ကမ္ဘာ့အကြီးမားဆုံး ဒိုင်နိုဆော ရုပ်ကြွင်းကို ရှာဖွေတွေ့ရှိခြင်း

ပေါ်တူဂီနိုင်ငံရှိ သတ္တဗေဒပညာရှင်တွေဟာ ဥရောပတွင် ရှာဖွေတွေ့ရှိဖူးသမျှ ဒိုင်နိုဆောရုပ်ကြွင်းတွေထဲမှာ အကြီးမားဆုံး ဒိုင်နိုဆောဖြစ်နိုင်တဲ့ ရုပ်ကြွင်းအရိုးစုကို ပြီးခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်က တူးဖော်တွေ့ရှိခဲ့ပါတယ်။ shwekhitonlinetv.com

တူးဖော်တွေ့ရှိခဲ့တဲ့ ရုပ်ကြွင်းတွေကို ခွဲခြမ်းစိတ်ဖြာပြီးလေ့လာဆန်းစစ်မှုအရ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၁၅၀ ဝန်းကျင်က ကမ္ဘာမြေကို လှည့်ပတ်သွားလာခဲ့သော အရပ် ၁၂ မီတာ (၃၉ ပေ) နှင့် အရှည် ၂၅ မီတာ ရှိ ဒိုင်နိုဆောမျိုးစိတ်တွေဖြစ်နိုင်ကြောင်း ခန့်မှန်းယူဆထားကြပါတယ်။ shwekhitonlinetv.com

“ဒါဟာ ဥရောပမှာ ရှာဖွေတွေ့ရှိခဲ့တဲ့ အကြီးမားဆုံးနမူနာတွေထဲက တစ်ခုပါ၊ ပြောရင်တစ်ကမ္ဘာပေါ်လုံးမှာရှာဖွေတွေ့ရှိရသမျှရုပ်ကြွင်းတွေထဲမှာပါ အကြီးဆုံးဖြစ်နိုင်ပါတယ်” ဟု Lisbon တက္ကသိုလ် သိပ္ပံဌာနမှ ရုပ်ကြွင်းပညာရှင် Elisabete Malafaia က AFP သို့ ပြောကြားခဲ့ပါတယ်။ shwekhitonlinetv.com

ပေါ်တူဂီနိုင်ငံအလယ်ပိုင်း Pombal အနီးရှိ အိမ်တစ်အိမ်ရဲ့ ဥယျာဉ်ထဲမှာတော့ ပေါ်တူဂီနှင့် စပိန်သိပ္ပံပညာရှင်များတွေဟာ ဩဂုတ်လအစကတည်းက ကျောက်ဖြစ်ရုပ်ကြွင်းအရိုးစုတွေကို စတင်ပြီး ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီအထဲမှာ သုံးမီတာလောက်အထိရှည်တဲ့ နံရိုးအကြွင်းအကျန်တွေပါ ပါဝင်နေတယ်လို့ Malafaia က ဆိုပါတယ်။ အိမ်ပိုင်ရှင်က သူရဲ့အိမ်ကိုတိုးချဲ့မှုပြုလုပ်ပြီး လမ်းဖောက်ဖို့အတွက်ဥယျာဉ်ကို တူးဖော်ရာကနေ အဆိုပါနေရာမှာ ကျောက်ဖြစ်ရုပ်ကြွင်းအပိုင်းအစတွေကို ပထမဆုံးသတိပြုမိခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

ဒိုင်နိုဆောအရိုးစုအား ခွဲခြမ်းစိတ်ဖြာမှုများအရ ဆော်ရိုပေါ့စ် (Sauropods) မျိုးနွယ်ဝင်တွေဖြစ်နိုင်ကြောင်း ကနဦးခန့်မှန်းထားကြပါတယ်။ ဆော်ရိုပေါ့စ်တွေဟာ ထူးခြားတဲ့လည်ပင်းနှင့် အမြီးရှည်များ ရှိပြီး အသက်ရှင်ဖူးသမျှ တိရစ္ဆာန်များထဲမှာတော့အကြီးဆုံးမျိုးစိတ်တွေဖြစ်ပါတယ်။ shwekhitonlinetv.com

လက်ရှိအချိန်မှာတော့ အဆိုပါသတ္တဗေဒပညာရှင်အဖွဲ့ဟာ ၎င်းနေရာနှင့်အနီးတစ်ဝိုက်မှာဆက်လက်တူးဖော်ရှာဖွေမှုများပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။