ဟောလိဝုဒ်ရုပ်ရှင်လောကမှာ အလှဘုရင်မတွေလို့ အသိအမှတ်ပြုထားတဲ့သူ (၇) ဦး

ဟောလိဝုဒ်ရုပ်ရှင်လောကမှာ လှပချောမောတဲ့ သရုပ်ဆောင်မင်းသမီးတွေကို စာရင်းကောက်ယူမယ်ဆိုရင်တော့အတော်လေးကိုများပြားပါလိမ့်မယ်။ အဲ့ဒီထဲကမှ တစ်ကမ္ဘာလုံးကပရိသတ်တွေရော အနုပညာလောကသားအချင်းချင်းပါ အလှဘုရင်မတွေလို့ အသိအမှတ်ပြုထားတဲ့သူ (၇) ဦးကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။ shwekhitonlinetv.com

၁။ ရှားလိဇ်သီရွန်

ချားလိဇ်သီရွန်ကတော့ တောင်အာဖရိကသူဖြစ်ပြီး အော်စကာဆု၊ ရွှေကမ္ဘာလုံးဆုတွေအပြင် ဆုပေါင်းရာနဲ့ချီရရှိထားသူပါ။ လက်ရှိဟောလီးဝုဒ်ရဲ့ကြေးအကြီးဆုံးမင်းသမီးတစ်ဦးဖြစ်သလို ကမ္ဘာပေါ်မှာသြဇာလွှမ်းမိုးမှုအရှိဆုံးသူအယောက် (၁၀၀) ထဲမှာလည်းပါဝင်တဲ့သူဖြစ်ပါတယ်။ လက်ရှိမှာ အသက် (၄၇) အရွယ်ရှိပြီဖြစ်ပေမယ့် ပျိုမြစ်လန်းဆန်းနေဆဲဖြစ်လို့ ဟောလိဝုဒ်ရဲ့အလှဆုံးမင်းသမီးတစ်ဦးအဖြစ်သတ်မှတ်ခြင်းခံရတာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ နာတာလီပေါ့သ်မန်း

အစ္စရေး-အမေရိကန်နွယ်ဖွားမင်းသမီးဖြစ်တဲ့ နာတာလီပေါ့သ်မန်းဟာ အသက် (၄၁) နှစ်ရှိပြီဖြစ်ပါတယ်။ သူမဟာ ၁၉၉၄ ခုနှစ်မှာ Leon: The Professional ဇာတ်ကားနဲ့လူသိများလာခဲ့တဲ့သူဖြစ်ပြီး အော်စကာဆုနဲ့ ရွှေကမ္ဘာလုံးဆု (၂) ဆုရထားပါတယ်။ ကျရာဇာတ်ရုပ်ကို ပီပြင်စွာသရုပ်ဆောင်နိုင်တဲ့အပြင် ကျော့ရှင်းလှပတဲ့ရုပ်ရည်သွင်ပြင်ကြောင့် သူမဟာ ဟောလီးဝုဒ်ရဲ့ အလှဆုံးမင်းသမီးတစ်ဦးအဖြစ်သတ်မှတ်ခံထားရပါတယ်။ shwekhitonlinetv.com

၃။ အိန်ဂျလီနာဂျိုလီ

အက်ရှင်၊ ဒရာမာ၊ ဟာသ စွယ်စုံရတဲ့ အမေရိကန်မင်းသမီး အိန်ဂျလီနာဂျိုလီကတော့ ပရိသတ်တွေနဲ့အထူးမိတ်ဆက်စရာမလိုတဲ့သူဖြစ်ပါတယ်။ သူမရဲ့အပြုံးဟာ ပုရိသတွေအတွက်လိင်ဆွဲဆောင်မှုအားပြင်းလွန်းတယ်ဆိုပြီးကျော်ကြားခဲ့တာကြောင့် ဂျိုလီကတော့ ဒီစာရင်းမှာမပါမဖြစ်ထည့်သွင်းရမယ့်သူတစ်ယောက်ပါ။ shwekhitonlinetv.com

၄။ စကားလက်ဂျိုဟန်ဆင်

အသက် (၃၈) နှစ်ရှိပြီဖြစ်တဲ့ အမေရိကနမင်းသမီး စကားလက်ဂျိုဟန်ဆင်ကတော့ လက်ရှိဟောလိဝုဒ်ရုပ်ရှင်လောကမှာပေါ်ပြူလာအဖြစ်ဆုံးဖြစ်ပါတယ်။ အိမ်ထောင် (၃) ဆက်ရှိခဲ့ပြီဖြစ်ပေမယ့် စကားလက်မှစကားလက်ဖြစ်နေတဲ့ သူတွေကရေတွက်လို့မကုန်အောင်ပါပဲ။ တောင့်တင်းတဲ့ကိုယ်ခန္ဓာနဲ့ ညှို့အားပြင်းလွန်းသူဖြစ်လို့ ဒီစာရင်းမှာသူကိုလည်း ထည့်သွင်းရမှာဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ ဂျနီဖာလောရင့်

ချစ်စရာကောင်းလွန်းတဲ့ ရုပ်ဆင်းသွင်ပြင်နဲ့ လိုက်ဖက်တဲ့ကိုယ်ခန္ဓာအချိုးအစားကိုပိုင်ဆိုင်ထားတဲ့ အမေရိကန်မင်းသမီး ဂျနီဖာလောရင့်ဟာ လက်ရှိမှာတော့ အသက် (၃၂) နှစ်အရွယ်ရှိပြီဖြစ်ပါတယ်။ သူမရဲ့ အအောင်မြင်ဆုံးအချိန်တွေက ၂၀၁၅ နဲ့ ၂၀၁၆ ခုနှစ်လို့ဆိုနိုင်ပြီး အဲ့ (၂) နှစ်မှာဟောလိဝုဒ်ရဲ့ ဝင်ငွေအကောင်းဆုံးမင်းသမီးအဖြစ်ရပ်တည်နိုင်ခဲ့ပါတယ်။ သူမကို အမျိုးသားပရိသတ်တွေသာမကဘဲ အမျိုးသမီးပရိသတ်တွေကပါချစ်ကြတာဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ ရေချယ်မက်အဒမ်

ကနေဒါမင်းသမီး ရေချယ်မက်အဒမ်ကတော့ နှစ်လိုဖွယ်ကောင်းလွန်းတဲ့အပြုံးကြောင့် လူချစ်လူခင်ပေါများတဲ့သူတစ်ယောက်ပါ။ အသက် (၄၄) နှစ်အရွယ်ရှိပြီဖြစ်တဲ့သူမဟာ ဟာသ၊ ဒရာမာ ပိုင်းမှာပိုင်နိုင်လွန်းတဲ့သူဖြစ်ပြီး လက်ရှိခင်ပွန်းနဲ့ကွာရှင်းဖို့ ခြိမ်းခြောက်စာတွေအပို့ခံရတဲ့အထိကို သူမကိုအသည်းအသန်လိုချင်ကြတဲ့သူတွေ ဝိုင်းနေတဲ့သူဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ မော်နီကာဘယ်လူချီ

အီတလီမင်းသမီးမော်နီကာဘယ်လူချီကတော့ Doir ရဲ့ ထုတ်ကုန်တွေကိုကြော်ငြာပေးတဲ့ မော်ဒယ်လ်အဖြစ်နဲ့စတင်လူသိများလာခဲ့ပြီးမှ ဟောလိဝုဒ်ရုပ်ရှင်လောကကို ခြေချခဲ့တဲ့သူပါ။ သူနဲ့ခေတ်ပြိုင်မင်းသမီးတွေရုပ်ဆင်းသွင်ပြင် ကိုယ်ခန္ဓာအချိုးအဆစ်ပိုင်းမှာ အပြတ်အသတ်သာလွန်တာကြောင့် ဟောလိဝုဒ်ရဲ့ပြိုင်ဘက်ကင်းအလှဘုရင်မလို့တောင် တင်စားခဲ့ရတဲ့သူပါ။ လက်ရှိမှာ အသက် (၅၈) နှစ်ရှိပြီဖြစ်တာကြောင့် ငယ်ရွယ်ပျိုမြစ်ခြင်းတွေတစ်စတစ်စကုန်ဆုံးလာပေမယ့် ဆယ်စုနှစ် (၃) ခုလောက်အထိပြီးပြည့်စုံတဲ့အလှတရားတွေကိုထိန်းသိမ်းနိုင်လို့ သူ့ကိုလည်း ဟောလိဝုဒ်ရဲ့ အလှပအချောမောဆုံး မင်းသမီးစာရင်းမှာထည့်သွင်းထားတာဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။