ကမ္ဘာ့ဈေးအကြီးဆုံးနဲ့ အရသာအရှိဆုံး ဂဏန်း (၇) မျိုး

ရွှေခေတ်ပရိသတ်တွေထဲမှာ ဂဏန်းကြိုက်နှစ်သက်တဲ့သူတွေရှိမယ်ထင်ပါတယ်။ အဲ့ဒါကြောင့်အခုတစ်ခေါက်မှာတော့ ကမ္ဘာ့ဈေးအကြီးဆုံးနဲ့ အရသာအရှိဆုံးဂဏန်း (၇) မျိုးအကြောင်းကိုဖော်ပြပေးလိုက်ရပါတယ်။ ဘယ်ဂဏန်းတွေက တစ်ကောင်ကိုဘယ်လောက်တောင် ဈေးကြီးသလဲဆိုတာကြည့်ရှုလိုက်ပါဦးနော် ….. shwekhitonlinetv.com

၁။ Snow Crab – $ 46,000

Snow Crab (Queen Crab) တွေကိုတော့ ကနေဒါအရှေ့ပိုင်း၊ ဂရင်းလန်း၊ အလာစကာနဲ့ ဂျပန်နိုင်ငံတွေရဲ့ အေးစက်တဲ့ရေနက်ပိုင်း ဒါမှမဟုတ် ရွှံ့နွံထူထပ်တဲ့နေရာတွေမှာတွေ့ရတက်ပါတယ်။ အထူးသဖြင့်ဈေးကြီးတာက ဂျပန်နိုင်ငံက Snow Crab တွေပဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဂျပန်နိုင်ငံမှာ ဒီဂဏန်းတွေကို သူ့ရာသီနဲ့သူသာဖမ်းခွင့်ပေးထားပြီး ဖမ်းလို့ရရှိလာတဲ့ ပထမဆုံးဂဏန်းကိုဝယ်ယူရရှိတဲ့သူဟာ ဘယ်လောက်အဆင့်အတန်းရှိတယ်ဆိုတာကို သတ်မှတ်လေ့ရှိတာ ရိုးရာတစ်ခုကြောင့်ပဲဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်က ကြီးမားတဲ့ Snow Crab တစ်ကောင်ကို လူတစ်ဦးက အမေရိကန်ဒေါ်လာ (၁၂,၀၀၀) အထိပေးဝယ်ကာစံချိန်တင်ခဲ့ဖူးပေမယ့် ၂၀၁၉ ခုနှစ်မှာတော့ Snow Crab တစ်ကောင်ကို အမေရိကန်ဒေါ်လာ (၄၆,၀၀၀) အထိပေးဝယ်ခဲ့တဲ့သူရှိခဲ့ပါတယ်။ shwekhitonlinetv.com

၂။ The Giant Spider Crab – $ 12,000

ဒီဂဏန်းတွေကတော့ နာမည်နဲ့လိုက်ဖက်အောင် အရွယ်အစားအလွန်ကြီးမားကြပြီး ဂျပန်နိုင်ငံတစ်ဝိုက်က သမုဒ္ဒရာကြမ်းပြင်တွေမှာနေထိုင်ကျက်စားကြပါတယ်။ လေ့လာတွေ့ရှိချက်တွေအရဒီဂဏန်းတွေဟာ (၁၂) ပေလောက်ရှည်လျားပြီး ပေါင် (၄၀) လောက်လေးလံကာ နှစ်ပေါင်း (၁၀၀) လောက်အထိတောင်အသက်ရှင်နိုင်တဲ့ ဧရာမရေသတ္တဝါတွေလို့ သိရပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ တံငါသည်တွေဖမ်းဆီးရမိတဲ့ Giant Spider Crab ကို လူူတစ်ယောက်က အမေရိကန်ဒေါ်လာ (၁၂,၀၀၀) ပေးဝယ်သွားခဲ့ပါတယ်။ shwekhitonlinetv.com

၃။ Crystal Crab – $ 300

သြစတြေးလျ ကမ်းရိုးတမ်းမှာအတွေ့ရများတဲ့ Crystal Crab တွေကတော့ အခွံပါးလွှားတဲ့ဂဏန်းအမျိုးအစားဖြစ်ပါတယ်။ ရှားပါးတဲ့ ဒီဂဏန်းတွေဟာ အသားများစွာထွက်ရှိတာကြောင့် စားသောက်ဆိုင်တွေရဲ့အကြိုက်ဖြစ်လာခဲ့ပြီး တစ်ကောင်ချင်းဈေးနှုန်းက အမေရိကန်ဒေါ်လာ (၃၀၀) နဲ့အထက်မှာရှိပါတယ်။ shwekhitonlinetv.com

၄။ The Alaskan Red King Crab – $ 180

ပင်လယ်ရေအောက်အနက် ပေ (၆၀၀) လောက်မှာနေထိုင်ကြတဲ့ Alaskan Red King Crab တွေကတော့ ခြေလက် (၁၀) ချောင်းရှိတဲ့ ဂဏန်းမျိုးစိတ်တွေပဲဖြစ်ပါတယ်။ ဒီဂဏန်းတွေကိုတော့ ဂျပန်၊ ဗြိတိန်၊ ကိုလံဘီယာ၊ ဘာရင်ပင်လယ် နဲ့ အလာစကာ ဒေသတွေရဲ့ ကမ်းရိုးတန်းရေပြင်တစ်လျှောက်မှာမြင်တွေ့နိုင်ပါတယ်။ ဈေးအကြီးဆုံးမျိုးစိတ်ကတော့ အလာစကာမှဖြစ်ပြီး (၂) ပေါင်လောက်လေးတဲ့ ဂဏန်းတစ်ကောင်ကို အမေရိကန်ဒေါ်လာ (၁၈၀) လောက်ဈေးရပါတယ်။ shwekhitonlinetv.com

၅။ Stone Crabs – $ 70

အမေရိကန်နိုင်ငံ ဖလော်ရီဒါနဲ့ မြောက်ကာရိုလိုင်းနား ကမ်းရိုးတန်းတစ်လျှောက်မှာတွေ့ရတက်တဲ့ Stone Crab တွေကတော့ အသားများစွာပါရှိပြီးအရသာရှိတဲ့သူတို့ရဲ့ ဧရာမလက်ကြီးတွေကြောင့်စားသုံးသူတွေကြားရေပန်းစားလှပါတယ်။ နောက်ပြီးဒီဂဏန်းတွေရဲ့လက်မတွေက ဖြတ်ခံရပြီးရင် ပြန်လည်ဖွံ့ဖြိုးတက်တာကြောင့် မွေးမြူသူတွေဟာ သူတို့ရဲ့လက်မကိုဖြတ်ယူပြီး ရေထဲကိုပြန်လွှတ်ပေးလေ့ရှိပါတယ်။ စားသောက်ဆိုင်တွေမှာရောင်းချတဲ့ Stone Crab တစ်ကောင်ရဲ့ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ (၇၀) ဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ The Dungeness Crab – $ 40

နူးညံ့ပြီး အရည်ရွှမ်းကာ အရသာလည်းရှိတာကြောင့် ဆန်ဖရစစ္စကိုပင်လယ်အော် ဧရိယာတစ်ဝိုက်မှာတော့ Dungeness Crab တွေကအတော်လေးကိုနာမည်ကျော်ကြားပြီး လူကြိုက်များတဲ့အစားအစာတစ်ခုဖြစ်ပါတယ်။ ဒီဂဏန်းတွေကတော့ အလာစကာ၊ မက်ဒလီနာပင်လယ်အော်၊ မက္ကဆီကိုနဲ့ ကယ်လီဖိုးနီးယားကမ်းရိုးတန်းရေပြင်တွေမှာနေထိုင်ကျက်စားကြပါတယ်။ အလေးချိန် (၁) ပေါင်လောက်ရှိတဲ့ Dungeness Crab တစ်ကောင်ရဲ့ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ (၄၀) ဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ Coconut Crabs – $ 35

အုန်းသီးဂဏန်း (Coconut Crab) တွေကတော့အတော်လေးကိုရှာရခက်တဲ့ဂဏန်းတွေလို့သိရပါတယ်။ အများအားဖြင့်တော့သူတို့တွေဟာ အုန်းပင်ရဲ့ခြေရင်းမှာတွင်းတွေတူးပြီး နေထိုင်တက်ကြကာ အပူဒဏ်ရှောင်ရှားဖို့အတွက် အများအားဖြင့်ညအချိန်တွေမှာသာ အစာရှာထွက်တက်တဲ့ဂဏန်းတွေပါ။ Coconut Crab တစ်ကောင်ရဲ့ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ (၃၅) ဒေါ်လာဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။