ကမ္ဘာပေါ်ကအမြင့်ဆုံးနေရာတွေမှာ တည်ရှိနေတဲ့မြို့တော် (၁၀) ခု

ရွှေခေတ်ပရိသတ်တွေအတွက် အခုတစ်ခေါက်ဖော်ပြပေးချင်တာကတော့ ကမ္ဘာပေါ်ကအမြင့်ဆုံးနေရာတွေမှာ တည်ရှိနေတဲ့မြို့တော် (၁၀) ခုအကြောင်းပဲဖြစ်ပါတယ်။ ဘယ်နိုင်ငံကမြို့တော်တွေဖြစ်မလဲဆိုတာ ဆက်လက်ဖတ်ရှုလေ့လာကြည့်ရအောင်နော် ….. shwekhitonlinetv.com

၁၀။ Puebla – Mexico

မက္ကဆီကိုနိုင်ငံမှာရှိတဲ့ ပွေးဘလာမြို့ (Puebla City) ကတော့ လူဦးရေ (၆.၅) သန်းကျော်နေထိုင်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် (၂,၁၇၆) မီတာ အမြင့်မှာတည်ရှိတဲ့မြို့ဖြစ်ပါတယ်။ shwekhitonlinetv.com

၉။ Xining – China

တရုတ်နိုင်ငံအရှေ့ပိုင်းက ရှီးနင်မြို့ (Xining City) ကတော့လူဦးရေ (၂.၄) သန်းကျော်နေထိုင်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် (၂,၂၉၉) မီတာအမြင့်မှာတည်ထားတဲ့မြို့တစ်မြို့ဖြစ်ပါတယ်။ shwekhitonlinetv.com

၈။ Sana’s – Yemen

ယီမင်နိုင်ငံ အနောက်ပိုင်းမှာတည်ရှိတဲ့ ဆာနားမြို့ (Sana’s City) ကတော့ လူဦးရေ (၂.၅) သန်းကျော်နေထိုင်တဲ့မြို့ကလေးဖြစ်ပါတယ်။ ဒီမြို့ဟာ ပင်လယ်ရေမျက်နှာပြင်အထက် (၂,၃၁၆) မီတာအမြင့်မှာတည်ရှိတာကြောင့် ဒီစာရင်းရဲ့ နံပါတ် (၈) နေရာမှာရပ်တည်နေတာဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ Mexico City – Mexico

မက္ကဆီကိုနိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ မက္ကဆီကိုစီးတီး (Mexico City) ကတော့လူဦးရေထူထပ်သိပ်သည်းတဲ့မြို့တစ်မြို့ဖြစ်ပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက်အမြင့် (၂,၃၁၆) မီတာမှာတည်ရှိပေမယ့် ဒီမြို့မှာနေထိုင်တဲ့လူဦးရေကတော့ (၉) သန်းကျော်ပါတယ်။ shwekhitonlinetv.com

၆။ Addis Ababa – Ethiopia

အဒစ်အဘာဘာမြို့ (Addis Ababa) ကတော့ အာဖရိကတိုက်က အီသီယိုးပီးယားနိုင်ငံရဲ့မြို့တော်ဖြစ်ပါတယ်။ အီသီယိုးပီးယားနိုင်ငံရဲ့ အလယ်ဗဟိုချက်တည့်တည့်မှာတည်ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် (၂,၃၆၁) မီတာမှာတည်ရှိပါတယ်။ shwekhitonlinetv.com

၅။ Bogota – Colombia

ကိုလံဘီယာနိုင်ငံရဲ့မြို့တော် ဘိုဂိုတာ (Bogota) ကတော့ ပင်လယ်ရေမျက်နှာပြင်အထက် (၂,၆၀၁) မီတာ အမြင့်က တောင်တန်းပေါ်မှာတည်ထားတဲ့မြို့ဖြစ်ပါတယ်။ မြို့နေလူဦးရေကတော့ (၈) သန်းကျော်ရှိပါတယ်။ shwekhitonlinetv.com

၄။ Cochabamba – Bolivia

တောင်ကုန်းတောင်တန်းထူထပ်ပေါများလှတဲ့ ဘိုလီးဗီးယားနိုင်ငံက ကိုချာဘန်ဘာမြို့ (Cochabamba City) ကတော့ ပင်လယ်ရေမျက်နှာပြင်အထက် (၂,၆၂၁) မီတာအမြင့်မှာတည်ရှိတာဖြစ်ပါတယ်။ ဒီမြို့မှာနေထိုင်တဲ့လူဦးရေကတော့ (၈.၅) သိန်းကျော်ရှိပါတယ်။ shwekhitonlinetv.com

၃။ Toluca – Mexico

မက္ကဆီကိုနိုင်ငံအလယ်ပိုင်းက တော်လူကာမြို့ (Toluca City) ကတော့ရှေးဟောင်းမြို့တစ်မြို့ဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် (၂,၆၄၈) မီတာအမြင့်မှာတည်ရှိတာပါ။ ဒီမြို့မှာနေထိုင်သူဦးရေကတော့
(၉) သိန်းကျော်ရှိပါတယ်။ shwekhitonlinetv.com

၂။ Quito – Ecuador

အီကွေဒေါနိုင်ငံရဲ့မြို့တော်ဖြစ်တဲ့ ကွီတိုမြို့ (Quito City) ကတော့ပင်လယ်ရေမျက်နှာပြင်အထက် (၂,၇၈၄) မီတာအမြင့်မှာတည်ရှိပြီး ကမ္ဘာပေါ်မှာဒုတိယအမြင့်ဆုံးမြို့တစ်မြို့ဖြစ်ပါတယ်။ ဒီမြို့မှာတော့ စုစုပေါင်းလူဦးရေ (၂.၈) သန်းကျော်နေထိုင်လျက်ရှိပါတယ်။ shwekhitonlinetv.com

၁။ La Paz – Bolivia

ကမ္ဘာပေါ်မှာအမြင့်ဆုံးဖြစ်တဲ့မြို့တော်ကတော့ တောင်အမေရိကတိုက်က ဘိုလီးဗီးယားနိုင်ငံရဲ့ မြို့တော် လာပက်ဇ်မြို့ (La Paz City) ပဲဖြစ်ပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် (၃,၈၆၉) မီတာအမြင့်မှာတည်ရှိတာတဲ့ လာပက်ဇ်မြို့မှာ လာရောက်ပြီး ဘောလုံးကန်တဲ့ ဧည့်သည်နိုင်ငံဘောလုံးအသင်းတွေအနေနဲ့ အောက်ဆီဂျင်လုံလောက်စွာ မရရှိဘဲ အသက်ရှုမဝဖြစ်ကြရတာကတော့ လာပက်မြို့ရဲ့ Trademark တစ်ခုလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။