနေရာတစ်ခုအဖြစ်ကျန်ရှိနေပါတော့တယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။