အလာစကာ ပြည်နယ်က ပုံမှန်မဟုတ်ဘဲ အရွယ်အစားအဆမတန်ကြီးမားတဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေ

အလာစကာပြည်နယ်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ အပိုင်ဖြစ်ပြီးတော့ ဝေးလံခေါင်သီတဲ့နေရာမှာတည်ရှိတဲ့ ပြည်နယ်တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ရင်သပ်ရှုမောဖွယ်ရာ သဘာဝအလှတရားတွေ ရှုမျှော်ခင်းတွေနဲ့ တောရိုင်းတိရိစ္ဆာန်မျိုးစိတ်တွေကြွယ်ဝစွာရှိတာကြောင့် အလာစကာလူသိများတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။ shwekhitonlinetv.com

နောက်ထပ်အလာစကာကိုလူသိများထင်ရှားစေတဲ့အချက်တစ်ချက်ရှိပါသေးတယ်။ အဲ့ဒါကတော့ ပုံမှန်မဟုတ်ဘဲ အရွယ်အစားအဆမတန်ကြီးမားတဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကြောင့်ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

ဟုတ်ပါတယ်။ အလာစကာပြည်နယ်မှစိုက်ပျိုးတဲ့ ဟင်းသီးဟင်းရွက်တွေဟာ တစ်ခြားကမ္ဘာ့နေရာဒေသတွေမှာ တွေ့ရတက်တဲ့ ဟင်းသီးဟင်းရွက်တွေထက် များစွာအရွယ်အစားကြီးမားနေလေ့ရှိပါတယ်။ shwekhitonlinetv.com

လူတစ်ယောက်အရွယ်ပမာဏရှိတဲ့ ဖရုံသီးတွေ၊ မုန်လာဥတွေ၊ အလေးချိန်ကီလိုဂရမ်ထောင်ချီလေးတဲ့ အာလူးတွေ၊ ကြက်သွန်တွေ အစရှိသဖြင့် အလာစကာပြည်နယ်ကထွက်ရှိတဲ့ ဟင်းသီးဟင်းရွက် နဲ့ သစ်သီးဝလံတွေဟာ စိတ်ကူးယဉ်ဇာတ်လမ်းတွေထဲက မှော်တိုင်းပြည်ကိုရောက်ရှိနေတယ်လို့ ထင်မှတ်ရလောက်အောင်ကြီးမားလှပါတယ်။ shwekhitonlinetv.com

အလာစကာပြည်နယ်က ဟင်းသီးဟင်းရွက်တွေကဘာကြောင့်များအခုလိုကြီးမားနေရတာပါလဲ ? ဓာတ်မြေသြဇာတွေအဆမတန်ကျွေးထားလို့လား ? No ပါ။ အလာစကာ ပြည်နယ်ကထွက်ရှိတဲ့ဟင်းသီးဟင်းရွက်တွေ အဆမတန်ကြီးထွားမှုနဲ့ပတ်သတ်ပြီး ကျွမ်းကျင်သူတွေရဲ့ လေ့လာတွေ့ရှိချက် (၂) ခုရှိပါတယ်။ shwekhitonlinetv.com

ပထမတစ်ချက်ကတော့ တစ်နေ့တာအချိန်မှာ နာရီပေါင်းများစွာနေရောင်ခြည်ကို ရရှိမှုဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ အဟာရဓာတ်ကြွယ်ဝတဲ့ မြေဆီလွှာကိုဖြစ်ပေါ်စေတဲ့ မီးတောင်ရှင်တွေဖြစ်ပါတယ်။ ဒါဟာ အဖြစ်နိုင်ဆုံးနဲ့အနီးစပ်ဆုံးကောက်ချက်ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

ဘာပဲဖြစ်ဖြစ် အလာစကာပြည်နယ်ရဲ့ ဒီလိုထူးခြားဖြစ်စဉ်တွေကြောင့် နှစ်စဉ်ကမ္ဘာတစ်လွှားက ခရီးသွားတွေကိုဆွဲဆောင်ထားနိုင်ပြီး စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူတွေဟာလည်း ဒီမှာလာရောက်ပြီး စိုက်ပျိုးရေးလုပ်ငန်းတွေကို ဒေသခံတွေနဲ့အကျိုးတူလုပ်ဆောင်နေကြပြီဖြစ်လို့ အလာစကာဟာ ဝေးလံခေါင်သီပေမယ့် လူစည်ကားရာအရပ်ဒေသတစ်ခုဖြစ်နေပြီဆိုတာဖော်ပြလိုက်ရပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။