ငယ်စဥ်ကလမ်းဘေးမှာ ဆင်းဆင်းရဲရဲဖြတ်သန်းခဲ့ရပေမယ့် အခုချိန်မှာတော့ သူမတူအောင်ချမ်းသာနေပြီဖြစ်တဲ့ ကမ္ဘာကျော်အနုပညာရှင်များ

အောင်မြင်ကြွယ်ဝချမ်းသာဖို့ဆိုတာ လုံးဝလွယ်ကူတဲ့အရာတခုတော့ မဟုတ်ခဲ့ပါဘူး။ တချို့သောလူတွေကတော့ ငယ်စဥ်ဘဝမှာ ဆင်းဆင်းရဲရဲရုန်းကန်ခဲ့ရပေမယ့် အသက်ကြီးလာတဲ့အခါမှာတော့ သူမတူအောင် ကြွယ်ဝချမ်းသာခဲ့ကြသူများလည်း ရှိပါတယ်။ ဒီတခါမှာတော့ ရွှေခေတ်ပရိတ်သတ်ကြီးအတွက် ငယ်စဥ်ဘဝက စားစရာမရှိ နေစရာမရှိခဲ့တဲ့ ဘဝကနေ အခက်အခဲများကို ကျော်ဖြတ်ပြီး အောင်မြင်ကျော်ကြားတဲ့ ဘဝကို အရယူနိုင်ခဲ့ကြတဲ့ လူတွေရဲ့ ဖြစ်ရပ်မှန်အကြောင်းကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ shwekhitonlinetv.com

၁။ Jim Carrey

The Mask ရုပ်ရှင်ဇာတ်ကားနဲ့ လူသိများတဲ့ ဟာသမင်းသား Jim Carrey ကိုတော့ အားလုံးသိကြမယ်ထင်ပါတယ်။ Jim ကျောင်းသားဘဝမှာ သူ့မိသားစုဟာ ငွေကြေးအဆင်မပြေမှုတွေနဲ့ စတင်ရင်ဆိုင်ခဲ့ကြရပါတယ်။ Jim ရဲ့အဖေ အလုပ်ပြုတ်ပြီးနောက်ပိုင်းမှာတော့ Jim တို့မောင်နှမတွေဟာ ကျောင်းမှာ အိမ်သာဆေး ကြမ်းတိုက် သန့်ရှင်းရေးလုပ်ပြီး ဝင်ငွေရှာခဲ့ကြရပါတယ်။ Jim တို့မိသားစုဟာ အိမ်ပုံစံဖွဲ့စည်းထားတဲ့ ကားလေးထဲမှာ အတော်ကြာကြာနေထိုင််ခဲ့ကြရပါတယ်။ Jim ကျောင်းပြီးသွားတဲ့အခါမှာတော့ စတီးလ်စက်ရုံမှာ ဝင်ရောက်လုပ်ကိုင်ခဲ့ပါသေးတယ်။ ၂၀၀၇ ခုနှစ်က သူ့ရဲ့ အင်တာဗျူးတခုမှာတော့ သူသာ အနုပညာလောကထဲကိုသာ မရောက်လာခဲ့ရင် အဆိုပါစက်ရုံမှာပဲ ဆက်လက်လုပ်ကိုင်ဖြစ်နေခဲ့မယ်လို့ ဆိုပါတယ်။ shwekhitonlinetv.com

၂။ Halle Berry

Halle Berry ဆိုတဲ့ အမေရိကန်သရုပ်ဆောင် မင်းသမီးကြီးကတော့ Catwoman ဇာတ်ကားအပါအဝင် နာမည်ကြီးဇာတ်ကားပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။​ Halle ရဲ့ ဘဝဟာလည်း ထင်သလောက်မလွယ်ကူခဲ့ပါဘူး။ သူမရဲ့ အဖေဟာ မိန်းမဖြစ်သူကို အမြဲလိုလို ရိုက်နှက်နေတတ်ပြီး Halle အသက် ၄ နှစ်မှာတော့ သူမတို့သားအမိနှစ်ယောက်ကို စွန့်ပြစ်ခဲ့ပါတယ်။ Halle ဟာငယ်စဥ်ကတည်းက ဇွဲကောင်းပြီး ရည်မှန်းချက်ကြီးတဲ့ မိန်းကလေးတယောက်ပဲ ဖြစ်ပါတယ်။ သူမကျောင်းတက်နေစဥ်တလျှောက်ကျင်းပတဲ့ အလှအပပြိုင်ပွဲများမှာ ဆုပေါင်းများစွာ ရယူနိုင်ခဲ့ပါတယ်။ shwekhitonlinetv.com

ဘွဲ့ရပြီးနောက်မှာတော့ နယူးယောက်မြို့ကို ပြောင်းရွှေ့လာခဲ့ပြီး ပိုက်ဆံပြတ်လတ်တဲ့အခါတွေမှာဆိုရင် အိမ်ခြေယာမဲ့တွေနေထိုင်ရာ အမိုးအကာတွေအောက်မှာ အိပ်စက်ခဲ့ရပါတယ်။ စားပွဲထိုးအလုပ်တွေ အရက်ဘားမှာ အရက်စပ်ပေးရတဲ့အလုပ်တွေကို လုပ်ကိုင်ခဲ့ပါတယ်။ ဇာတ်ကားတွေမှာ ပါဝင်နိုင်ဖို့အတွက် လူတွေ့စစ်ဆေးမှုများစွာ ဖြေဆိုရာမှာလည်း ငြင်းဆိုခံခဲ့ရပါသေးတယ်။ နောက်ဆုံးမှာတော့ သူမကို နာမည်ကြီးအနုပညာရှင်တယောက်ဖြစ်စေခဲ့တဲ့ “Living Dolls” ဆိုတဲ့ ဇာတ်ကားမှာ နေရာတနေရာ ရရှိခဲ့ပါတယ်။ ဘဝကို ခက်ခက်ခဲခဲဖြတ်သန်းခဲ့ပြီးနောက်မှာတော့ ကမ္ဘာကျော်အနုပညာရှင်အဖြစ် ဆုပေါင်းများစွာနဲ့အတူ အောင်မြင်မှုပေါင်းများစွာလည်း ရရှိနေပြီဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ Oprah Winfrey

နာမည်ကြီး အစီအစဥ်တင်ဆက်သူ Oprah Winfrey ကိုတော့ မသိသူမရှိဘူး ထင်ပါတယ်။ သူမရဲ့ ငယ်ဘဝကတော့ အရမ်းကိုကြမ်းတမ်းခဲ့ပြီး အဝတ်အစားဝယ်ဖို့အတွက် ပိုက်ဆံမရှိတာကြောင့် အာလူးအိတ်တွေကို အဝတ်အဖြစ် ဝတ်ဆင်ခဲ့ရပါတယ်။ သူမရဲ့ မိသားစုအတွင်းမှာလည်း ဆိုးဝါးမှုများစွာရှိခဲ့ပြီး သူမရဲ့ အဖွားဟာ သူမကို ဆုံးမဖို့အတွက်ဆိုကာ အမြဲလိုလို ရိုက်နှက်လေ့ရှိပါတယ်။ Oprah ဟာ သူမအသက် ၁၄ နှစ်အရွယ်မှာ ကိုယ်ဝန်ရရှိခဲ့ပြီး ကလေးလေးကတော့ မွေးဖွားပြီးနောက် သေဆုံးသွားခဲ့ပါတယ်။ shwekhitonlinetv.com

ရုပ်သံအစီအစဥ်တင်ဆက်သူအဖြစ် ငယ်စဥ်ကတည်းက ဗီဇပါလာခဲ့တဲ့ Oprah ဟာ ငယ်စဥ်က သစ်သားနဲ့ပြုလုပ်ထားတဲ့ အရုပ်ကလေးတွေကို အမေးအဖြေပြုလုပ်ပြီး အင်တာဗျူးလုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။ ပညာရေးကို အပတ်တကုတ်ကြိုးစားခဲ့ပြီး ဒေသတွင်းသတင်းထောက်တယောက်အဖြစ် စတင်လုပ်ကိုင်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ မယုံနိုင်စရာကောင်းလောက်အောင် နာမည်ကြီးအောင်မြင်ခဲ့တဲ့ “The Oprah Winfrey Show” ကို ဖန်တီးနိုင်ခဲ့ပါတယ်။ အခုချိန်မှာတော့ Oprah Winfrey ဟာ ပထမဆုံး လူမည်းအမျိုးသမီး ဘီလီယံနာတဦးဖြစ်လို့နေပါပြီ။ shwekhitonlinetv.com

၄။ Sylvester Stallone

Stallone လို့ အားလုံးခေါ်ဝေါ်ကြတဲ့ ဒီအက်ရှင်မင်းသားကြီးရဲ့ ငယ်ဘဝဟာလည်း မလှပခဲ့ပါဘူး။ သူမွေးဖွားစဥ်က မွေးဖွားပေးခဲ့သူတွေရဲ့ အမှားအယွင်းကြောင့် မျက်နှာမှာရှိတဲ့ အာရုံကြောတွေထိခိုက်မိခဲ့ပါတယ်။ အဆိုပါ ထိခိုက်မှုရဲ့ အကျိုးရလဒ်ကတော့ သူဟာ စကားလုံးတွေကို မှန်ကန်အောင်အသံမထွက်နိုင်တဲ့အပြင် မျက်နှာအကြောတွေလည်း တုံ့ဆိုင်းခဲ့ရပါတယ်။ ကျောင်းတက်နေစဥ်တလျှောက်မှာလည်း ကျောင်းသားအချင်းချင်းရဲ့ လှောင်ပြောင်အနိုင်ကျင့်ခြင်းကို ခံခဲ့ရပါသေးတယ်။ မင်းသားကြီး Stallone ဟာ တံခါးစောင့်အလုပ်တွေနဲ့ တိရစ္ဆာန်ရုံမှာ တိရစ္ဆာန်တွေနေထိုင်တဲ့ ဂူတွေကို သန့်ရှင်းလုပ်ရတဲ့ အလုပ်တွေကိုလည်း လုပ်ကိုင်ခဲ့ပါတယ်။ shwekhitonlinetv.com

အိမ်ငှားခမပေးနိုင်တာကြောင့် လမ်းဘေးမှာ ၃ပတ်လောက် အိပ်စက်ခဲ့ရဖူးပါတယ်။ ဒါ့ကြောင့် အိမ်ငှားခပေးနိုင်ဖို့အတွက် သူဟာ ၁၈နှစ်အထက် လူကြီးဇာတ်ကားကို ဒေါ်လာ ၂၀၀ နဲ့ ရိုက်ကူးပေးခဲ့ရဖူးပါတယ်။ သူ့ကို အခုလို အောင်မြင်ကျော်ကြားတဲ့ မင်းသားတလက်ဖြစ်စေခဲ့တဲ့ ” Rocky ” ဆိုတဲ့ ဇာတ်ကားရဲ့ ဇာတ်ညွှန်းကို Stallone ကိုယ်တိုင်ရေးသားခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီအချိန်က Stallone ဟာနာမည်ကြီးမင်းသား မဟုတ်ခဲ့တဲ့အတွက် ရုပ်ရှင်ထုတ်လုပ်သူတွေဟာ သူ့ကို မင်းသားအဖြစ် မရိုက်ချင်ခဲ့ကြပါဘူး။ ဒါပေမယ့် နောက်ဆုံးမှာတော့ Stallone ဟာအကျိုးအမြတ်အနည်းဆုံးယူခဲ့တာကြောင့် မင်းသားအဖြစ်ရိုက်ကူးခွင့် ရခဲ့ပါတယ်။ shwekhitonlinetv.com

၅။ Madonna

Pop လောကရဲ့ ဘုရင်မတဆူဖြစ်တဲ့ Madonna ကတော့ အခုချိန်ထိလည်း အောင်မြင်မှုတွေ ရရှိနေတုန်းပါပဲ။ သူမဟာ ငယ်စဥ်ဘဝကတည်းက အကပညာရှင်တဦးဖြစ်ချင်ခဲ့တာကြောင့် ၃၅ ဒေါ်လာတည်းနဲ့ နယူးယောက်မြို့ကြီးကို ပြောင်းရွှေ့လာခဲ့သူပါ။ အိမ်ခန်းငှားခပေးဖို့အတွက် ကြက်ကြော်ဆိုင်နဲ့ ဒိုးနတ်ဆိုင်တွေမှာ အလုပ်ဝင်ခဲ့ပေမယ့် သိပ်မကြာခင်မှာပဲ အလုပ်ပြုတ်ခဲ့ရပါတယ်။ အလုပ်ပြုတ်ရတဲ့အကြောင်းရင်းကတော့ Madonna ဟာ ကောင်တာမှာ ကနေတဲ့အချိန် မီးဖိုချောင်မှာ မီးလောင်ခဲ့ရတာကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် ရိုင်းစိုင်းတဲ့ စျေးဝယ်တဦးကိုလည်း ယိုတွေနဲ့ ပြစ်ပေါက်ခဲ့ပါသေးတယ်။ shwekhitonlinetv.com

နောက်ပိုင်းမှာတော့ အင်္ကျီဆိုင်ရဲ့ အဝတ်လဲခန်းတွေမှာ ထားခဲ့တဲ့ အဝတ်တွေကို ခေါက်သိမ်းရတဲ့ အလုပ်ကို လုပ်ကိုင်ခဲ့ပါတယ်။ သူမဟာ ကိုယ်လုံးဖော်ပြရတဲ့ မော်ဒယ်လ်အဖြစ်တောင် လုပ်ကိုင်ခဲ့ဖူးပါတယ်။ နယူးယောက်မြို့ရဲ့ အန္တရာယ်အများဆုံးနဲ့ စျေးအပေါဆုံးတိုက်ခန်းမှာ ငှားရမ်းနေထိုင်ဖူးခဲ့ပြီး အဆိုပါ နေရာမှာပဲ သူမဟာ လိင်ပိုင်းဆိုင်ရာအနိုင်ကျင့် တိုက်ခိုက်မှုကို ခံခဲ့ရပါတယ်။ ထို့နောက်မှာတော့ အဆိုတော်တယောက်အဖြစ် စတင်ခဲ့ပြီး အများနဲ့မတူတဲ့ ကိုယ်ပိုင်စတိုင်လ် ပုံစံတွေနဲ့ ထွက်ပေါ်လာခဲ့ပါတယ်။ shwekhitonlinetv.com

၆။ Charlie Chaplin

အဖြူအမည်းခေတ်ရဲ့ ဂန္တာဝင်ဟာသလူရွှင်တော် Charlie Chaplin ကိုတော့ ဘယ်သူမှ မေ့နိုင်မယ် မထင်ပါဘူး။ ၂၀ ရာစုနှစ် အကောင်းဆုံး ဟာသလူရွှင်တော် Charlie Chaplin ရဲ့ နာမည်အကြီးဆုံးဇာတ်ကောင်ကတော့ The Tramp ဆိုတဲ့ ဇာတ်လမ်းတိုလေးရဲ့ ဇာတ်ကောင်ဖြစ်ပါတယ်။ အဲ့ဒီဇာတ်ကောင်ဟာ Charlie Chaplin ရဲ့ ဝမ်းနည်းစရာကောင်းတဲ့ ဘဝဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတာပါ။​ Chaplin ဟာ အလွန်အင်မတန်ဆင်းရဲတဲ့ ဘဝကနေစခဲ့ရသူဖြစ်ပါတယ်။ အဖေဖြစ်သူဟာ သူ ငယ်စဥ်ကတည်းက သေဆုံးခဲ့ပြီး မိခင်ဟာလည်း စိတ်ရောဂါဝေဒနာကို ခံစားနေရသူပါ။ ငယ်စဥ်ကတည်းက အလုပ်မျိုးစုံ လုပ်ကိုင်ခဲ့ရပြီး သတင်းစာပို့သူ ဆရာဝန်အကူ စသဖြင့် လုပ်ကိုင်ခဲ့ပါတယ်။ shwekhitonlinetv.com

အသက် ၁၄ နှစ်မှာတော့ “Sherlock Holmes” ပြဇာတ်မှာ စာပို့သမားအဖြစ် စတင်သရုပ်ဆောင်ခဲ့ပါတယ်။ သနားစရာကောင်းတဲ့ Chaplin ဟာ ငယ်စဥ်က ကျောင်းမနေခဲ့ရတာကြောင့် ပြဇာတ်ရဲ့ ဇာတ်ညွှန်းရရှိချိန်မှာတောင် ဇာတ်ညွှန်းကို မဖတ်တတ်ခဲ့ပါဘူး။ ဒါ့ကြောင့် Chaplinရဲ့ အကိုဟာ ဇာတ်ညွှန်းကို ဖတ်ပြခဲ့ရပါတယ်။ ဒီလိုအခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ရပေမယ့်လည်း မဆုတ်မနစ်ကြိုးစားခဲ့တဲ့ Chaplin ကတော့ နောက်ဆုံးမှာ လူတိုင်းရဲ့စိတ်နှလုံးကို သိမ်းပိုက်နိုင်ခဲ့တဲ့ ဂန္တာဝင်ဟာသလူရွှင်တော်ဖြစ်လာခဲ့ပါတယ်။ shwekhitonlinetv.com

၇။ Eminem

Rap လောကရဲ့ သမိုင်းတခေတ်ကို ဖြစ်ပေါ်စေခဲ့တဲ့ အမေရိကန်ရက်ပါ Eminem ကို အားလုံးသိကြမယ် ထင်ပါတယ်။ Eminem ဟာ အိမ်ယာမဲ့တယောက်မဖြစ်ခဲ့ပေမယ့် သူ့ရဲ့ ငယ်ဘဝဟာ ဆင်းရဲပြီး ကြမ်းတမ်းလွန်းခဲ့ပါတယ်။ သူ့အဖေဟာ သူ့ကိုမွေးပြီးပြီးချင်းမှာပဲ မိသားစုကို စွန့်ခွာခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက Eminem ရဲ့ မိခင်ဟာ အသက် ၁၈ နှစ်ပဲ ရှိသေးပြီး သားအမိနှစ်ယောက်ဟာ ပိုမိုကောင်းမွန်တဲ့ ဘဝကို ရရှိဖို့အတွက် နေရာစုံလှည့်လည်နေထိုင်ခဲ့ကြပါတယ်။ shwekhitonlinetv.com

နောက်ဆုံးမှာတော့ Detroit ဆိုတဲ့ နေရာမှာ အခြေချခဲ့ပြီး အဆိုပါ နေရာဟာ လူမည်းတွေအများဆုံးနေထိုင်ရာ ဒေသတခုလည်း ဖြစ်ပါတယ်။ အဆိုပါ ခေတ်အခါကာလမှာ လူဖြူတွေဟာ Rap ဂီတကို သီဆိုခြင်း မရှိသေးပါဘူး။ ဒါ့ကြောင့် Eminem ဟာ သူ့ရဲ့ rap ဂီတအပေါ်ရူးသွပ်ခြင်းကို လှောင်ပြောင်ခံခဲ့ရပြီး သူ့ရဲ့ စိတ်ဝင်စားမှုကို ဘယ်သူကမှ အသိအမှတ်မပြုခဲ့ကြပါဘူး။ ဒါပေမယ့် Rap ရွတ်ပြိုင်ပွဲတွေမှာ Eminem ဟာ ပါဝင်ယှဥ်ပြိုင်ခဲ့ပြီး လူအများရဲ့ လက်ခံအားပေးခြင်းကို ခံခဲ့ရပါတယ်။ ယခုချိန်မှာတော့ သူဟာ ကမ္ဘာ့ရောင်းအားအကောင်းဆုံး ရက်ပ်ပါတွေထဲက တစ်ယောက်ဖြစ်ခဲ့ပြီပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။