ဒုတိယကမ္ဘာစစ်ကြီး (၁၉၃၉-၁၉၄၅) အတွင်းက ပြောစမှတ်တွင်ခဲ့ရတဲ့ ဓာတ်ပုံလေးတွေ

အခုတစ်ခေါက်မှာတော့ရွှေခေတ်ပရိသတ်တွေအတွက် ဒုတိယကမ္ဘာစစ်ကြီး (၁၉၃၉-၁၉၄၅) အတွင်းက ပြောစမှတ်တွင်ခဲ့ရတဲ့ ဓာတ်ပုံလေးတွေကို ဗဟုသုတအဖြစ်ကြည့်ရှုလေ့လာလို့ရအောင် ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော် ….. shwekhitonlinetv.com

၁။ ရန်သူများကိုလှည့်ဖြားရန်ဖန်တီးထားတဲ့ ပြောင်မြောက်သောနည်းဗျူဟာထဲမှတစ်ခုဖြစ်သည့် လေထိုးထားသော Sherman တင့်ကား။ shwekhitonlinetv.com

၂။ ဒုတိယကမ္ဘာစစ်မှခွေးလေးတွေဟာလည်း လူသားတွေနဲ့အတူရန်သူ့နယ်မြေထဲကိုအတူတကွလိုက်ပါ လေထီးခုန်ဆင်းချရပြီး မိုင်းများကိုအနံ့ခံရပါတယ်။ သူတို့လေယာဉ်ပေါ်ကခုန်ချဖို့အတွက်ကိုတော့ အသားတုံးကြီးတွေနဲ့ သွေးဆောင်ရပါတယ်။ shwekhitonlinetv.com

၃။ နေ့ခင်းဘက် ဓာတ်ပုံကင်းထောင်မစ်ရှင်တွေမှာအသုံးပြုတဲ့ Spitfire လေယာဉ်များကို အပြာရောင်ဆေးခြယ်ထားသော်လည်း ညနေစောင်း (သို့မဟုတ်) အာရုံတက်ချိန်တွင် အပြင်ထွက်မယ့် Spitfire လေယာဉ်တွေကိုတော့ ကောင်းကင်အရောင်နဲ့ရောယှက်နေစေဖို့ ပန်းရောင်ဆေးခြယ်ထားပါတယ်။ shwekhitonlinetv.com

၄။ ဗြိတိန်ရဲ့ SOE (Special Operations Executive) အေးဂျင့်တွေအနေနဲ့ အာရှပစိဖိတ်ဒေသက ကမ်းခြေတွေမှာသွားလာတဲ့အခါ ခြေရာအတုအဖြစ်အသုံးပြုတဲ့အရာများ။ ဒီလိုပြုမူခြင်းအားဖြင့် ၎င်းတို့ရဲ့ခြေရာတွေကို ဂျပန်တွေအနေနဲ့ ခြေဗလာနဲ့သွားတဲ့ဒေသခံတွေလို့ထင်မှတ်မှားစေပါတယ်။ shwekhitonlinetv.com

၅။ စစ်ပွဲအတွင်းဟမ်းဘတ်မြို့ရဲ့ လမ်းတွေပေါ်မှာပျက်စီးသွားတဲ့ကားများကို လိုက်လံရှင်းလင်းနေသည့် ဆပ်ကပ်ထဲကဆင်ကလေးများဖြစ်တဲ့ Kiri နှင့် Many ။ ဒီဆင်လေးတွေကို အခုလိုရှင်းလင်းရေးလုပ်ငန်းတွေလုပ်ဖို့ အရပ်ဘက်အာဏာပိုင်တွေက အသုံးပြုခဲ့တာပါ။ shwekhitonlinetv.com

၆။ HMS Vansittart တိုက်ခိုက်ရေးသင်္ဘောရဲ့ လာဘ်ကောင်အဖြစ်အမြဲခေါ်ဆောင်သွားလေ့ရှိတဲ့ ခွေးဘီလူးမလေး ဗီးနပ်စ် (Venus) ။ shwekhitonlinetv.com

၇။ ညအချိန်မှာအလွယ်တကူမြင်ရနိုင်စေရန်နဲ့ လမ်းပေါ်တွင်သွားလာပါက ကားမတော်တဆဖြစ်မှုမှကင်းဝေးစေရန် နွားတွေရဲ့ကိုယ်ပေါ်မှာအခုလိုမျိုးဆေးခြယ်ထားကြပါတယ်။ shwekhitonlinetv.com

၈။ HMS Godavari သင်္ဘောပေါ်တွင်ကြွက်ခုတ်ပြီး အနားယူနေသော ပါရှန်းကြောင်လေးတစ်ကောင်။ shwekhitonlinetv.com

၉။ ဒုတိယကမ္ဘာစစ်အတွင်းကလေးများဝတ်ဆင်ရန် ဒီဇိုင်းထုတ်ထားသည့် ရောင်စုံမစ်ကီမောက်စ် ဓာတ်ငွေ့ကာမျက်နှာဖုံး။ ကလေးများမျက်နှာဖုံးကိုမကြောက်လန့်စေဖို့အတွက် ရည်ရွယ်ပြီးအခုလိုမျိုး ဒီဇိုင်းထုတ်ထားတာဖြစ်ပါတယ်။ shwekhitonlinetv.com

၁၀။ ၁၉၄၀ ခုနှစ်အတွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲများကြောင့်လန်ဒန်အရှေ့ပိုင်းဆင်ခြေဖုံးအရပ်မှ အိုးမဲ့အိမ်မဲ့ ဖြစ်သွားခဲ့ရတဲ့ ကလေးငယ်များ။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။